သတင်းစာပညာရှင် ဟံသာဝတီ ဦးအုန်းကြိုင် နှင့် တွေ့ဆုံခြင်း

သတင်းစာပညာရှင် ဟံသာဝတီ ဦးအုန်းကြိုင် နှင့် တွေ့ဆုံခြင်း
February 23, 2017 Asian Fame

4:32 pm
သတင်းစာပညာရှင် ဟံသာဝတီ ဦးအုန်းကြိုင် နှင့် တွေ့ဆုံခြင်း

Hantharwaddy U Ohm Kyine copy

အိ မ် စ ည် စိုး စံေ တွ့ ဆုံ သ ည်

သတင်းမီဒီယာသမိုင်းကြောင်း တစ်လျှောက်တွင် ကြီးကျယ်ခမ်း နားသည့် စာတမ်းဖတ်ပွဲများဟူ၍ ကျင်းပခဲ့ခြင်းမရှိသေးပေ။ ထိုကြောင့် ပင် တတိယအကြိမ်မြောက် သတင်းစာပညာရှင်များ သက်ကြီး ပူဇော်ပွဲတွင် ကန်တော့ခံသက်ကြီး သတင်းစာပညာရှင် ဟံသာဝတီ  ဦးအုန်းကြိုင်က သတင်းမီဒီယာ ဆိုင်ရာ စာတမ်းဖတ်ပွဲများ ကျင်းပ ပေးရန်တိုက်တွန်းခဲ့ရာ ရန်ကုန် တိုင်းဒေသကြီး မြို့တော်ဝန်က ပြုလုပ်ပေးရန် ကူညီသွားမည်ဟု ပြန်လည်ပြောကြားခဲ့သည်။ ထိုမှ စတင်ခဲ့သည့် ‘မြန်မာနိုင်ငံ သတင်း မီဒီယာစာတမ်းဖတ်ပွဲ’သည်မတ်လ တွင် အကောင်အထည် ပေါ်လာ တော့မည်ဖြစ်သည်။

ထို့အတွက် ပြင်ဆင်မှုများ လည်း ပြုလုပ်နေပြီဖြစ်ရာ စာ တမ်းဖတ်ပွဲ ကျင်းပရေး ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် ဟံသာဝတီ ဦးအုန်းကြိုင်နှင့် စာတမ်း ဖတ်ပွဲနှင့်ပတ်သက်သည့် အကြောင်း အရာများကို မေးမြန်းဖော်ပြပေး လိုက်ပါသည်။

သက်ကြီးပူဇော်ပွဲမှာတုန်းက ဘဘ တောင်းဆိုခဲ့တဲ့ သတင်းမီဒီယာ စာတမ်းဖတ်ပွဲက လက်တွေ့ ဖြစ် လာတော့မယ်ဆိုတော့ အဲဒီအပေါ် ခံစားချက်ကိုလည်း ပြောပြပေး ပါဦး။

ဝမ်းသာတာပေါ့။ မြန်မာပြည် သတင်းမီဒီယာ သမိုင်းနဲ့ပတ်သက် လို့ ဒီလို ခမ်းခမ်းနားနားကြီးကြီး ကျယ်ကျယ် တစ်ကြိမ်မှမလုပ်ခဲ့ဘူး။ မဆလအစိုးရ ခေတ်မှာတုန်းက သတင်းစာဆရာ အသင်းတို့ ဘာ တို့ပေါင်းစည်းထားတဲ့ စာနယ်ဇင်း အဖွဲ့ကကြီးမှူးပြီးတော့ စာပေ ဗိမာန်အပေါ်ထပ်အခန်းမှာ စာ တမ်းတွေဖတ်ကြတယ်။ စာအုပ် တွေ ရိုက်ပြီးထုတ်ကြတယ်။ ဒီ အဆင့်လောက်ပဲ ရှိတယ်။ အဘ ဖြစ်ချင်တာက တစ်တိုင်းတစ်ပြည် လုံးနဲ့သက်ဆိုင်တဲ့ နောင်သတင်း သမားတွေ၊ သတင်းထောက်ဖြစ်လာ မယ့်လူငယ်တွေအတွက် လက်ဆင့် ကမ်းနိုင်တဲ့သမိုင်းတစ်လျှောက်ကို ပြန်အပ်နှင်းချင်တာပါ။ အဲ့ဒါ အတွက် အဘက ဆန္ဒပြုတော့ မြို့တော်ဝန်က ကူညီမယ်ဆိုပြီး ပြောတော့အဘဝမ်းသာသွားတယ်။ တစ်နေ့ကလည်း ပြည်ထောင်စု လွှတ်တော်မှာ သူရဦးရွှေမန်းတို့နဲ့ တွေ့တယ်။ အဲဒီမှာလည်း သူရ ဦးရွှေမန်းကို အဘအလှူခံတယ်။ သိန်း ၁ဝဝအလှူခံတယ်။ လှူမယ် လို့လည်း ပြောပါတယ်။ ခမ်းခမ်း နားနား ကြီးကြီးကျယ်ကျယ် လုပ် နိုင်အောင်ပါ။ နောင်လာ နောက် သားတွေအတွက် လမ်းခင်းတာပါ။

