နိုင်/ကျဉ်းဟောင်း တစ်ဦး ဘတ်စ်ကားစီးရေ (၇ဝဝ) တင်သွင်းခွင့် ရရှိသည် ဆိုသည့် သတင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ငြင်းဆို

နိုင်/ကျဉ်းဟောင်း တစ်ဦး ဘတ်စ်ကားစီးရေ (၇ဝဝ) တင်သွင်းခွင့် ရရှိသည် ဆိုသည့် သတင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ငြင်းဆို
February 22, 2017 Asian Fame

3:14 pm
နိုင်/ကျဉ်းဟောင်း တစ်ဦး ဘတ်စ်ကားစီးရေ (၇ဝဝ) တင်သွင်းခွင့် ရရှိသည် ဆိုသည့် သတင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ငြင်းဆို

IMG_9318 copy

ဖြိုးထက်အောင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဘတ်စ်ကားစီးရေ ၇ဝဝ တင်သွင်းခွင့်ရရှိ သွားသည်ဟုသတင်းများထွက်ပေါ်ခြင်းသည် အမှန် တကယ်မဟုတ်ဘဲနာမည်ဖျက်လိုသော အစုအဖွဲ့များက လုပ်ဆောင်ခြင်းသာဖြစ် နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးဖြိုး မင်းသိန်းက ပြောသည်။

”နိုင်/ကျဉ်းတွေဟာ ဘာမှကို မရရှာ ပါဘူး။ သူတို့ဟာ သူတို့ အလှူပေးဖို့ လောက်ပဲ လိုက်ကြိုးစားနေတဲ့သူတွေပါ။ ဘတ်စ်ကားစီးရေ ၇ဝဝ တင်သွင်းဖို့တို့ ဘာတို့ဆိုတဲ့အခြေအနေမျိုးလည်း သူတို့ စဉ်းစားတဲ့အထဲမှာတောင် ရှိပုံမရပါဘူး။ အမည်ဖျက်လိုတဲ့ အစုအဖွဲ့တွေ ကနေ ပြီးတော့ နိုင်ငံရေးအကျဉ်းသားဟောင်း တွေက အကျိုးထူးအခွင့်ထူးတွေ ရနေတယ် ဆိုတဲ့ အခြေအနေမျိုး မြင်နိုင်ပါတယ်” ဟု ၄င်းက ပြောသည်။

တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဦး ဆောင်သောရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က တိုင်းအစိုးရရုံးတွင်YBS ယာဉ် လိုင်းများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့စဉ် ထိုသို့ပြော ကြားခဲ့ခြင်းဖြစ်သည်။

ဘတ်စ်ကားတင်သွင်းခွင့်များနှင့် ပတ်သက်၍ လက်ရှိတွင် ကုမ္ပဏီအားလုံး နှင့်ခေါ်ယူစစ်ဆေးနေကြောင်း၊ ဈေးသက် သာ၊ ပစ္စည်းေ ကာင်း၊ အာမခံ အနည်းဆုံး နှစ်နှစ်ပေးနိုင်ပြီး အကြွေးလည်းပေးနိုင် ရမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က စတင်ပြောင်းလဲခဲ့သောYBS ယာဉ်လိုင်း စနစ်ကို သုံးလအကြာတွင် ကုမ္ပဏီစနစ်သို့ ပြောင်းလဲ သွားမည်ဖြစ်ပြီး တိုင်းအစိုးရမှ (က) အစုရှယ်ယာရှင်အဖြစ်ပါဝင်သွားမည် ဖြစ်ကြောင်း၊ ကားအစီးရေ ၃ဝဝဝ ကို တင်သွင်းသွားရန် ရည်မှန်းထားကြောင်း တိုင်းအစိုးရမှသိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*