မြန်မာ့ငလျင်ဘေးလျှော့ချရေး ကြိုတင်လုပ်ဆောင်သင့်သောလုပ်ငန်းများနှင့် နည်းလမ်းများ

မြန်မာ့ငလျင်ဘေးလျှော့ချရေး ကြိုတင်လုပ်ဆောင်သင့်သောလုပ်ငန်းများနှင့် နည်းလမ်းများ
February 22, 2017 Asian Fame

3:26 pm
မြန်မာ့ငလျင်ဘေးလျှော့ချရေး ကြိုတင်လုပ်ဆောင်သင့်သောလုပ်ငန်းများနှင့် နည်းလမ်းများ

map

မြန်မာနိုင်ငံ ငလျင်ကော်မတီက ၂၃-၁၂-၂ဝ၁၇ နေ့၌ကျင်းပခဲ့သော Myanmar Symposium on Earthquake and Related Risk Reduction 2016 ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းနာယက ဒေါက်တာသိန်း ပြောကြားခဲ့သောအဖွင့်ပင်မမိန့်ခွန်း (Keynote Address) ကို ဟောပြောခဲ့သူ၏ ခွင့်ပြုချက်ဖြင့် ပုံနှိပ်ဖော်ပြခြင်းဖြစ်ပါသည်။ ငလျင်အန္တရာယ်များသော မြန်မာနိုင်ငံတွင် အနာဂတ်ကာလ၌ ငလျင်ဘေးလျှော့ချရေးအတွက် အထောက်အကူပြုမည်ဟု ယုံကြည်ယူဆသဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။

နှစ်ပေါင်းများစွာကပင် ငလျင် ကြိုတင်ခန့်မှန်းချက်များကို အဆင့် မြင့်နည်းလမ်းများအပါအဝင် နည်းလမ်းပေါင်းစုံ(တိရစ္ဆာန်တို့၏ အပြုအမူများ အပါအဝင်) တို့ဖြင့် ကြိုးပမ်းခဲ့သော်လည်း ငလျင်ကြိုတင် ခန့်မှန်းချက်များကို မပေးနိုင်သေး ပါ။ အနာဂတ်တွင်လည်း ကြိုတင် ခန့်မှန်းရန် မဖြစ်နိုင်သေးဟု တတ် သိကျွမ်းကျင်သော ပညာရှင်များက ယူဆထားကြသည်။ ဤအကြောင်းအရာများကို ယခင်ဆောင်းပါးများတွင် ရေးသားခဲ့ပြီးဖြစ်သဖြင့် ယခု မရေးတော့ပါ။

ငလျင်ကြိုတင်ခန့်မှန်းရန် မ ဖြစ်နိုင်သေးသော်လည်း အနာဂတ် တွင် မည်သည့်ဒေသ၌ အမြင့်ဆုံး မည်မျှလောက် ပြင်းထန်အားနှင့် လှုပ်နိုင်သည်ဆိုသော အချက်ကို ကား အတော်အတန် မှန်ကန်စွာ ပြောဆိုနိုင်ပါသည်။ ဤအချက်မျိုး များကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ တွင် ဒေါက်တာမျိုးသန့်နှင့် ဤစာ ရေးသူတို့ ပြင်ဆင်ရေးဆွဲထားသော ”မြန်မာနိုင်ငံ၏ ငလျင်အန္တရာယ် ဖြစ်နိုင်ခြေ အကဲဖြတ်မြေပုံ” (PSHA Map) တွင် လေ့လာတွေ့ ရှိနိုင်ပါသည်။ (ထိုမြေပုံကို ယခင် ရေးခဲ့သော ဆောင်းပါးအချို့တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။) ဤအချက်များကို သိရှိနိုင်သော်လည်း ငလျင်များ လှုပ်မည့် ရက်၊ လ တို့ကို မဆို ထားနှင့် နှစ်အပိုင်းအခြားကိုပင် သိနိုင်စွမ်း မရှိသေးပါ။ ဤသို့ဖြင့် ငလျင်သည် အစိုးမရ ဟုဆိုနိုင်ပါသည်။ ငလျင်ဘေးကို လည်း ရှောင်လွှဲ၍မရပါ။ သို့သော် လည်း လာမည့်ငလျင်ဘေးများကို လျှော့ချရန်အတွက် ကြိုတင်ကာ ကွယ်လုပ်ဆောင်နိုင်သောနည်းလမ်း များနှင့် လုပ်ငန်းများကားရှိပါ သည်။ (၁၅) ချက်ကို ရွေးထုတ်ကာ ကဏ္ဍသုံးခုခွဲ၍ တင်ပြပါမည်။

