”လက်ရှိတက်လာတဲ့အစိုးရက စေတနာကောင်းပေမယ့် စွမ်းဆောင်ရည်မှာ လက်တွေ့ရလဒ်တွေ ထင်ထင်ရှားရှားပြနိုင်တာ နည်းနေသေးတယ်။ စေတနာရော လုပ်ရည်ကိုင်ရည်ရော ကောင်းတဲ့အစိုးရကို ရခဲ့ရင်တော့ ကျွန်တော်တို့အတွက် အပိုဆုပေါ့ဗျာ။ ဒါပေမယ့် အဲဒီမျှော်လင့်ချက်က မြန်မာနိုင်ငံအတွက် လောလောဆယ်မှာ စိတ်ကူးယဉ်နည်းနည်းဆန်နေသေးတယ် …”

”လက်ရှိတက်လာတဲ့အစိုးရက စေတနာကောင်းပေမယ့် စွမ်းဆောင်ရည်မှာ လက်တွေ့ရလဒ်တွေ ထင်ထင်ရှားရှားပြနိုင်တာ နည်းနေသေးတယ်။ စေတနာရော လုပ်ရည်ကိုင်ရည်ရော ကောင်းတဲ့အစိုးရကို ရခဲ့ရင်တော့ ကျွန်တော်တို့အတွက် အပိုဆုပေါ့ဗျာ။ ဒါပေမယ့် အဲဒီမျှော်လင့်ချက်က မြန်မာနိုင်ငံအတွက် လောလောဆယ်မှာ စိတ်ကူးယဉ်နည်းနည်းဆန်နေသေးတယ် …”
February 22, 2017 Asian Fame

11:05 am
”လက်ရှိတက်လာတဲ့အစိုးရက စေတနာကောင်းပေမယ့် စွမ်းဆောင်ရည်မှာ လက်တွေ့ရလဒ်တွေ ထင်ထင်ရှားရှားပြနိုင်တာ နည်းနေသေးတယ်။ စေတနာရော လုပ်ရည်ကိုင်ရည်ရော ကောင်းတဲ့အစိုးရကို ရခဲ့ရင်တော့ ကျွန်တော်တို့အတွက် အပိုဆုပေါ့ဗျာ။ ဒါပေမယ့် အဲဒီမျှော်လင့်ချက်က မြန်မာနိုင်ငံအတွက် လောလောဆယ်မှာ စိတ်ကူးယဉ်နည်းနည်းဆန်နေသေးတယ် …”

cover 2

အစိုးရသစ်သက်တမ်းကား တစ်နှစ်ပြည့်တော့မည်။ ‘ပြောင်းလဲချိန်တန်ပြီ’ဟူသည့်ြေ<ွကးကြော်သံဖြင့် တက်လာခဲ့သော အစိုးရဖြစ်သလို၊ အရပ်သားစစ်စစ် အစိုးရဖြစ်သဖြင့်လည်း အစိုးရအပေါ် ပြည်သူတို့၏ မျှော်လင့်ချက်များ ကြီးမားခဲ့သည်။ အပြောင်းအလဲများကိုလည်း မျှော်လင့်ခဲ့သည်။ ထို့ကြောင့် အစိုးရ သစ်၏ သက်တမ်းတစ်နှစ်တာကာလအတွင်း ပြည်သူတို့၏ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသည်တို့အပေါ် မည်သို့သော အကျိုးသက်ရောက်မှုများရှိပြီးလေပြီနည်း။ တိုးတက်သော ပြောင်းလဲမှုများ မည်မျှရှိခဲ့လေပြီနည်း။ ပြည်သူတို့၏ မျှော်လင့်ချက်များကို မည်ရွေ့မည်မျှ ဖြည့်ဆည်း ပေးပြီးလေပြီနည်း။ ယင်းတို့နှင့်ပတ်သက်၍ နယ်ပယ်စုံမှ ပြည်သူတို့၏ အမြင်များကို တွေ့ဆုံမေးမြန်း၍ စုစည်းဖော်ပြလိုက်ရပါသည်။

ဆုမြတ်လှိုင်
(ကုမ္ပဏီဝန်ထမ်း)