ဒီစာတမ်းဖတ်ပွဲအတွက် ပြင်ဆင် နေမှုအပိုင်းကိုလည်း သိချင်ပါ တယ်ရှင်။

ဒီပွဲမှာ သတင်းမီဒီယာကောင် စီက ကြီးကြပ်ပြီးလုပ်မယ်။ စာ တမ်းတွေစရေးနေကြပါပြီ။ မီဒီ ယာနဲ့ ပတ်သက်တဲ့ စာတမ်းတွေ ချည်းပါပဲ။ အဘက သတင်းမီဒီယာ သမိုင်းကိုရေးပါမယ်။ စုစုပေါင်းက စာတမ်း ၁၂ စောင်လောက်တက် လာ မှာပါ။ လုပ်မှာက မတ်လ ၁၈ ရက်နဲ့ ၁၉ ရက် နှစ်ရက်တည်းလုပ် သွားမှာပါ။ မြို့တော်ခန်းမအောက် ထပ်မှာလည်းသတင်း မီဒီယာဆိုင် ရာ ပြခန်းတွေလုပ်သွားမှာပါ။ မြို့တော်ခန်းမရှေ့က ဗန္ဓုလပန်းခြံ မှာလည်း စာအုပ်ဈေးရောင်းပွဲ တော် လုပ်ပါမယ်။ ခမ်းခမ်းနား နားဖြစ်အောင်လို့ ကြိုးစားသွားမှာ ပါ။ ဒီစာတမ်းဖတ်ပွဲမှာ ဘဘဖတ် မယ့်စာတမ်းက မြန်မာနိုင်ငံ သတင်းမီဒီယာသမိုင်းပါ။ ဒီ သမိုင်းက ဒီခေတ်ကသူတွေကို လက်ဆင့်ကမ်းမယ့် သမိုင်းပါ။ ဒါ ဟာ မှတ်တိုင်လည်းဖြစ်မယ်။ မြန် မာ သတင်းစာသမိုင်းကို အားလုံး ထဲထဲဝင်ဝင် သိလာမယ်။ ဖတ်မယ့် စာတမ်းတွေကိုလည်း အားလုံးကို ဝေပါမယ်။ စာအုပ်လည်း ထုတ်ပြီး ရောင်းမယ်။

စာတမ်းဖတ်ပွဲ ကျင်းပမယ့်နေရာက ရန်ကုန်မြို့တော်ခန်းမမှာလုပ်သွား မှာဆိုတော့ ဒီနေရာရဲ့သတင်းမီဒီ ယာနဲ့ပတ်သက်တဲ့ အမှတ်တရ တွေလည်း အနည်းငယ်လောက် ပြန်ပြောင်းပြောပြပေးပါဦးရှင်။