ပညာရှင်များ၏ ကဏ္ဍ

၁။ ငလျင်အန္တရာယ်များ သော မြို့ကြီးများ(ပဲခူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်၊ မန္တလေး၊ စစ်ကိုင်း)နှင့် ငလျင်အန္တရာယ် အတော်အတန်ရှိသော မြို့ကြီးများ (ရန်ကုန်၊ တောင်ကြီး)တို့အတွက် အနုစိတ် ငလျင်အန္တရာယ်ဖြစ်နိုင်ခြေ အကဲဖြတ်မြေပုံများ PSHA Microzone Map ကို လေ့လာ ဖော်ထုတ်ရေးဆွဲပေးရန် အချို့မြို့ ကြီးများ (ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ တောင်ကြီး)အတွက်ရှိထားပြီး အနုစိတ်မြေပုံများကို နောက်ထပ် လေ့လာချက်များဖြင့် ထပ်မံရရှိ သော အချက်အလက်များကို အသုံးပြု၍ ပြင်ဆင်ရေးဆွဲပေးရန်။

၂။ ပထမအဆင့်အနေဖြင့် ဆောက်လုပ်ရေး စည်းမျဉ်းများ (Building Code) ကို ရေးဆွဲ၍ ဒုတိယအဆင့်အနေဖြင့် ငလျင်ဒဏ်ခံနိုင်မည့် အဆောက်အအုံ ပုံစံဆိုင်ရာစည်းမျဉ်းများ (Earthquake-resistant Design Code) များကို ရေးဆွဲပေးရန်။

၃။ ပြည်သူလူထုအတွက် ငလျင်နှင့် ဆူနာမီဘေးအန္တရာယ် ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် ပညာပေးလုပ်ငန်းများကို စာနယ် ဇင်း၊ ရုပ်သံလွှင့်၊ ဟောပြောပွဲ၊ ပြပွဲ၊ ရက်တို သင်တန်း၊ အလုပ်ရုံ ဆွေး နွေးပွဲတို့ဖြင့် အခါအားလျော်စွာ ပြုလုပ်ပေးရန်။

ပြည်သူများ၏ ကဏ္ဍ

၁။ အရေးကြီးဆုံးမှာ ငလျင် အန္တရာယ်များသော (သို့မဟုတ်) အတော်ပင်ရှိသော မြို့ရွာဒေသ များတွင် သားစဉ်မြေးဆက် အသက်အိုးအိမ်လုံခြုံရေးကို အလေးထား၍ ပြည်သူများအနေ ဖြင့်နေအိမ်တိုက်တာများကို အသိ(awareness)၊ သတိ (caution) Óဏ်နှစ်ဖြာဖြင့် ခိုင်ခံ့အောင် ဆောက်လုပ်ကြရန်။ ခိုင်ခံ့မှုကို ပထမထားပြီး လှပမွန်းမံမှုကို ဒုတိယထား၍ဆောက်လုပ်သင့်ပါသည်။ မိမိတို့နှင့် တွဲဖက်ဆောက်လုပ်သော ကန်ထရိုက်တိုက်များကိုပါ စစ် ဆေးကြည့်ရှုပေးရန်လိုပါမည်။

၂။ မိမိတို့၏ နေအိမ်တိုက်တာ များသည် အိုဟောင်းပြီး ခိုင်ခံ့မှု နည်းပါးနေပါက ဖြိုဖျက်၍ အသစ် ဆောက်လုပ်ရန်။ အခြေအနေ သင့်သေးပါက အင်ဂျင်နီယာများ၏ အကူအညီဖြင့် အားဖြည့်ပြင်ဆင်မှုများ (retrofitting) ကို ပြုလုပ်ကြရန်။

၃။ တတ်နိုင်သလောက် ငလျင်အာမခံထားရန် (အထူးသဖြင့် စက်ရုံ၊ အလုပ်ရုံ၊ အထပ်မြင့်တိုက်များအတွက်)

အစိုးရ၏ ကဏ္ဍ

၁။ ပညာရှင်များ ရေးဆွဲတင်ပြ လာသော ဆောက်လုပ်ရေး စည်း မျဉ်းများနှင့် ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံပုံစံဆိုင်ရာ စည်း မျဉ်းများကို အတည်ပြု ပြဋ္ဌာန်းပေး ရန်နှင့် လိုက်နာလုပ်ဆောင်ရန် နည်းဥပဒေများကိုပါ ပြဋ္ဌာန်းပေးရန်။

၂။ အများပြည်သူသုံး ဆေးရုံ များ၊ ကျောင်းများ၊ ရုံးများ၊ ခန်းမ ကြီးများ၊ အားကစားကွင်းကြီးများ၊ အထပ်မြင့်တိုက်ကြီးများ၊ ကွန်ဒို တိုက်ကြီးများ၊ တံတားကြီးများနှင့် ဆည်ကြီးများတို့ကို ပညာရှင်များ ဖော်ထုတ်ထားသည့် ဒေသအလိုက်ခံရဖွယ်ရှိသော ပြင်းထန်အားကို ခံနိုင်မည့်ပုံစံများဖြင့် စနစ်တကျ စံချိန်စံညွှန်းမီအောင် ဆောက်လုပ်ပေးရန်။ ဤသို့ ဆောက်လုပ်စေရန်အတွက် စစ်ဆေးရေးအဖွဲ့များဖြင့် ကြပ်မတ်စစ် ဆေးပေးရန်။

