ပုဂံစေတီအချို့တွင် အခမဲ့ ယာဉ်ရပ်နား စခန်းများ ပြုလုပ်မည်

ပုဂံစေတီအချို့တွင် အခမဲ့ ယာဉ်ရပ်နား စခန်းများ ပြုလုပ်မည်
February 23, 2017 Asian Fame

4:33 pm
ပုဂံစေတီအချို့တွင် အခမဲ့ ယာဉ်ရပ်နား စခန်းများ ပြုလုပ်မည်

ဝေရှိုင်းကျော်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ပုဂံရှိစေတီအချို့တွင် အခမဲ့ယာဉ် ရပ်နားစခန်းများ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ သိရသည်။

လက်ရှိတွင် အာနန္ဒာစေတီ၌ ယာဉ် ရပ်နားစခန်းလုပ်ရန် စီစဉ်နေပြီး ဓမ္မရံကြီး၊ စူဠာမဏိ၊ သဗ္ဗညု၊ ရွှေဆံတော်နှင့် ဓမ္မ ရာဇကစေတီများတွင် ဆက်လက်အကောင် အထည် ဖော်သွားမည် ဖြစ်ကြောင်း သိရ သည်။

အာနန္ဒာစေတီသို့ လာရောက် ဖူး မြော်ကြသည့် ခရီးသွားများ၏ မော်တော် ယာဉ်များသည် ဘုရားအနောက်ဘက်တွင် ကပ်လျက်အနေအထား ရပ်နားမှုကြောင့် ရေရှည်တွင် စေတီကြံ့ခိုင်မှုကို ထိခိုက်နိုင် သဖြင့် အခမဲ့ယာဉ်ရပ်နားစခန်း သီးသန့် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် မြေပြင် ကွင်းဆင်း စစ်ဆေးမှုများ လုပ် ဆောင်နေပြီး ယခုလအတွင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အထက်ပါ ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော် က ပြောသည်။

”တချို့ နေရာတွေကတော့ မြေယာ ပိုင်ဆိုင်မှုတွေ ရှိနေပါတယ်။ ဒါတွေက တော့ စစ်ဆေးဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။ အလွယ်တကူ ယာဉ်ရပ်နားစခန်း လုပ်လို့ မရဘူး။ မြေလွတ်တဲ့နေရာတွေ ရှိ မှ ယာဉ်ရပ်နားစခန်း လုပ်လို့ရမှာ ဖြစ်ပါ တယ်။ လိုက်ကြည့်ပြီးတော့ မြေနေရာတွေ စိစစ်နေတုန်း ရှိပါသေးတယ်” ဟု ၄င်းက ပြောသည်။

ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် ဘုရားဖူး ယာဉ်များ သွားလာမှုကြောင့် တုန်ခါမှုကို လျှော့ချနိုင်စေရန်နှင့် ဘုရားများထိခိုက်မှု လျော့နည်းသွားနိုင်မည်ဖြစ်ကြောင်း ၄င်း က ပြောသည်။

လက်ရှိတွင် သဗ္ဗညုပုထိုးတော်ကြီး၌ အခမဲ့ ယာဉ်ရပ်နားစခန်း လုပ်ဆောင် ထားပြီး ဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*