သင်္ကြန် မဏ္ဍပ် ဆောက်လုပ်လို သူများအတွက် အချိန် စောစောပေးမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြား

သင်္ကြန် မဏ္ဍပ် ဆောက်လုပ်လို သူများအတွက် အချိန် စောစောပေးမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြား
February 23, 2017 Asian Fame

11:48 am
သင်္ကြန် မဏ္ဍပ် ဆောက်လုပ်လို သူများအတွက် အချိန် စောစောပေးမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြား

IMG_0039(ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁)

ယခုနှစ်သင်္ကြန်တွင် မဏ္ဍပ်ဆောက် လုပ်သူများ အနေဖြင့် ယမန်နှစ် ကကဲ့သို့ ဈေးကြီးပေး မြေငှား၍ လက်မှတ်ရောင်း ရသည့် အခြေအနေမျိုး မရောက်ရန် အ ချိန်စောစော ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်း က ပြော သည်။

”သင်္ကြန် အစည်းအဝေးမှာ ပြင်ဆင် နေပြီ ဖြစ်ပါတယ်။ သင်္ကြန်ကိုလည်း အချိန် စောစော ပေးချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အနုပညာသည် တွေအတွက် လည်း စာချုပ်စာတမ်း ချုပ်ဆိုရမယ် ဆို တော့ သူတို့ရဲ့ဘဝ ရပ်တည်ရေး အတွက် ဒီလို ပွဲတော်ကြီးတွေ ကျမှ သူတို့ပိုက်ဆံရ တာဖြစ်ပါတယ်။ ဒီအတွက်လည်း အဆင် ပြေချောမွေ့အောင်ပါ။ တည်ဆောက်ရေး လုပ်မယ် ဆိုတဲ့ သူတွေ အတွက်လည်း မနှစ် ကလိုမျိုးပေါ့။ မြေတွေကို ဈေးကြီးတွေနဲ့ ငှား၊ ငှားပြီးတော့မှ လက်မှတ် ရောင်းစား ရတာမျိုး မဖြစ်အောင် ကျွန်တော်တို့ ကြိုး စားပြင်ဆင် ဆောင်ရွက်နေပါတယ်” ဟု ၄င်းက ပြောသည်။

တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦး ဆောင်သော ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့သည် ဖေဖော်ဝါရီ ၁၇ ရက်နေ့က တိုင်းအစိုးရ ရုံးတွင် YBS ယာဉ်လိုင်းများ နှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတစ် ရပ် ပြုလုပ်ခဲ့ပြီး ယင်းနေ့က သင်္ကြန် ကိစ္စရပ် နှင့် ပတ်သက်ပြီး တစ်ဆက်တည်း ပြော ကြားခဲ့ခြင်းဖြစ်သည်။

သင်္ကြန်ပွဲတော်ကို စနစ်တကျ ကျင်းပ နိုင်ရန် စီစဉ်နေပြီ ဖြစ်ပြီး အများပြည်သူ အတွက် ပြုလုပ်ပေးရန် ရှိကြောင်း၊ ခရိုင် လေး ခရိုင်တွင် မဏ္ဍပ်ကြီး လေးခုနှင့် ဗဟို မဏ္ဍပ်တို့ဖြင့် ပြည်သူ ပူးပေါင်း ပါဝင်သော သင်္ကြန်ဖြစ်ရန် စီစဉ်ထားကြောင်း ဦးဖြိုး မင်းသိန်းက ပြောသည်။

ထို့အပြင် သင်္ကြန်ကာလ အတွင်း ရန် ကုန်မှနယ်မြို့များသို့ ပြန်ကြမည့် သူများအ တွက်လည်း ခရီးသွားနှုန်းထား ဈေးနှုန်းများ ကို တိုးကောက်ခံရမှု မရှိစေရန် ကြိုးစား ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

”ရန်ကုန်ကို လာပြီး အလုပ်လုပ်သူတွေ က သင်္ကြန် နီးလာလို့ ရှိရင် နယ်တွေကိုပြန် ကြပါတယ်။ ပြန်တဲ့နေရာမှာ အခက်အခဲ နည်းနည်း ကြုံပါတယ်။ အဲဒါ ဘာလဲဆို တော့ ယာဉ်လိုင်းတွေ တော်တော် များများ မှာရှိတဲ့ ကားနဲ့ မကာမိအောင် လူတွေက အဲဒီကာလမှာ ပြန်ကြပါတယ်။ ဒါပေမယ့် ဈေးနှုန်း ကိုတော့ တိုးမကောက်ခံ ရအောင် ကျွန်တော်တို့ ကြိုးစားသွားမယ်။ အခြား မီးရထား၊  လေယာဉ် တို့နဲ့ပါ အဆင်ပြေ ချောမွေ့အောင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောဆိုထားသည်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*