ထို့ကြောင့် ဤအရာကို သံသရာဟုခေါ်သည်

ထို့ကြောင့် ဤအရာကို သံသရာဟုခေါ်သည်
February 22, 2017 Asian Fame

2:05 pm
ထို့ကြောင့် ဤအရာကို သံသရာဟုခေါ်သည်

revolution

လူနာနှင့် ရောဂါ

လောကမှာ လူရယ်လို့ ဖြစ်လာပြီ ဆိုကတည်းက ရှောင်လွှဲမရတဲ့အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ ဒုက္ခတွေနဲ့ လူသားအားလုံး ကြုံတွေ့ကြရမှာ မြေကြီးလက်ခတ် မလွဲ။ ဒီဒုက္ခသုံးပါးထဲမှာ အိုခြင်းနဲ့ သေခြင်းကို လူတွေ ကြောက်ကြတယ်ဆိုပေမယ့် ပြောစမှတ်ပြု လောက်အောင် ဖိန့်ဖိန့်တုန်ပြားပြား ဝပ် ကြောက်တာမျိုးတော့ မဟုတ် ဘူး။ ရင်ဆိုင်လိုသည်ဖြစ်စေ၊ မဆိုင် လိုသည်ဖြစ်စေ၊ တစ်နေ့တော့ အားလုံးကြုံတွေ့ကြရမယ့် ဖြစ်စဉ်တွေမို့ အတန်အသင့် တရားနှလုံး သွင်းနိုင်ကြတယ်။ တွေ့လည်း မ တွေ့ချင်၊ ဘယ်အချိန်တွေ့မယ်မှန်း လည်းမသိ၊ ကြုံရမှာကိုလည်း ကြောက်၊ ဖြစ်လာခဲ့ရင်လည်း ငါ့မှကံကွက်ကျားပြီး ဖြစ်ရလေခြင်း၊ လောကကြီးက ငါ့ကို ရက်စက်တယ်။ မတရားလိုက်တာ၊ ငါလေး သနားပါတယ်….ဒီလို ဒီလို ယူ ကြုံးမရ၊ အပူလုံးကြွစရာတွေ ဖြစ်အောင် ပိုးစိုးပက်စက် လုပ်နိုင်တာကတော့ နာခြင်းတရား သို့မဟုတ် ရောဂါဖိစီးနှိပ်စက်မှုပါပဲ။ ဘာကြောင့်များနာခြင်းကို လူ တွေ အရမ်းကာရော ကြောက်ရသ တုန်း။ နာတာထက်ကို သေတာ ကပိုမဆိုးပေဘူးလားကွဲ့။ သေတာ ကို သိပ်မကြောက်ဘဲ နာတာကို ကြောက်ကြတယ်ဆိုတော့ မဟုတ် သေးဘူးနော်လို့ စောဒကတက် ချင်ကြမယ်ထင်တယ်။ စောဒကဆို တာလည်း တက်ရတဲ့အမျိုးကိုး၊ စောဒက ကျလို့မှမရပဲ။

သေတယ်ဆိုတာ အားလုံး တစ်တန်းတစ်စားတည်း Universal Process လေ။ သာတူညီမျှ အလွန်ရှိတယ်။ ဘယ်သူဘယ်လောက် ကြီးကြီး ဘာကြီးဖြစ်နေနေ သေတာ ကို ရှောင်လွှဲလို့မရ။ လူတိုင်းကြုံရ မှာမို့ လူတစ်ယောက် သေပြီဆိုရင် သေမှာပေါ့၊ အကုသိုလ်များတာ ကိုး၊ ဘာကိုး၊ ညာကိုး စသည်ဖြင့် ကဲ့ရဲ့ရှုတ်ချစရာ အကြောင်း သိပ်မရှိလှဘူး။ သိပ်ကို ဆိုးရွားသောင်းကျန်းသူများက လွဲရင်ပေါ့လေ။

”သြော်…သူတောင်ဆုံး သွားရှာပြီကိုး၊ အင်းလေ..လူဆိုတာ သေမျိုးချည်းပဲကိုး။ ကိုယ့်အလှည့်လည်း ဘယ်တော့ရောက်မယ် မသိဘူး။ နောက်ဘဝအတွက် အထုပ်ပါအောင် ဒါနနဲ့ သီလပါရမီ လေးတွေ ဖြည့်ထားကြနော်။ အ သက်က အငယ်လေးရှိသေးတာ၊ နေမယ်ဆို အများကြီး နေလို့ရသေးတာနော် အရွယ် ကောင်းလေး။ တိုင်းပြည်အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုပေပဲ” သို့ ကလို၊ ဟိုလို၊ ဒီလိုတွေ သေသူရဲ့ ပညာ၊ ဂုဏ်၊ စည်းစိမ်၊ ဥစ္စာအပေါ် မူတည်ပြီး လူသေအပေါ်ကျွန်တော် တို့ လူရှင်တွေက စိတ်မကောင်း၊ သံဝေဂရ၊ နှမြောတသဖြစ်ကြ၊ ဖြစ် ချင်ယောင်ဆောင်ကြတယ်။ ဘာပဲပြောပြော၊ သေတဲ့အတွက် ဂုဏ်မငယ်လှဘူး။ အနည်း ဆုံး အသုဘလာမေးတုန်းကတော့ သေသူ့ မကောင်းကြောင်း မပြော ကြဘူး။ ဂန္ဓာလရာဇ် နွယ်ဖွားများ သေရင် လာသမျှ လူအားလုံးရဲ့ ကန်တော့ခြင်းကိုတောင် ခံရသေး တယ်မဟုတ်လား။