၃။ ငလျင်အန္တရာယ်များသော ရှိသော မြို့ကြီးများ(ဥပမာ ပဲခူး၊ မန္တလေး၊ ရန်ကုန်)တွင် အရေ အတွက်အားဖြင့် အတော်အတန်ရှိ နေသော စံမမီ၊ မခိုင်ခံ့သော အဆောက်အအုံများ (sub-standard buildings) (ဥပမာ ဟောင်ကောင်လွှာအထပ်မြင့်တိုက် အချို့)၊ အိုမင်းဆွေးမြည့်နေသော တိုက်များကို ကျွမ်းကျင်အင်ဂျင် နီယာများနှင့် လိုက်လံကြည့်ရှု စစ်ဆေးစေရန်။ အခြေအနေဆိုးသော အဆောက်အအုံများကို ဖြိုဖျက်၍ အသစ်ဆောက်လုပ်စေ ရန်နှင့် အခြေအနေသင့်သော အဆောက်အအုံများတွင်အားဖြည့် ပြင်ဆင်မှုများ ပြုလုပ်စေရန်။

၎။ ငလျင်ကြီးများလှုပ်စဉ် ဖြစ်တတ်သော နေရာအနှံ့ မီး လောင်မှုများကို ငြှိမ်းသတ်ရန် လူ အင်အား၊ ပစ္စည်းအင်အားတို့ကို လုံလောက်စွာ ကြိုတင်ထားရှိရန်။

၅။ ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီပံ့ပိုးရေး လုပ်ငန်းများကို ထိ ရောက်ကောင်းမွန်စွာ လုပ်ပေးနိုင် ရေးအတွက် ကြိုတင်ဖွဲ့စည်း ထားသော ခရိုင်အဆင့် ဘေးဒုက္ခ စီမံဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့များ (Disaster Mangement Taskforces) က ထိရောက်လက် တွေ့ကျမည့် ကြိုတင်ပြင်ဆင်မှုများ နှင့် အစီအမံများ ချမှတ်ထားရန်။(ထိုလုပ်ငန်းအဖွဲ့များသည် မည် ကာမတ္တမဟုတ်ဘဲ၊ တကယ်တမ်း သဘာဝဘေးအန္တရာယ် ကျရောက်လာလျှင် စီမံလုပ်ဆောင်နိုင်သော အဖွဲ့များဖြစ်ရန် လိုပါသည်။)

၆။ အိန္ဒိယသမုဒ္ဒရာ ဆူနာမီ သတိပေးစနစ်အစီအစဉ်တွင် ဆက်လက်ပါဝင် ပူးပေါင်းလုပ် ဆောင်ရန်နှင့် မြန်မာ့ ကမ်းရိုးတန်း ဒေသများအတွက် လျင်မြန်ထိ ရောက်မည့် အချိန်မီဆူနာမီ သတိ ပေးစနစ် ထူထောင်ထားရန်။

၇။ ငလျင်ကြီးများ လှုပ်ပြီး နောက် နာရီပိုင်း(သို့မဟုတ်) ရက် ပိုင်းအတွင်း နောက်ဆက်တွဲ ငလျင်များ (aftershocks) လှုပ်လေ့ရှိသဖြင့် လိုအပ်ပါက ငလျင် အန္တရာယ်ဆက်ရှိနေသေးကြောင်း သတိပေးချက်များ ထုတ်ပြန်ရန်။

၈။ ဆူနာမီလှိုင်းများနှင့် မုန်တိုင်းဒီလှိုင်းကြီးများ (storm surge) ၏ ဘေးမှအတော်ပင် အကာအကွယ်ပေးနိုင်သော ဒီရေတောများ (လမုတောများ) ကို တောပြုန်းတီးပြီး ရွာများရှိသည့် နေရာများ၌ ဦးစားပေး၍ ပြန်လည်စိုက်ပျိုးပေးရန်။ (ဒီရေတော ပြုန်းတီးမှုမှာ အလွန်များပြီး ရာခိုင်နှုန်း ၂ဝ အောက်သာကျန်သည်ဟု ခန့်မှန်းထားကြသည်)။

၉။ ငလျင် ဘေးအန္တရာယ် များသော မြန်မာပြည်တွင် ငလျင်ပညာရှင်များ ( earthquake seismoligists) နှင့် ငလျင်အင်ဂျင် နီယာများ (earthquake engineers) ဆယ်ဂဏန်းစီ ခန့်သာ ရှိသဖြင့် ထိုပညာရပ်များတွင် အဆင့်မြင့်သော ဂျပန်နိုင်ငံသို့ ပညာသင်များ(အနည်းဆုံး ၁ဝ ဦးစီ)ကို ဦးစားပေး စေလွှတ်ရန်။

ဒေါက်တာ သိန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*