ဆေးရုံများ၏ ဝန်ထမ်းလိုအပ်မှုကို သိရှိရန် ကွန်ပျူတာထိန်းချုပ်စနစ် ကျင့်သုံးမည်

ဆေးရုံများ၏ ဝန်ထမ်းလိုအပ်မှုကို သိရှိရန် ကွန်ပျူတာထိန်းချုပ်စနစ် ကျင့်သုံးမည်
February 22, 2017 Asian Fame

11:44 am
ဆေးရုံများ၏ ဝန်ထမ်းလိုအပ်မှုကို သိရှိရန် ကွန်ပျူတာထိန်းချုပ်စနစ် ကျင့်သုံးမည်

စိုင်းလမင်း
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

အစိုးရဆေးရုံများ၏ ကျန်းမာရေး ဝန်ထမ်း လိုအပ်မှုအခြေအနေကို သိရှိနိုင်ရန် Computerize စနစ် (ကွန်ပျူ တာထိန်းချုပ်စနစ်) ကျင့်သုံးရန် စီစဉ်နေကြောင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

”ကျွန်တော် စရောက်တဲ့အချိန်မှာ စလုပ်နေပါပြီ။ ဆိုလိုချင်တာက တော့ ဒီစနစ်လုပ်ထားပြီး ခလုတ်နှိပ် လိုက်ရင် နှလုံးအထူးကု ဆရာဝန်ကြီး ဘယ်တိုင်းနဲ့ ပြည်နယ် ဘယ်ဆေးရုံမှာ ရှိတယ်၊ ဘယ်ဆေးရုံမှာတော့ နှလုံး အထူးကု ဆရာဝန်ကြီးတော့ မရှိဘူး။ လိုအပ်နေတယ်။ အဲ့ဒီလိုမျိုး သိ နိုင်အောင် လုပ်ဆောင်ထားပါတယ်”ဟု ၎င်းက ပြောသည်။ ဖေဖော်ဝါရီ တတိယအပတ် အတွင်း ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လွိုင်လင် မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၏ မေးခွန်းကို ဖြေကြားရာတွင် ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုစနစ်ကြောင့် ပင်စင်ယူရမည့် ဆရာဝန်များ အခြေအနေကိုလည်း သိရှိနိုင်မည်ဖြစ်ပြီး လိုအပ်သော နေ ရာများတွင် တာဝန်ချထား ပေးနိုင် တော့မည် ဖြစ်ကြောင်း၊ အဆိုပါစနစ် လုပ်ဆောင်ရန်အတွက် ပြင်ဆင်နေ သည်မှာ မကြာမီအချိန်ကာလအတွင်း ပြီးစီးမည်ဖြစ်၍ စတင်ကျင့်သုံးနိုင် တော့မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ဆေးရုံ ပေါင်းတစ်ထောင်ကျော် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*