ပိုမကောင်းလာတာ သေချာတယ်။ YBS ပဲကြည့်ပါ၊ ကျန်တာကို လိုက်ကြည့်နေစရာ မလိုပါဘူး။ ဟိုတစ်ခါ ဒေါ်လာဈေးတက်ပြီးကတည်းက ဂယက်က ခုထိ ကိုယ်တွေကို ရိုက်ခတ်နေတုန်း၊ ကိုယ့် company ပေါ့လေ။ ကုန်ဈေးနှုန်းကတော့ အရမ်းကြီးပြောင်းလဲတယ်မထင်ရပေမယ့် ဝင်ငွေက သိသိသာသာလျော့လာတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကလည်း ပြည်သူလူထုအတွက် ဘာအခွင့်အရေးတွေများ ထပ်ပေးနေသလဲ။ အနီးအနား သိတာပြောရရင် လူနာဦးရေ ဆရာဝန်ဦးရေ ညီမျှမှုမရှိဘူး။ တခြားဟာထက် နိုင်ငံသားတစ်ယောက်အနေနဲ့ လုံခြုံမှု မရှိသလို ခံစားရတာ အဆိုးဆုံးပဲလို့ထင်တယ်။

မချယ်ရီဝင်း
(ကုမ္ပဏီဝန်ထမ်း)

အစိုးရသစ်ပြောင်းပြီးနောက်မှာ သွားလာရေးပိုင်းနဲ့ ပတ်သက်လို့တော့ အခု ပြောင်းလဲတာတော့တွေ့ရပါတယ်။ ဒါပေမယ့် စနစ်ပဲပြောင်းသေးတယ်လို့မြင်တယ် လူတွေက အရင်ပုံစံအတိုင်းပဲ မပြောင်းလဲသေးဘူး။ အခု ပြောင်းလဲလိုက်တဲ့ YBS ယာဉ်လိုင်းစနစ်ဆိုရင် အရင်လိုပဲ ပြိုင်မောင်းနေဆဲပဲ။ သူတို့က ၃ မိနစ်ခြား တစ်ခါဆိုပေမယ့် ကားတွေက အရမ်းကပ်တဲ့အခါ လူမရ ကြလို့ အရင်လို ပြိုင်မောင်းကြတာပါပဲ။ ပြီးတော့ စပါယ်ယာတွေဆိုရင်လည်း အရင်လိုဆက်ဆံပုံမျိုးတွေ ရှိနေ သေးတယ် မပြောင်းလဲဘူး၊ ဒီလိုတွေတော့ တွေ့ရသေး တယ်။ သွားလာရေးပိုင်းနဲ့ပတ်သက်ပြီး စည်းကမ်းတကျ လေးဖြစ်စေချင်တယ်။ ကျွန်မတို့က ဝန်ထမ်းဆိုတော့ သွားရေးလာရေးပိုင်းမှာ အဓိကကြုံတွေ့ရတယ်။ ကုန်ဈေးနှုန်းနဲ့ကတော့ ကျွန်မတို့ကဈေးမဝယ်လို့ သိပ်တော့ မသိဘူး။

မဂျူးထက်ထက်ကျော်
(စတိုးဆိုင်ပိုင်ရှင်)

သွားရလာရတာက အရင်ထက် နှစ်ဆသုံးဆ ကုန် လာတယ်။ ဒါပေမယ့် ကားလမ်းရှင်းသွားတယ်။ အခြေခံ မိသားစုအတွက် အဆင်တော့သိပ်မပြေဘူး။ ကျန်းမာ ရေးစောင့်ရှောက်မှုက ရပ်ကွက်တွေထဲမှာတော့ အရင် အတိုင်းပဲ မပြောင်းလဲသေးပါဘူး။ ကုန်ဈေးနှုန်းကတော့ အစိုးရသစ်လက်ထက်မှာ ပိုတက်လာတယ်။