ရောဂါဖြစ်ပြီ ဆိုရင်တော့ ဇာတ်လမ်းကတစ်မျိုး တစ်ဘာသာ ဖြစ်လာပါပြီ။ မှတ်ပုံတင် လုပ်သလို မျိုးရောဂါတစ်မျိုးတည်းကို လူတွေ အားလုံး ပြုံဖြစ်ကြတာမျိုး မဟုတ်တော့ Universal Process မဟုတ်တော့ဘဲ Comparative သဘော ဆောင်လာပါတယ်။ သူမဖြစ်၊ ငါ ဖြစ်၊ သူစံ ငါခံ အခြေအနေမျိုးဆို တော့ ရောဂါကြီးကြီးမားမား ဖြစ်ခံရတဲ့လူအတွက်ကတော့ လောကကြီးဟာ အလွမ်းဇာတ်သက်သက်ပါပဲ။သေသူအပေါ်ထားတဲ့ သဘောထားမျိုးကို လူတွေက ရောဂါသည်အပေါ်ထားနိုင်ကြပါ့မလား။ အသုဘက တစ်ခါပဲသွားမေးရမယ်။ ကိုယ့် စိတ်ထဲပါပါ၊ မပါပါ အသုဘရှင် တွေ စိတ်ချမ်းသာအောင် အမလေး၊ အသေစောလို့ နှမြောပါဘိ၊ ဂွိ၊ ဂိ၊ ဘာညာ၊ ဇွတ်ကြိတ်ပစ်လိုက်လို့ ရသပေါ့။လူမမာ ဆိုတာက မသေမပျောက်အမျိုး၊ သေလည်းမသေ သေးဘူး။ ရောဂါကြီးကလည်းတန်း လန်းတန်းလန်းနဲ့ ပျောက်လည်း မပျောက်ဘူး။ လူနာကို သွားလေ သူလို နှမြောပါဘိတွေ ဘာတွေ သွားချီးမွမ်းလို့လည်းမရဘူးဆို တော့ သေတာထက်စာရင် နာရတာ ဂုဏ်ငယ်၊ ဂိုက်ပဲ့လွန်းလှတယ်။ဒါတောင် ဖြစ်တဲ့ရောဂါပေါ် မူတည်ပြီး ဂုဏ်ရောင်ရှိန်ဝါ သေးသိမ်ခြင်းဒီဂရီက ကွာခြားသေးတာ။

နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါစတဲ့ မကူးစက်နိုင်တဲ့ နာတာရှည်ရောဂါများကို ခံစားရ တယ်ဆိုကြပါစို့။ နှလုံးရောဂါ ရလို့ တဲ့၊ ဖြစ်မှာပေါ့၊ ကမြင်းကြော ထ တာကိုးလို့ ဘယ်သူပြောမလဲ၊ မ ပြောရေးချ မပြော၊ သနားကြင်နာ ကြတယ်။ ဆွေမျိုးသားချင်းတွေက ပြုစုယုယကြတယ်။ လူနာကို ဂရု စိုက်လိုက်ကြပါလို့ ဆရာဝန်တွေ ထွေထွေထူးထူးမှာနေစရာကို မလို ဘူး။ လူနာရှင်ရဲ့ ငွေကြေးဥစ္စာ ပြည့်စုံမှုနဲ့ လူနာအပေါ် ပြုစုစောင့် ရှောက်မှုဟာ တိုက်ရိုက်အချိုးကျ တယ်။ သူဌေးများ ဒီလိုရောဂါမျိုး တွေဖြစ်လို့ကတော့ တစ်အိမ်လုံး က ဖူးဖူးနဲ့မြည်အောင် ဝိုင်းမှုတ် ထားကြတယ်။ လူနာကိုယ်တိုင်က ငါ့ကို အရေးပေးလှပါလားဆိုတာ သိလာချိန်မှာ လိုအပ်တာထက် ပိုပြီး အခွင့်အရေး ယူကာ အိမ်သား များအပေါ် ဗိုလ်ကျစိုးမိုးရေးဝါဒကို လက်ကိုင်ပြုကျင့်သုံးလာသူများလည်း ဒုနဲ့ဒေး။ ဒါကြောင့်လည်း တစ်ခေတ် တစ်ခါက ရုပ်ရှင်၊ ဝတ္ထု တွေထဲမှာ အမေကြီးရဲ့ နှလုံးရောဂါဟာ သမီး နဲ့ သူ့ရည်းစားကိုခွဲတဲ့ တရားခံအ ဖြစ် မှန်မှန်ကြီး အသုံးတော်ခံခဲ့ရတယ်။

