သြစတြေးလျတွင် လေယာဉ်တစ်စင်း ကုန်တိုက်ပေါ်သို့ ပျက်ကျရာ အမေရိကန် ၄ ဦး သေဆုံး

သြစတြေးလျတွင် လေယာဉ်တစ်စင်း ကုန်တိုက်ပေါ်သို့ ပျက်ကျရာ အမေရိကန် ၄ ဦး သေဆုံး
February 23, 2017 Asian Fame

11:45 am
သြစတြေးလျတွင် လေယာဉ်တစ်စင်း ကုန်တိုက်ပေါ်သို့ ပျက်ကျရာ အမေရိကန် ၄ ဦး သေဆုံး

tourists-killed-in-Australia-plane-crash

(မဲလ်ဘုန်း၊ ဖေဖော်ဝါရီ ၂၁)

စင်းလုံးငှား လေယာဉ်ငယ် တစ်စင်းသည် ယနေ့ နံနက်ပိုင်းက သြစ တြေးလျ နိုင်ငံ၏ မြို့တော် မဲလ်ဘုန်းလေဆိပ်   ဈေးဝယ် စင်တာ တစ်ခုပေါ်သို့ ပျက်ကျ သွားခဲ့ရာ အမေရိကန် ခရီးသွား လေးဦးနှင့် သြစတြေးလျ လေယာဉ်မှူး တစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

လေယာဉ်ပျက် မကျမီအချိန်တွင် လေယာဉ်မှူးက ”အင်ဂျင် ရုတ်တ ရက်ရပ်သွားတယ်” ဟု သတင်း ပို့ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ လေယာဉ်ပြေးလမ်း မှ လေထဲသို့ ပျံတက်သွားပြီး ခဏချင်းတွင်ပင် ထိုသို့ ပျက်ကျခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံသား လေးဦး သေဆုံးကြောင်းကို သြစတြေးလျ နိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက အတည်ပြု ပြောကြားပါသည်။

”ကင်ဘာရာမြို့မှာရှိတဲ့ အမေရိကန်သံရုံးနဲ့ မဲလ်ဘုန်းမြို့ မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးတွေ ဟာ ဒေသခံ သြစတြေးလျ အာဏာပိုင် တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုတွေ ကို သံတမန် ဆိုင်ရာ ကူညီ ပံ့ပိုး မှုတွေ ဆောင်ရွက်ပေးဖို့ အတွက် အားလုံး အသင့် ဖြစ်နေပါပြီ” ဟု သံရုံးက ထုတ်ပြန်သော ကြေညာချက် တွင် ရေး သား ဖော်ပြ ထားသည်။

သြစတြေးလျ နိုင်ငံတွင် နှစ် ၃ဝ အတွင်း ယခု လေယာဉ်ပျက်ကျမှု သည် ပထမဆုံး ဖြစ်ကြောင်း Sky News Australia မှ ကြေညာပါသည်။

PN002
ref: Pilot, 4 U.S. tourists killed in Australia plane crash

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*