အရင်ဦးဆုံး စတက်တာ ကြက်သွန်နီနဲ့ ဆပ်ပြာမှုန့် တွေ ပြန်ရောင်းလို့မကိုက်အောင်ကို တက်ရာက ခု ဈေး အနည်းငယ်ပြန်ကျတဲ့အနေထားမှာရှိတယ်။ ဒေါ်လာ ဈေးတက်ရင် လိုက်တက်ပြီး ဒေါ်လာဈေးကျရင် လိုက် မကျတာ ကုန်ဈေးနှုန်းပဲရှိတယ်။ မိသားစုတစ်စုကို ဘွဲ့ရ တစ်ယောက်အနေနဲ့ ဒီခေတ်ကြီးမှာ လောက်ငအောင် ထားနိုင်ဖို့က မလွယ်ဘူး။ အစိုးရသစ်လက်ထက်မှာ ပို ကောင်းလာတယ်လို့ ခံစားမိတာလည်းရှိသလို မခံစား မိနိုင်တာတွေလည်း ရှိပါတယ်။ လမ်းတွေ ရှင်းသွားတယ်၊ ကားတွေ မကျပ်တော့ဘူး၊ လမ်းတွေသန့်သွားတယ်၊ ကျူးတွေအတွက် အိမ်နေရာတွေပေးတယ်၊ ဒါ ကောင်းတဲ့အလားအလာပါ။ Bus ကားတွေ အစီးရေ နည်းသေး တော့ လူတွေ တိုးကြိတ်စီးနေရတဲ့ ပြဿနာ၊ Bus ကားပေါ်မှာ လူကျပ်တော့ ခါးပိုက်နှိုက်ပြဿနာနဲ့ မိန်းမပျိုလေးတွေ လုံခြုံမှုနည်းပါးတဲ့ပြဿနာ၊ အဓိကကတော့ ကုန်ဈေးနှုန်းပြဿနာ၊ အရင်က ၅ဝ ရောင်းလို့ရတဲ့ပစ္စည်းတွေ တော်တော်များများ ၁ဝဝ တက်ကုန်ကြတယ်။ အခြေခံလူတန်းစားအတွက် အဆင်မပြေမှုတွေ ရှိနေပါ သေးတယ်။

မအေးခိုင်
(ဟိုတယ်မန်နေဂျာ)

ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းကြောင့် အခြေခံလူတန်းစားတွေ ပိုခက်ခဲလာတယ်၊ သိသာထင်ရှားတဲ့ တိုးတက်တဲ့ ပြောင်းလဲမှု ပြစရာ မယ်မယ်ရရမရှိသေးဘူး။ ပညာတတ် အလယ်အလတ် လူတန်းစားတွေက အပြောင်းအလဲကို အချိန်ပေးပြီးစောင့်ကြည့်ဖို့ သည်းခံနိုင်ပေမယ့် အခြေခံ လူတန်းစားတွေ အတော်လေးခံစားနေကြရပြီ။ နောက် မမြင်ဖူး မကြုံဖူးတာတွေ ကြားနေရပြီး ပြည်သူတွေ လုံခြုံမှု မရှိတာတွေ လက်တွေ့ ကြုံနေရတာပဲ။ အစ်မက ဟိုတယ်မှာ လုပ်နေတော့ နိုင်ငံပေါင်းစုံက စီးပွားရေး သမားတွေနဲ့ စကားပြောဖြစ်တယ် သူတို့လည်း ရေရာ သေချာတဲ့ စီးပွားရေးမူဝါဒ မလုပ်နိုင်သေးသရွေ့ ရင်းနှီး မြှုပ်နှံဖို့ကို အရမ်းစဉ်းစားနေကြတယ်။ စွန့်ပြီး လုပ်နေကြ တဲ့သူတွေကလည်း အားမလို အားမရ ဖြစ်နေကြတယ်။ အသိသာဆုံးအချက်က High Season မှာတောင် Tourist တွေဝင်တာ သိသိသာသာ နည်းသွားတယ်။

သီအိုမောင်
(စကားပြန်)

ကျွန်တော့်အတွက်ကတော့ ဝင်ငွေ၊ ထွက်ငွေ ပိုပို လျှံလျှံရှိပါတယ်။ ဒါပေမယ့် ကျန်းမာရေးစောင့်ရှောက်မှု တွေ၊ ကုန်ဈေးနှုန်းတွေကတော့ ပေးရတာနဲ့ တန်လှတယ် မထင်ပါဘူးဗျာ။ ဒီမှာက နိုင်ငံခြားက ကုန်ချောတင်သွင်း နေရတာများတော့ သူများတွေထက်ပိုဈေးကြီးပေး သုံးနေရတယ်။ စီးပွားရေးကျတော့ ကျွန်တော်က ဒေါ်လာ စားဆိုတော့ အခု အစိုးရလက်ထက် ဒေါ်လာဈေးတွေ တက်ကုန်တုန်းက ဘာညာဆို ကျွန်တော်တို့အတွက်တော့ ကောင်းနေပေမယ့် တစ်ပြည်လုံးအတိုင်းအတာနဲ့ အောက် ခြေသမားတွေ ခံရတာပေါ့။ ထုတ်ပြန်တဲ့ စာရင်းတွေမှာ တော့ အကျင့်ပျက်ခြစားမှု ထိန်းနိုင်လို့ ဘဏ္ဍာငွေတွေ ဘယ်လောက်ပိုလျှံပါတယ်။ အလုပ်အကိုင် အခွင့်အ လမ်းတွေ ဘယ်လောက်များလာပါတယ် ဘာညာတော့ ထုတ်ပြန်နေပေမယ့် အပြင်လောကမှာ ဒီလောက်ကြီး ပြောင်းလဲလာတယ်ကို မခံစားရဘူး။ နည်းနည်းတောင် ပိုကျပ်တည်းလာသလို ခံစားရတယ်။ ဒါ ပြည်သူတစ် ယောက်အနေနဲ့ ပြောတာပါ။ ပညာရှင်ဆန်ဆန်သိချင်ရင်တော့ GDP တွေ နှစ်အလိုက်သာ ယှဉ်ကြည့်ကြပေါ့ လေ။

