တယ်လီနော ဆင်းကတ်များ ကမ္ဘောဇဘဏ်ခွဲ ၄ဝ တွင် မှတ်ပုံတင်နိုင်ပြီ

တယ်လီနော ဆင်းကတ်များ ကမ္ဘောဇဘဏ်ခွဲ ၄ဝ တွင် မှတ်ပုံတင်နိုင်ပြီ
February 23, 2017 Asian Fame

5:26 pm
တယ်လီနော ဆင်းကတ်များ ကမ္ဘောဇဘဏ်ခွဲ ၄ဝ တွင် မှတ်ပုံတင်နိုင်ပြီ

(ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁)

တယ်လီနော သုံးစွဲသူများ သတ် မှတ်ရက်အမီ ဆင်းကတ်များ မှတ်ပုံ တင်ရန် ရန်ကုန်နှင့် မန္တလေးရှိ ကမ္ဘောဇ ဘဏ်ခွဲ ၄ဝ တွင် ယခု သီတင်းပတ်မှ စတင်လုပ်ဆောင် နိုင်ပြီဟု သိရသည်။

၂ဝ၁၇ ခုနှစ် မတ်လ ၃၁ ရက် နေ့ မတိုင်မီ သုံးစွဲ သူများ၏ ဆင်း ကတ်များ အားလုံး မှတ်ပုံတင်ထား ရန် ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီများ အားလုံးကို  ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီး ဌာနက  ညွှန်ကြားထားသည်။

ထို့ကြောင့် ဆင်းကတ်များ မှတ် ပုံတင်ရန် ရက်ပေါင်း ၄ဝ ခန့်သာ ကျန်သည့် အတွက် တယ်လီနောသုံး စွဲသူများ သတ်မှတ်ရန် အမီ ဆင်း ကတ် မှတ်ပုံတင်ခြင်း ပြီးစီးစေရေး အထောက်အကူ ပြုရန် တယ်လီ နောနှင့် ကမ္ဘောဇဘဏ် တို့၏ ပူး ပေါင်းဆောင်ရွက်မှု တစ်ခုဖြစ် ကြောင်းဟု တယ်လီနော၏ ဈေး ကွက်ဖော်ဆောင်ရေး အရာရှိချုပ် Joslin Myrthong  က ပြောသည်။

”ဆင်းကတ် မှတ်ပုံတင်ထား တာကြောင့် ရရှိလာမယ့် အကျိုး ကျေးဇူးတွေကို တယ်လီနော သုံးစွဲ သူတွေ အပြည့်အဝ ရရှိစေရအောင် ကျွန်တော်တို့ရဲ့ ကြိုးပမ်း အားထုတ် မှုတွေကို အခုလို ပူးပေါင်းဆောင် ရွက်မှုက ထပ်လောင်း အားဖြည့်စေ မှာဖြစ်ပါတယ်”ဟု ၄င်းကပြောသည်။

ထို့ပြင် အခြားဒေသ များရှိ  ကမ္ဘောဇဘဏ် ၏ ဘဏ်ခွဲပေါင်း ၄၆ ခုတွင်လည်း တယ်လီနောဆင်း ကတ်များကို မှတ်ပုံတင်နိုင်ရန် ဝန် ဆောင်မှုပေးသွားမည်ဟု  ၄င်းက ပြောသည်။

တယ်လီနော သုံးစွဲသူများအ တွက် ဆင်းကတ် မှတ်ပုံတင်နိုင်မည့် ကမ္ဘောဇဘဏ်ခွဲ လိပ်စာများကို https://ww.telenor.com.mm/page/kbz-bank-branch-list/357 တွင် ကြည့်ရှုပြီး အနီးဆုံး ဘဏ်ခွဲသို့ သွားရောက် မှတ်ပုံတင်နိုင်မည် ဖြစ် သည်။ မှတ်ပုံတင်မည့် တယ်လီနော ဆင်းကတ် နှင့်အတူ နိုင်ငံသားစိစစ် ရေးကတ် အပါအဝင် အသိအမှတ် ပြု သက်သေခံ လက်မှတ်တစ်ခုခု (နိုင်ငံခြားသားများ အတွက် နိုင်ငံ ကူးလက်မှတ်) တစ်ပါတည်း ယူ ဆောင်ပြီး အခမဲ့ အလွယ်တကူ မှတ် ပုံတင်နိုင်ကြောင်း သိရသည်။

ထို့ပြင် ဆင်းကတ် လာရောက် မှတ်ပုံတင်သော သုံးစွဲသူများအ တွက် ကမ္ဘောဇဘဏ်က iBanking  နှင့် အပ်ငွေ ကျပ်၁ဝဝဝ ပါ ငွေ စုစာရင်းတို့ကို အခမဲ့ ဖွင့်လှစ်ပေး မည်ဖြစ်သည်။

ဆင်းကတ်များကို မှတ်ပုံတင် ထားခြင်း မရှိပါက မိုဘိုင်းဆက် သွယ်ရေး ဝန်ဆောင်မှုများ ပြတ် တောက်သွားမည်ဖြစ်ပြီး ဆင်းကတ် မှတ်ပုံတင်ပြီးမှသာ ဝန်ဆောင်မှုများ ပြန်လည် ရရှိမည်ဟု သိရသည်။

အိမ်စည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*