မြို့တော်ဝန်ကလည်း ပြောပါ တယ်။ မြို့တော်ခန်းမဆိုရင် ပြည်သူတွေ မလာမှာစိုးတယ်။ မြို့ တော်ခန်းမကြီးဟာ ဗိုလ်ချုပ် အောင်ဆန်း အကြိမ်ကြိမ်ခြေချ သွားတဲ့ ဘူမိနက်သန်ဖြစ်တယ်။ နောက်တစ်ချက် ဗိုလ်ချုပ်လွတ် လပ်ရေး သွားတောင်းဆိုတယ်။ ရလာတယ်။ ပြည်သူတွေက ဒီမြို့ တော်ခန်းမအပေါ်ကနေ မိန့်ခွန်း ပြောတယ်။ ပန်းခြံထဲမှာ၊ လမ်းမ ကြီးပေါ်မှာ၊ ဆူးလေဘုရားပေါ် မှာ လူတွေကိုခဲနေတာပဲ။ အဲဒီလို သမိုင်းကြောင်း ကောင်းတယ်။ နောက်ပြီးတော့ ဒီနေရာမှာပဲ အစည်းအဝေးတွေ အကြိမ်ကြိမ် လုပ်သွားတယ်။ ဒီလို သမိုင်း ကြောင်း ရှိတယ်။ အဘတို့တွေနဲ့ နောက်တစ်ချက်က တိုက်ရိုက် သက်ဆိုင်တာ ၁၉၄၈ လွတ်လပ် ရေး မရခင်ကတည်းက ဗိုလ်ချုပ် လှုပ်ရှားသမျှ အဘတို့ သတင်းစာ သမားတွေပါတယ်။ ဗိုလ်ချုပ်က အဲဒီတုန်းက မြို့တော်ဝန်ဦးဘစိုးကို သတင်းထောက်တွေအတွက်နေ ရာပေးပါလို့တောင်းဆိုခဲ့တဲ့အတွက် ဘားလမ်းဘက်ကအခြမ်းက မြို့ တော်ခန်းမရဲ့ အခန်းအကျယ်ကြီး ရပါတယ်။ အဲဒီမှာ သတင်းထောက် တွေရဲ့ ဆွေးနွေးပွဲတွေ ဘာတွေ အဲဒီမှာပဲလုပ်ပါတယ်။ ဆိုတော့ မြို့တော်ခန်းမဆိုတာက သတင်း ထောက်တွေ သတင်းစာသမား တွေနဲ့ အစဉ်အလာရှိပြီးသား။ သမိုင်းရှိပြီးသား။ မစိမ်းဘူး။ အဲဒီ လို မြို့တော်ဝန်ကိုပြောလိုက်တော့ ပွဲမှာလည်း အဲဒါထည့်ပြောပေးပါ ဆိုပြီး ပြောထားတာလည်းရှိတယ်။

ဟုတ်ကဲ့ ဘဘက ၁၉၄၅ မှာ သတင်းစာလောကထဲ စတင်ဝင် ရောက်လာခဲ့တယ်။ လက်ရှိလည်း ဒီလောကထဲမှာရှိနေတုန်းဆိုတော့ မျိုးဆက်သစ်တွေအတွက် ပြော ချင်တာများရှိရင်လည်း ပြောပေး ပါဦးရှင်။

သတင်းစာ လောကသားတွေ ဟာ တစ်ယောက်တစ်ယောက် မနာလိုမုန်းတီးတဲ့စိတ်တွေကို ဖယ် ပြီးတော့ ချစ်ချစ်ခင်ခင်နေပါ။ သတင်းရယူတဲ့နေရာမှာ သတင်း ဖော်ပြတဲ့နေရာမှာ ပြိုင်ဆိုင်မှုရှိ ကြပါတယ်။ အထူးသဖြင့် သတင်း ထောက်တိုင်းသည် ကိုယ့်သတင်း ကှိုStory စ ရေးချင်ကြပါတယ်။ အဲဒါတွေအတွက် တစ်ယောက်နဲ့ တစ်ယောက် မကျေနပ်ဖြစ်ပြီး အငြိုးထားတာမဖြစ်ပါစေနဲ့။ ညီညီ ညွတ်ညွတ်လုပ်ကြရင် တို့သတင်း စာလောကကြီး အောင်မြင်ထွန်း ကားလာပါမယ်။ သတင်းစာဆရာ ဆိုပြီးတော့ မာန်မာနတွေတက်ပြီး တော့ ငါမှငါပဲဆိုရင် သတင်းစာ လောကကိုဘယ်သူမှ လေးစားမှာ မဟုတ်ပါဘူး။ ပြည်သူက လေးစား အောင်၊ ပြည်သူနဲ့ ချစ်ကြည်မှုရ အောင် သတင်းသမားတိုင်းကြိုးစား ဖို့လိုမယ်လို့ ဘဘထင်တယ်။

ကျေးဇူးတင်ပါတယ်ရှင်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*