ဇင်ဇေလွင်
(အင်္ဂလိပ်စာသင်တန်းဆရာ)

အစိုးရ အပြောင်းအလဲဟာ ကျွန်တော့် အပေါ်တော့ အကျိုးသက်ရောက်မှု နည်းတယ်လို့ပဲ ထင်နေမိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ကိုယ့်စီးပွားရေး ကိုယ် ကိုယ့်အစီအစဉ်လေးနဲ့ကိုယ် ဖြည်းဖြည်းချင်းသွားနေ တာ။ ရွေးထားတဲ့ စီးပွားရေးကလည်း ပညာရေးဖြစ်ပေ မယ့် နိုင်ငံတကာနဲ့ ချိတ်ဆက်တာတို့၊ အစိုးရဌာနတွေနဲ့ ချိတ်ဆက်တာတို့ကို မလုပ်ဘဲ သွားနေတာ။ အဲ့ဒီတော့ ကျွန်တော့်အပေါ်မှာ အဲ့ဒီ နိုင်ငံရေး အပြောင်းအလဲတွေ က သိပ်သက်ရောက်မှု မရှိလှဘူး။ နိုင်ငံရေးမှာ အလှုပ် တွေ ရှိပေမယ့် ကျွန်တော့်အသက်မွေးဝမ်းကျောင်းဖြစ် တဲ့ သင်တန်းကတော့ ကျွန်တော် လုပ်နိုင်ရင် လုပ်နိုင်သ လောက် သူ့နှုန်းလေးနဲ့ သူ ပုံမှန်လေး တိုးတက်နေတယ်။ ကျွန်တော်ကလည်း ဒီပေါ်မှာပဲ ဖိတွန်းထားတာကိုး။ကျွန်တော် အကြံပေးခွင့်ရရင်တော့ အစိုးရ အပြောင်း အလဲပေါ်မှာ ကိုယ့်ကြမ္မာက အရမ်းကြီး မှီခိုမနေရအောင် ပြင်ဆင်ထားနိုင်တာ လူငယ်တွေအတွက် အကောင်းဆုံး ပဲလို့ ပြောချင်မိတယ်။ အစိုးရတိုးတက်မှု ရှိရှိ မရှိရှိ ကိုယ့်တိုးတက်မှုနှုန်းကို
ထိန်းထားနိုင်အောင် ကြိုးစား ထားစေချင်တယ်ပေါ့။ ကျွန်တော်က ဘယ်အစိုးရရဲ့ စွမ်းဆောင်ရည်နဲ့ စေတနာကိုမှ ၁ဝဝ ရာခိုင်နှုန်း မယုံရဲ သေးတာလည်း ပါတယ်။ လက်ရှိတက်လာတဲ့ အစိုးရက စေတနာကောင်းပေမယ့် စွမ်းဆောင်ရည်မှာ လက်တွေ့ ရလဒ်တွေ ထင်ထင်ရှားရှားပြနိုင်တာ နည်းနေသေးတယ် လို့ ထင်မိတယ်။ အချိန်ယူပြီး ပြင်ဆင်ရမယ့် အပိုင်းတွေ ကလည်း များတာကိုး ။ ဒီတော့ ကျွန်တော်က ရွေး ကောက်ပွဲ မစခင်ကတည်းက အရမ်းကြီး မျှော်လင့်ချက် မထားဘဲ ကိုယ်လုပ်နိုင်တာကို ရေရှည်အကောင်းဆုံး ဘာတွေ လုပ်သွားမလဲဆိုတာကိုပဲ အဓိက စဉ်းစားစီစဉ်ခဲ့ တာ။ စေတနာရော လုပ်ရည်ကိုင်ရည်ရော ကောင်းတဲ့ အစိုးရကိုရခဲ့ရင်တော့ ကျွန်တော့်အတွက် အပိုဆုပေါ့ဗျာ။ ဒါပေမယ့် အဲ့ဒီ မျှော်လင့်ချက်က ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် လောလောဆယ်မှာ စိတ်ကူးယဉ် နည်းနည်းဆန်သေးတယ်။ အချိန်အတော်လေး ယူရဦးမယ် ထင်တယ်ပေါ့ဗျာ။

