YBS စနစ်ဖော်ဆောင်ရာတွင် JICA ၏အကြံပြုချက်များနှင့် လေ့လာမှုများစွာ ပါဝင်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြောကြား

YBS စနစ်ဖော်ဆောင်ရာတွင် JICA ၏အကြံပြုချက်များနှင့် လေ့လာမှုများစွာ ပါဝင်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြောကြား
February 22, 2017 Asian Fame

3:00 pm
YBS စနစ်ဖော်ဆောင်ရာတွင် JICA ၏အကြံပြုချက်များနှင့် လေ့လာမှုများစွာ ပါဝင်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြောကြား

ဖြိုးထက်အောင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရ က အကောင်အထည်ဖော်နေသော YBS ယာဉ်လိုင်းစနစ်သည် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းေ ဆာင် ရွက်ရေးအေဂျင်စီ(JICA)၏အ ကြံဥာဏ်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး JICA မပါဝင်ဟူသည့် သတင်းမှာ မှန်ကန်ခြင်း မရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး ဦးဖြိုးမင်းသိန်းက ပြောသည်။

”JICA က မစ္စတာ နာကာဆာ ဝါလာ ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက် ပြီး စိတ်မကောင်းကြီးစွာဖြစ်ရကြောင်း ကျွန်တော့်ကို လာပြီးပြော ပါတယ်။YBS ရဲ့ ပြုပြင်ပြောင်းလဲရေးကာလ မှာJICA က တော်တော်ကြာကြာက နေစပြီး ရန်ကုန်မြို့တော်စီမံကိန်း ရေးဆွဲရေးမှာ ပါဝင်ခဲ့တာ ဖြစ်ပါ တယ်” ဟု ၄င်းကပြောသည်။

YBS ယာဉ်လိုင်းစနစ်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ဦးဆောင်၍ အကောင်အထည် ဖော်သော စနစ်တစ်ခုသာဖြစ်ပြီး ယင်းစနစ်အပေါ်JICA  မှ အကြံ ပြုထားခြင်းမရှိဟု မြန်မာနိုင်ငံဆိုင် ရာ ဂျပန်နိုင်ငံသံရုံးမှ ဂျပန် စီးပွား ရေးသံမှူး ဟိုင်ဒေကီ မတ်စုအိုက   ပြောခဲ့သည်ဟု ပြည်တွင်းမီဒီယာ အချို့၌ ဖော်ပြခဲ့မှုနှင့် ပတ်သက်ပြီး တိုင်းဝန်ကြီးချုပ်က ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

”ရန်ကုန်မြို့တော် စီမံကိန်း ရေးဆွဲရေးမှာ အပိုင်းနှစ်ပိုင်းရှိပါ တယ်။ တစ်ပိုင်းက မြို့ပြဖြစ်ပါတယ်။ တစ်ပိုင်းက သယ်ယူပို့ဆောင်ေ ရး ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့နဲ့ သူတို့နဲ့ ဆွေးနွေးမှု တွေရှိပါတယ်။ ယာဉ်လမ်းကြောင်း တွေ တော်တော်များများ JICA  က လေ့လာထားမှုတွေပါ။YBS  မပြောင်းလဲခင် လမ်းမကြီး ၇ ခုရှိ တယ်တို့ဆိုတာ ဒါတွေဟာJICA  ရဲ့ လေ့လာထားမှုတွေပါ။ အခု YBS ပြောင်းလဲမှုမှာ JICA  မပါဘူး လို့ ပြောခံရတဲ့အတွက် စိတ်မ ကောင်းကြီးစွာ ဖြစ်ရပါတယ်တဲ့။ ဝန်ကြီးချုပ်လည်း စိတ်အနှောင့် အ ယှက်ဖြစ်မယ်လို့ ထင်မယ်လို့ယူဆ ပါတယ်တဲ့။ ကျွန်တော်ကတော့ မဖြစ်ပါဘူးလို့၊ ကူညီပေးနေတာ တွေကို ကျေးဇူးတင်ပါတယ် လို့ပြော ခဲ့ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ဆက်လက်၍ JICA  က ဆူး လေနှင့် သခင်မြပန်းခြံရှိ မီးပွိုင့် များကို လေ့လာဆန်းစစ်မှုများ ပြု လုပ်နေကြောင်း၊ တိုင်းအစိုးရဘက် မှလည်း ခရီးသည်များ၏အခက်အ ခဲများနှင့် ကုမ္ပဏီပြောင်းလဲရေးကိစ္စ ရပ်များကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ပေးရန် တောင်းဆို ထား ကြောင်း ၄င်းက ပြောသည်။

ထွက်ပေါ်ခဲ့သော သတင်းများ နှင့်ပတ်သက်၍ ဖော်ပြခဲ့သော မီဒီ ယာလွဲသလား၊ JICA  လွဲသလား မသိကြောင်း ဦးဖြိုးမင်းသိန်းက ဆက်ပြောသည်။

JICA သည် သယ်ယူပို့ဆောင် ရေးနှင့် ရန်ကုန်မြို့ပြစီမံကိန်း အ ကောင်အထည်ဖော်ရေး Master Plan ကို၂ဝ၁၃ ခုနှစ်က ရေးဆွဲခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီသို့ တင်ပြခဲ့သည်။ယင်းစီမံကိန်းကို လက်ရှိ အစိုးရလက်ထက်တွင် ပြန်လည်ပြင် ဆင်ရေးဆွဲနေကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*