ပန်ဆန်းမြို့တွင် ပြုလုပ် နေသည့် အစည်းအဝေး ဆုံးဖြတ်ချက် များသည် ၂၁ ရာစု ပင်လုံအတွက် ရပ်တည်ချက် များဖြစ်သည်ဟု NCA လက်မှတ် မထိုးထားသည့် အဖွဲ့များ ပူးပေါင်း ကြေညာ

ပန်ဆန်းမြို့တွင် ပြုလုပ် နေသည့် အစည်းအဝေး ဆုံးဖြတ်ချက် များသည် ၂၁ ရာစု ပင်လုံအတွက် ရပ်တည်ချက် များဖြစ်သည်ဟု NCA လက်မှတ် မထိုးထားသည့် အဖွဲ့များ ပူးပေါင်း ကြေညာ
February 23, 2017 Asian Fame

5:25 pm
ပန်ဆန်းမြို့တွင် ပြုလုပ် နေသည့် အစည်းအဝေး ဆုံးဖြတ်ချက် များသည် ၂၁ ရာစု ပင်လုံအတွက် ရပ်တည်ချက် များဖြစ်သည်ဟု NCA လက်မှတ် မထိုးထားသည့် အဖွဲ့များ ပူးပေါင်း ကြေညာ

NCA-news(ပန်ဆန်း၊ ဖေဖော်ဝါရီ ၂၁ )

ယခု ပြုလုပ်နေသော အစည်း အဝေး ဆုံးဖြတ်ချက်များသည် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပရေးနှင့် ပတ်သက်သည့် အမြင် သဘောထား များနှင့် ရပ်တည်ချက် များဖြစ်ကြောင်း UWSA ဌာနချုပ် တည်ရှိရာ ပန် ဆန်းမြို့တွင် ပြုလုပ်နေသည့် NCA လက်မှတ် မထိုးသေး သည့် တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အ စည်း ခေါင်းဆောင်များ ထိပ်သီးအ စည်းအဝေးမှ ကြေညာသည်။

အဆိုပါ အစည်းအဝေးကို UWSA ‘ဝ’ သွေးစည်း ညီညွတ် ရေးတပ်ဖွဲ့က ဦးစီးကျင်းပခြင်းဖြစ်ပြီး  NCA လက်မှတ် မရေး ထိုး ထား သော ရခိုင် တပ်မတော် ULA/AA၊ ကချင်လွတ်မြောက်ရေး တပ်မတော် KIO/KIA၊ မြန်မာအမျိုးသား ဒီမို ကရေစီ မဟာမိတ် တပ်ဖွဲ့ MNDAA၊ တအာင်း အမျိုးသား လွတ်မြောက် ရေးတပ်မတော်/ ပလောင်ပြည် နယ် လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ရှမ်းပြည် တိုးတက်ရေး ပါတီ /ရှမ်းပြည်တပ်မတော် SSPP/SSA၊ PSC/NDAA မိုင်းလား အဖွဲ့၊ ကရင်နီ တိုးတက်ရေး ပါတီ  KNPP ၊ မွန်ပြည်သစ် ပါတီ NMSP  တို့ကို ဖိတ်ကြားကာ အစည်းအဝေးကို ကျင်းပခြင်း ဖြစ်ကြောင်း၊ ကရင်နီ တိုးတက်ရေး ပါတီ KNPP၊ မွန် ပြည်သစ် ပါတီ NMSP တို့မှလွဲ၍ ကျန် လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက် ကြောင်း၊ ကိုယ်စားလှယ် မတက် ရောက်သည့် KNPP၊ NMSP တို့ မှာ အစည်းအဝေးတွင် စာတမ်း သွင်းခြင်း ပုံစံဖြင့် ပါဝင်သွားမည် ဖြစ်ကြောင်း အစည်းအဝေး ကျင်းပ ရေး အတွင်းရေးမှူး အဖွဲ့က ကြေ ညာထားသည်။

အစည်းအဝေးကို ဖေဖော်ဝါ ရီလ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ အထူးဒေသ ၂ ပန်ဆန်းမြို့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး အ စည်းအဝေး ဆုံးဖြတ်ချက်များသည် မကြာမီ ပြုလုပ်တော့မည့် နိုင်ငံတော် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံ ၂၁ ရာစုပင်လုံ ကျင်း ပရေးနှင့် ပတ်သက်ပြီး NCA လက် မှတ်မရေးထိုး ထားသော တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့များ၏ အ မြင် သဘောထားနှင့် ရပ်တည်ချက် များဖြစ်ကြောင်း ကိုလည်း ထိပ်သီး အစည်းအဝေးမှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

အစည်းအဝေးသို့ DKBA ခွဲ ထွက်အဖွဲ့မှ ဗိုလ်မှူးကြီးစောဆန်း အောင်လည်း တက်ရောက်လျက် ရှိသည်။ ယခုတစ်ကြိမ် ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး အစည်းအဝေးသည်  UWSA နယ် မြေတွင် ကျင်းပသည့် သုံးကြိမ်မြောက် အစည်းအဝေး လည်း ဖြစ်သည်။

လက်ရှိတွင် အစိုးရမှ ၂၁ ရာ စုပင်လုံ ညီလာခံကို မတ်လအတွင်း ပြုလုပ်ရန် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များနှင့် ညှိနှိုင်းလျက် ရှိပြီး NCA စာချုပ် လက်မှတ် မရေးထိုး ထားသောအဖွဲ့များကိုလည်း ညီ လာခံတွင် ပါဝင်နိုင်ရန် စာချုပ်လက် မှတ် အမြန် ရေးထိုးရေး တိုက်တွန်း လျက်ရှိသည်။

လာမည့် မတ်လ ၁ ရက်နေ့ တွင်လည်း NCA လက်မှတ် မရေးထိုးထားသော တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့များ ပါဝင်သည့် UNFC နှင့် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံကြမည် ဖြစ်သည်။

၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပရန် ရက်ပိုင်းသာ လိုတော့ သော်လည်း တိုင်းရင်းသား လက် နက်ကိုင်နယ်မြေ အချို့တွင် အစိုးရ တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့ အချို့ကြား တိုက်ပွဲ ဖြစ်ပွားမှု ရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချို့ အချင်းချင်းလည်း မကြာခဏ တိုက်ပွဲငယ်များ ဖြစ်ပွားလျက် ရှိသည်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*