မြတ်မျိုးအောင်
(ဂရပ်ဖစ်ဒီဇိုင်နာ)

ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ စီမံခန့်ခွဲမှုနဲ့ YRTA ခေါင်းစဉ်အောက်မှာ YBS ယာဉ်လိုင်းတွေ ပေါ်လာတယ်။ မထသ ပျောက်သွားတယ်။ လမ်းကြောင်းအသစ်တွေဖြစ် သွားလို့ တချို့တွေ အဆင်ပြေသွားကြသူတွေ ရှိသလို ဒုက္ခရောက်တဲ့လူတွေလည်း ရှိတယ်။ သေချာတာတော့ YBS က ဒီနေ့အထိ တည်ငြိမ်မှုမရှိသေးပါဘူး။ ကား ဟောင်းတွေ အရင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ ရဲ့ ခရီးသည်တွေအပေါ် မချေမငံဆက်ဆံမှုတွေက ပြည်သူတွေကို စိတ်ပျက်စေတုန်းပဲ ရှိပါသေးတယ်။ ဝန်ကြီး ချုပ်ပြောစကားအရ ထပ်ပြီး အဆင့်မြှင့်တင်မှုတွေ ရှိလာဦးမယ်ဆိုတဲ့အတွက် စောင့်ကြည့်ပြီး ဘာဖြစ်လာမလဲ ဆိုတာအပေါ်မှာ တိုးတက်မှုကို ဆုံးဖြတ်ရမှာပါ။ လော လောဆယ်ကတော့ အများစု အဆင်မပြေဖြစ်ပြီးတော့ တချို့တွေ ပိုပြီး ဒုက္ခရောက်နေပါတယ်။ YBS ကြောင့် အရင်ထက် အဆင်ပြေသွားတဲ့လူဆိုတာ လူနည်းစုပါပဲ။ အိမ်စီးယာဉ်တွေနဲ့ Taxi ယာဉ်တွေအတွက်ကတော့ ခါးပတ်ပတ်ခိုင်းတာကလွဲရင် ထူးထူးခြားခြားပြောင်းလဲတာ မတွေ့ရသေးပါဘူး။ ဒါကတော့ ကိုယ်နဲ့လည်း သိပ် ဝေးကွာလွန်းလို့ မမြင်မိမကြားမိတာလည်း ဖြစ်ကောင်း ဖြစ်မှာပါ။ သေချာတာတစ်ခုကတော့ YBS နောက်ပိုင်း ယာဉ်ကြောပိတ်ဆို့တာတွေ အနည်းငယ်ပိုဆိုးလာတယ်လို့ မြင်ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာဆိုရင် ပြည်သူ့ ဆေးရုံကြီးတွေမှာ ဆေးဝါးကုသစရိတ်တွေ သက်သာလာတယ်။ စက်ကိရိယာတွေ စုံလင်ပြည့်စုံလာတယ်လို့ မြင် တယ်။ သို့သော်လည်းပဲ တစ်ဖက်မှာ ဆရာဝန်တွေနဲ့ စာရေးဝန်ထမ်းတွေရဲ့ လူနာတွေ၊ လူနာရှင်တွေအပေါ်မှာ ဆက်ဆံရေးမပြေပြစ်လို့ ဖြစ်တဲ့ ပြဿနာတွေ၊ မလိုလားအပ်တဲ့ လာဘ်ပေးလာဘ်ယူနဲ့ အဓမ္မဆန်ဆန် တောင်း ယူနေတဲ့ ဆက်ကြေးသဘောမျိုးပေးရတဲ့ Tip Money ပြဿနာတွေကတော့ နေ့စဉ်နဲ့အမျှ ကြားနေတွေ့နေရ တုန်းပဲ။ ဝန်ထမ်းတွေက လူနာတွေကို ဆက်ဆံတဲ့နေရာ မှာ ပိုမိုကောင်းမွန်လာဖို့ တစ်ခုခုလုပ်ပေးနိုင်ဖို့ လိုနေ သေးတယ်။အခွန်စည်းကျပ်တာတွေ တိုးမြှင့်ကောက်ခံတာတွေ ဖြစ်လာတယ်။ တစ်ဖက်မှာ ဒေါ်လာဈေးကလည်းတက်နေတော့ ကုန်ဈေးနှုန်းက မတက်သင့်တာတွေရော တက်သင့်တာတွေရော အကုန်လျှောက်တက်နေတယ်။ အဲဒါတစ်ခုတော့ သတိထားမိတယ်။ ကျန်တာတော့ စီးပွားရေးကိစ္စတွေမှာ သိပ်မမြင်တတ်တော့ ပြောရခက်ပါတယ်။

