ပဲခူးတိုင်း အတွင်း ဟိုတယ်ဇုန်ပြုလုပ်ရန် တိုင်းအစိုးရသို့ တင်ပြ တောင်းဆိုထား

ပဲခူးတိုင်း အတွင်း ဟိုတယ်ဇုန်ပြုလုပ်ရန် တိုင်းအစိုးရသို့ တင်ပြ တောင်းဆိုထား
February 23, 2017 Asian Fame

3:54 pm
ပဲခူးတိုင်း အတွင်း ဟိုတယ်ဇုန်ပြုလုပ်ရန် တိုင်းအစိုးရသို့ တင်ပြ တောင်းဆိုထား

(ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁)

ပဲခူးမြို့တွင် ဟိုတယ် လုံလောက်မှုရှိ စေရန်အတွက် ရည်ရွယ်ပြီး ဟိုတယ်ဇုန် ဖော်ဆောင်ရန် ပဲခူးတိုင်း အစိုးရအဖွဲ့သို့ တင်ပြ တောင်းဆိုထားကြောင်း ပဲခူးမြို့ဟို တယ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

”ပဲခူးမှာက အခြားမြို့တွေမှာလို ဟို တယ်ဇုန် မရှိဘူး။ ပြီးရင်ဟိုတယ် အခန်းက လည်း လုံလုံလောက်လောက် မရှိဘူး။ နိုင်ငံ ခြားသားတွေ တည်းခိုနိုင်လောက်တဲ့ အ ဆင့်မြင့် ဟိုတယ်တွေလည်း မရှိသေးဘူး။ ဒါကြောင့် ဟိုတယ်ဇုန် တစ်ခု ဖော်ဆောင် သွားမှာပါ”ဟု ပဲခူးမြို့ဟိုတယ် လုပ်ငန်းရှင် များ အသင်းဥက္ကဋ္ဌ ဦးစန်းလွင် ကပြောသည်။

လက်ရှိတွင် ဟိုတယ် လုပ်ငန်းရှင်များ အသင်းက ပဲခူးဟိုတယ်ဇုန် ဖော်ဆောင်ရန် အတွက် မြေနေရာကို ရှာဖွေလျက်ရှိပြီး မြေ နေရာရရှိပါက ပဲခူးတိုင်း အစိုးရအဖွဲ့သို့ တင်ပြကာ ဟိုတယ်ဇုန်ကို ဖော်ဆောင်တော့ မည် ဖြစ်ကြောင်း ၄င်းက ပြောသည်။

”နောက်ထပ် ခြောက်လလောက်အ တွင်းမှာတော့ စပြီး လုပ်နိုင်လောက်ပါ တယ်။ ဒီနှစ်ထဲမှာ စလုပ်ဖြစ်မှာ”ဟု ဦးစန်း လွင်က ပြောသည်။

ဟိုတယ်ဇုန် မြေနေရာကို နိုင်ငံခြား သား ဧည့်သည် များအတွက် အဆင်ပြေစေ မည့် နေရာနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် ကိုက်ညီသော မြေနေရာကို ရွေးချယ် သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

လက်ရှိတွင် ပဲခူးမြို့၌ ဟိုတယ်အ လုံး၂ဝ နှင့် တည်းခိုခန်း အလုံး ၄ဝ ရှိကာ ဒေသတွင်း တည်းခိုမှု အတွက်သာ လုံ လောက်မှု ရှိပြီး ပြင်ပမှ အလုပ် ကိစ္စဖြင့် လာရောက်ကြပါက အခန်း မလောက်ငမှု များရှိနေကြောင်း ပဲခူးမြို့မှ ဟိုတယ်လုပ် ငန်းရှင် များထံမှ သိရသည်။

”ပဲခူးမှာ အခုလုပ်နေတဲ့ ဟံသာဝတီ လေဆိပ် စီမံကိန်းကလည်း ရှိတော့ ဟိုတယ် အခန်းတွေ ပိုပြီး လိုအပ်လာမယ်”ဟု ဦးစန်း လွင်က ပြောသည်။ ထို့အပြင် ပဲခူးမြို့မှဟို တယ်အချို့ရှိ ဝန်ထမ်းအချို့သည် ကျွမ်း ကျင်မှု မရှိကြသည့် အတွက် နိုင်ငံခြားသား များ တည်းခိုရန် အဆင်မပြေကြောင်း ၄င်းက ပြောသည်။

ပဲခူးမြို့ ဟိုတယ် လုပ်ငန်းရှင်များ အသင်းက ပဲခူးမြို့မှ ဟိုတယ် ဝန်ထမ်းများ အား အရည်အချင်း ပြည့်ဝစေရန် အတွက် အရည်အချင်း မြှင့်တင် သင်တန်းများကို ၂ဝ၁၂ ခုနှစ်မှစတင်ပြီး လက်ရှိ အချိန်ထိ နှစ်စဉ် ပို့ချပေးလျက် ရှိကြောင်း သိရသည်။ ပဲခူး ဟိုတယ်ဇုန် ဖော်ဆောင်ပါက တစ်နှစ် လျှင် ဟိုတယ် ၅ လုံးစီဖြင့် ငါးနှစ်လျှင် ဟိုတယ် ၁ဝ လုံးအထိ တည်ဆောက်သွား မည်ဖြစ်ကြောင်း ပဲခူးမြို့ဟိုတယ် လုပ်ငန်း ရှင်များ အသင်းမှ သိရသည်။

ပဲခူးမြို့ ဟိုတယ် လုပ်ငန်းရှင်များအ သင်းက ပဲခူးမြို့တွင် ဟိုတယ်နှင့် တည်းခို ခန်း အရေအတွက် တိုးပွားလာစေရန် ရည် ရွယ်ပြီး စီးပွားရေး လုပ်ငန်းရှင်များကို ဟို တယ်နှင့် တည်းခိုခန်းများ ဆောက်လုပ် ကြရန် ဆော်သြမှု များလည်း ပြုလုပ်လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ပဲခူးမြို့၌ ပုဂ္ဂလိက လုပ် ငန်းများက သူတို့ ပိုင်ဆိုင်သော မြေနေရာ တွင် ဟိုတယ် ၄ လုံး တည်ဆောက် လျက်ရှိ ကြောင်း အဆိုပါအသင်းမှ သိရသည်။

လင်းဟိန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*