မသန်စွမ်းများအတွက် YBS ယာဉ်လိုင်း ၂ဝ၁၇ နှစ်ကုန်ပိုင်းတွင် သီးသန့်ပြေးဆွဲပေးမည်

မသန်စွမ်းများအတွက် YBS ယာဉ်လိုင်း ၂ဝ၁၇ နှစ်ကုန်ပိုင်းတွင် သီးသန့်ပြေးဆွဲပေးမည်
February 22, 2017 Asian Fame

11:40 am
မသန်စွမ်းများအတွက် YBS ယာဉ်လိုင်း ၂ဝ၁၇ နှစ်ကုန်ပိုင်းတွင် သီးသန့်ပြေးဆွဲပေးမည်

YBS2 copy

လင်းဟိန်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

မသန်စွမ်းသူများ လွယ်ကူစွာ စီးနိုင်မည့် သီးသန့် ဘတ်စ်ကား ယာဉ်လိုင်းများကို လာမည့်၂ဝ၁၇ နှစ်ကုန်ပိုင်းတွင် ပုဂ္ဂလိက ယာဉ် ပိုင်ရှင်များက ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

မသန်စွမ်းသူများသည် လက် ရှိ ပြေးဆွဲနေသော ဘတ်စ်ကား စနစ်သစ်တွင် ကားစီးရာ၌ အဆင် မပြေကြသည့်အတွက် မသန်စွမ်း များအတွက် သီးသန့်ဘတ်စ်ကား လိုင်း စီစဉ်ရခြင်း ဖြစ်ကြောင်း ဘတ်စ်ကားပိုင်ရှင် ကိုတရုတ်လေး က ပြောသည်။

”အခု စနစ်သစ်မှာ မသန်စွမ်း တွေ အဆင်မပြေကြဘူးလို့ မသန် စွမ်းအရေး လှုပ်ရှားနေသူတွေဆီက နေတစ်ဆင့် ကျွန်တော် သိရပါ တယ်။ စနစ်သစ်မှာ မသန်စွမ်း မဟုတ်တဲ့သူတွေတောင် အဆင်မ ပြေနိုင်ကြဘူးလေ။ အဲဒါတွေကို ကိုယ်ချင်းစာတဲ့အတွက် သီးသန့် စီစဉ်ဖို့ လုပ်တာဖြစ်ပါတယ်”ဟု ကိုတရုတ်လေးက ပြောသည်။

မသန်စွမ်းဘတ်စ်ကား ယာဉ် လိုင်းတွင် မသန်စွမ်းသူများအပြင် ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ် အိုများလည်း လိုက်ပါ စီးနင်းနိုင် မည်ဖြစ်သည်။ အဆိုပါ မသန်စွမ်း များအတွက် သီးသန့်ဘတ်စ်ကား များကို သီးသန့် မှာယူရမည်ဖြစ်ပြီး ကားစီးရေ ငါးစီးခန့်သာ မှာယူပြေး ဆွဲသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

ကိုတရုတ်လေးက”ကားလေး ငါးစီးလောက်နဲ့ပဲ ဆွဲရမယ်။ မသန် စွမ်းတွေအတွက် သီးသန့်ပဲဆိုတော့ သိပ်အများကြီး ဆွဲစရာလည်း မလို ဘူးလေ။ ဘယ်အချိန် ထွက်မယ် ဘယ်ကိုသွားမယ်။ အဲဒီလို အချိန် အတိအကျ သတ်မှတ်ပြီး ဆွဲသွား ပါမယ်” ဟု ပြောသည်။

မသန်စွမ်း ယာဉ်လိုင်းပြေးဆွဲ ခြင်းသည် စီးပွားရေးအရ ပြေးဆွဲ ခြင်းမဟုတ်ဘဲ ကိုယ်ချင်းစာစိတ် ဖြင့်သာ ပြေးဆွဲခြင်းဖြစ်ကြောင်း၊ ယာဉ်လိုင်း ပြေးဆွဲရေးအတွက် နောက်ပိုင်းတွင် စေတနာရှင်များ နှင့် အရပ်ဘက်အဖွဲ့ အစည်းများ ကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ကိုတရုတ်လေးက ပြောသည်။

အဆိုပါ မသန်စွမ်းယာဉ်လိုင်း ကို ပုဂ္ဂလိက ယာဉ်ပိုင်ရှင်များက သာ ဦးစီးပြေးဆွဲသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့ကပါဝင် ခြင်း မရှိကြောင်း ၄င်းက ဆက်ပြော သည်။

၂ဝ၁၄ ခုနှစ်တွင် ကောက်ယူခဲ့ သော မြန်မာနိုင်ငံ သန်းခေါင်စာ ရင်းအရ ရန်ကုန်တိုင်းဒေသကြီး အတွင်း နေထိုင်ကြသည့် လူဦးရေ ၏ ၃ ဒသမ ၄ ရာခိုင်နှုန်း ခန့်မှာ မသန်စွမ်းသူများ ဖြစ်သည်။ ရန် ကုန်တိုင်းအတွင်းတွင် လက်ရှိပြေး ဆွဲနေသည့်YBS ဘတ်စ်ကားစနစ် သစ်ကို ယခင်ပြေးဆွဲနေခဲ့သော မထသဘတ်စ်ကားစနစ်အား ဖျက် သိမ်းပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့တွင် စတင်ပြောင်းလဲ ခဲ့ခြင်း ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*