မထက်ဝေနှင်း
(ကုမ္ပဏီဝန်ထမ်း)

ကုန်ဈေးနှုန်းနဲ့ပတ်သက်ပြီးတော့က တချို့နေရာ တွေမှာဆို တက်လာတာတောင်တွေ့ရတယ်။ ဒါက မြန် မာနိုင်ငံမှာ အရင်ကဖြစ်ခဲ့တာတွေကြောင့်လည်း ဖြစ်နိုင် တယ်။ ဘာလို့လဲဆိုတော့ အရင်က ရေဘေးတို့ ဘာတို့ လို သဘာဝဘေးတွေဖြစ်ခဲ့တော့ တက်နေတာတွေက ပြန်မကျသေးတာလည်းဖြစ်နိုင်သလို ပြည်ပက သွင်းကုန် ပို့ကုန်တွေကြောင့် တက်လာတာတွေလည်း ရှိနိုင်တယ်။ ကျန်းမာရေးကတော့ ဒီအစိုးရ ပြောင်းလဲပြီးနောက်ပိုင်း ပိုပြီးစောင့်ရှောက်ပေးမှု ပိုကောင်းလာတယ်လို့ထင်တယ်။ တရားဝင်ဆေးတင်သွင်းရတဲ့အပိုင်းတွေကော ဆေး အတုရောင်းတာတွေ တင်းတင်းကျပ်ကျပ်ဖမ်းတာတွေ တွေ့လာရတယ်။ နောက် ကာကွယ်ဆေးထိုးပေးတဲ့အပိုင်း တွေနဲ့ ရန်ကုန်ဆေးရုံကြီးရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကအစ ကွာခြားတယ်။ ဒါပေမဲ့ အစိုးရအထက်ပိုင်းက လုပ်ပေးပေမယ့် အောက်ခြေမှာ ခြစားနေတာတွေကရှိနေ တုန်းပဲလို့မြင်တယ်။

သွားလာရေးပိုင်းကတော့ အခု ပြောင်းလဲလိုက်တဲ့ YBS ကစနစ်တကျဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် ဦးဖြိုးမင်းသိန်းရဲ့ လုပ်ဆောင်ချက်က နည်းနည်း လေးပျော့ညံ့တယ်လို့ မြင်တယ်။ စနစ်မကျဘူးလို့လည်း ထင်တယ်။ ဦးဖြိုးမင်းသိန်းအနေနဲ့ စနစ်တစ်ခုကို ပြောင်းချင်တယ်ဆိုရင် လုံလောက်တဲ့ကား စီးရေ၊ ယာဉ် လမ်းကြောရေးထားတာတွေကအစ စနစ်တကျလုပ်သင့် တယ်။ လက်ရှိမှာက သူ့ YBS က အောက်ခြေလူတန်းစားတွေအတွက် အဆင်မပြေဘူး၊ ဝန်ထမ်းတွေ ပြန်ရတာ အခက်အခဲဖြစ်တယ်။ ကျပ်ညပ်ပြီး အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေ အရင်ထက်ပိုပြီး အဆင်မပြေဖြစ် လာတယ်လို့ထင်တယ်။ အခြေခံလစာကတော့ တိုးတက်ပြောင်းလဲလာတာ မတွေ့ရဘူး။ အစိုးရကော ပုဂ္ဂလိကမှာရော တိုးတက်လာတာတော့ သိပ်တော့လည်း မတွေ့ရပါဘူး။ အစိုးရက ပြောင်းလဲလိုက်တဲ့ မူဝါဒတချို့ကြောင့် အခြေခံလစာပေါ် မှာ ဒုက္ခရောက်နေတာတွေရှိတယ်။ ဥပမာ သူတို့ ပြောင်းလဲလိုက်တာတွေကြောင့် ရတဲ့လစာနဲ့ အခုဆို သွားလာရေးတွေ ခက်ခဲနေတဲ့အတွက်ကြောင့် စရိတ်တွေတက်တယ်။

မရွှေရည်
(ဈေးကွက်ရှာဖွေရေးလုပ်ငန်း)

ကုန်ဈေးနှုန်းတက်တာက ပြောရရင် ဒေါ်လာဈေး တက်တာတွေနဲ့ ပတ်သက်မယ်ထင်တယ်။ ဒေါ်လာဈေး၊ ရွှေဈေးတွေတက်တာနဲ့အမျှ နေ့စဉ် စားသောက်ကုန် တွေတက်တာပဲ။ ဘာလို့တက်သလဲတော့ စီးပွားရေး ပညာရှင်မဟုတ်လို့ မသိပေမယ့် အစိုးရသစ်တက်ပြီး နောက် ကုန်ဈေးနှုန်းတွေ တက်သွားတာတော့အမှန်ပဲ။ ကျွန်မတို့ရဲ့ နေ့စဉ်စားသောက်ကုန်တွေဖြစ်တဲ့ ကြက် သွန်တွေ၊ ဆီတွေ၊ ဆန်တွေ ဈေးတက်တယ်။ ဒါပေမယ့် ကျွန်မတို့တိုင်းပြည်မှာကတော့ ကုန်ဈေးနှုန်းက အတက် ဘက်ကိုပဲ ဦးတည်နေတာ၊ အကျကိုမရှိဖူးဘူး။ စံချိန် တင်ကို ရွှေဈေး ဒေါ်လာဈေးတွေတက်တော့ ကျန်တာ တွေက ထိန်းမရဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာ ကုမ္ပဏီတွေမှာ လစာတွေကောင်းလာလားဆိုတော့လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ လာတဲ့ ကောင်းကောင်းမွန်မွန် ထိုက်သင့်တဲ့ အကျိုးခံစားခွင့်တွေပေးတဲ့ ကုမ္ပဏီတွေ ရှိလာသလို မပေးဘဲနဲ့ အခြေခံလစာ စည်းမျဉ်းထဲမှာပဲ ပေးနေသေးတဲ့ ကုမ္ပဏီတွေလည်း ရှိတာပဲ။ ဥပမာ ရုံး ဝန်ထမ်းတစ်ယောက်ဆိုရင် ဘယ်သူမှ နှစ်သိန်းထက် ပိုမပေးချင်ကြဘူး။ ဒါက ဟိုးအရင်နဲ့ နှိုင်းယှဉ်ရင်တော့ လည်း ဥပဒေတိတိပပမရှိခဲ့တော့ တစ်နေ့ကို အလုပ် သမားတစ်ယောက်ကို တစ်ထောင်ပဲပေးတာမျိုးတွေ ရှိခဲ့ တယ်။ ကျွန်မကိုယ်တိုင် အလုပ်စလုပ်တော့ အသက် ၁၈ တုန်းက တစ်လစာကို သုံးသောင်းပဲရခဲ့တယ်။ အဲဒီ တုန်းက ဥပဒေတိတိပပမရှိဘူး။ အဲဒါကို စီးပွားရေးသမား တွေက အခွင့်ကောင်းယူတယ်လို့ပဲထင်တယ်။ ဒီဘက် ခေတ်မှာ ဥပဒေနဲ့ အနိမ့်ဆုံးလစာ ဘယ်လောက်ဆိုပြီး ရှိလာတာ ကောင်းတယ်။ ဒါပေမယ့် တစ်သိန်း ရှစ် သောင်းဝန်းကျင်လောက်ပဲဆိုတော့ မိသားစုကိုထောက် ပံ့နေရတဲ့သူတွေအတွက်ဆို ဒီလောက်နဲ့က အဆင်မပြေ ဘူး။ ဒါဟာ အနိမ့်ဆုံးသတ်မှတ်ထားတာပါ။ ဒီထက်ပို ပေးလို့ရပါတယ်။

သွားလာရေးကတော့ မထသရှိတယ် ဆိုတဲ့အချိန်က ဟုတ်တယ်၊ ဒရိုင်ဘာတွေ စပါယ်ယာတွေ အရမ်းဆိုး တယ် အရမ်းရိုင်းတယ်။ ဒါပေမဲ့ ကျွန်မတို့မှာ အစီအစဉ် ကောင်းကောင်းရယ်လို့ မရှိဘဲနဲ့  သူတို့ကိုဖယ်ထုတ်လို့ မရဘူး။ သူတို့ကိုဖယ်ထုတ်ရင် သူတို့နေရာမှာ သူတို့ ထက်မသာတောင် သူတို့လောက်ဝန်ဆောင်မှုပေးမယ့် ကုမ္ပဏီမျိုးတွေ၊ လူတွေ၊ ပစ္စည်းတွေ အဆင်သင့်ရှိနေဖို့ လိုတယ်။ အခု အဲဒါတွေ ဘာမှမရှိဘဲနဲ့ ဝန်ကြီးချုပ်က့ြှ လုပ်လိုက်တယ်။ ကျွန်မကတော့ အဲဒီအချိန်က အဝေးရောက်နေတော့ ကားတွေ အရမ်းကောင်းသွားပြီ၊ အဆင်ပြေသွားပြီလို့ပဲထင်တာ။ လုပ်လိုက်တဲ့သူ့ ရည် ရွယ်ချက်တော့ ကောင်းပါတယ်။ ဒါပေမဲ့ သူ့မှာ အစီ အမံကောင်းကောင်းရှိပုံမရဘူး။ ကျွန်မ ဟိုနေ့က စီး လိုက်တာ ပိုတောင်စုတ်သွားတယ်လို့ ထင်တယ်။ မြို့ထဲ လေးလောက်ပဲအဆင်ပြေတယ်။ ကုန်တိုက်တွေက ဝန် ထမ်းလေးတွေဆိုရင် သူတို့လစာနဲ့ ညဘက်ပြန်ရတာ။မြန်မာတွေထုံးစံအတိုင်းပဲ မြို့ပြင်တွေရောက်နေပြီလေ။ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာတွေကို ဘယ် လောက်ကြာကြာ တက္ကစီတွေစီးပြီး သွားနိုင်မလဲ။ ပြီး တော့ မိန်းကလေးတွေကလည်းအဲဒီလောက်အချိန်ကြီး မှာ ဟိုကားမျှော် ဒီကားမျှော်နဲ့၊ တစ်စီးလုံးမှာ မိန်းကလေး တစ်ယောက်နှစ်ယောက်နဲ့။ သူတို့အတွက် တကယ်လုံခြုံ ရဲ့လား စဉ်းစားဖို့လိုပါတယ်။ ဝန်ကြီးချုပ်ဟာ သေချာဖြေ ရှင်းပေးသင့်တယ်လို့ ထင်ပါတယ်။ အောက်ခြေကလူတွေ အတွက် ပြန်ကိုကြည့်ရမယ်။ သူ အခု ပါးစပ်ပိတ်နေတာ ကျွန်မ အရမ်းဒေါသထွက်တယ်။ သူမွှေးတဲ့မီးသူ မငြှိမ်း တာပဲ မြင်တယ်။ ကျန်းမာရေးကတော့ အရင်ထက် ပိုကောင်းလာ တာတွေ့ ရပါတယ်။ ကျွန်မတွေ့ရသလောက်ကတော့ ဆရာဝန်တွေမလောက်ဘူး။ နိုင်ငံတော်က ဘတ်ဂျက် မလောက်လို့လားတော့မသိဘူး၊ အရင်ကထက်စာရင် တော့ ပိုပြီးရှိသင့်တဲ့ စက်ပစ္စည်းတွေ၊ ကိရိယာတွေ ရှိလာတာတွေ့ရတယ်။ ဈေးနှုန်းတွေလည်း သက်သာ လာတယ်၊ ဆက်ဆံရေးအပိုင်းမှာလည်းပိုကောင်းလာ တာတွေ့ရပါတယ်။ အစိုးရသစ်တက်လာတာ ကောင်း တာတွေရှိသလို မကောင်းဘူးမဟုတ်ပေမယ့် လိုအပ်နေ သေးတဲ့အပိုင်းတွေတော့ ရှိနေသေးတယ်လို့ပြောချင်ပါ တယ်။

ပေါ်ပြူလာနယူးစ်အဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*