”သမီး အမေ့မှာ နှလုံးရောဂါ ရှိတာသိတယ်နော်။ အမေသဘော မတူတဲ့ ဒီအကောင်နဲ့ ခုချက်ချင်း အဆက်ဖြတ်လိုက်ပါ သမီးရယ်။ အမေ့သမီးက အမေ စိတ်မချမ်း သာတာ ဘာ..ဟာ..ဟာ (အ မောဆို့သံ) မှ မလုပ်ဘူးဆိုတာ အမေသိပါတယ်” ဒီလို အပျော့ ဆွဲချင်ဆွဲ။ ဒါမှမဟုတ်…”ဟဲ့ကောင်မတွေ၊ ငါ့မှာ ရော ဂါကြီးနဲ့ဆိုတာ နင်တို့သိတယ်နော်၊ ငါ့ကို စိတ်မချမ်းသာအောင် လုပ် နေကြတာ။ နောင်မှ နောင်တ မရ ကြနဲ့။ အမ်..မာ..လေး။ မော..ဟော..ဟော..လိုက် တာ။ ငါအခု ပျံလွန်တော်မူလိုက်ရ မလား” ဒါမျိုး ဓာတ်ကြမ်းတိုက်ချင် တိုက်ပါတယ်။

တကယ့် ရောဂါသည်စစ်စစ် ဆိုရင်တော့ ဒီလောက်နန်းစတော့ ပြောနေရင် အသက်ထွက်တာကြာပေါ့။ သို့သော် ရုပ်ရှင်တွေ အားကျပြီး လိုက်မလုပ်ဘူးလို့တော့ မပြော နိုင်ပေဘူး။ ဒီလိုရောဂါမျိုးတွေကို ဝေဒနာရှင်ဘက်က အားသာတဲ့ ရောဂါတွေလို့ ခေါ်ပါတယ်။ ပညာ ရပ်ဆိုင်ရာ စကားလုံးကတော့ Sickness Roleရရှိသောရောဂါ များလို့ခေါ်ပါတယ်။ လက်ပရိုစီ ခေါ်တဲ့အနာကြီးရောဂါတို့၊ ချောင်းဆိုးသွေးပါတီဘီတို့၊ လေး လုံးရောဂါခေါ် အေအိုင်ဒီအက်စ် ဝေဒနာရှင်တို့ကျတော့ ခုနက နှလုံး၊ သွေးတိုး၊ ဆီးချိုသမားတွေနဲ့ တစ် တန်းတစ်စားတည်းထားပြီး ဖူးဖူး မှုတ်ထားကြပါသလား။ ဘယ့်နှယ် မှုတ်လိမ့်မတုန်း။ ဒီလိုရောဂါမျိုး မိသားစုထဲမှာ ဖြစ်လာပြီဆိုရင် ရွံ လွန်းလို့၊ စက်ဆုပ်လွန်းလို့၊ ရောဂါ သည်ကို အိမ်ပေါ်က နှင်ချတာတို့၊ အမွေပြတ်ကြော်ငြာတာတို့ ရက်ရက်စက်စက် လုပ်ကြလေ့ရှိတယ်။ လူနာကို စာနာပါ၊ သနားပါ၊ အား ပေးပါ၊ ကူညီပါ၊ ဘယ်လောက်ပြော ပြောနားမဝင်တတ်ကြဘူး။ နောက် ဆုံး နူရာဝဲစွဲ၊ လဲရာ သူခိုးထောင်း၊ စားရမဲ့ သောက်ရမဲ့၊ ကူကယ်ရာမဲ့ စွာနဲ့ ဝေဒနာရှင်ခမျာ လူ့အောက် က သတ္တဝါတစ်မျိုးအဖြစ် ပက်ပက် စက်စက် ဘဝဆုံးလေ့ ရှိတယ်။ မိအေးနှစ်ခါနာရောဂါများလို့ ဆိုကြပါစို့ရဲ့။ ပညာ စကားနဲ့ပြောရင် Socially Stigmatized Diseases လို့ လူသိများတယ်။

ရောဂါသည်ချင်းတူတူ ဘာ ဖြစ်လို့ အဆင့်အတန်းနဲ့ ဆက်ဆံ ရေး ဒီလောက်ထိ ကွာခြားသွားရ တာလဲ။ ကူးစက်နိုင်လို့ဆိုတဲ့ အ ကြောင်းပြချက် တစ်ခုတည်းကြောင့် တော့မဟုတ်။ လက်ချင်း ထိလိုက် တာနဲ့၊ မျက်လုံးချင်း စကားပြော မိတာနဲ့ ဗြုန်းခနဲ၊ ဒိုင်းခနဲ ကူးသွား တဲ့ ရောဂါမျိုးတွေလည်း မဟုတ်။ Socially Stigmatized Diseases တွေကို ရှေးပဝေသဏီကတည်းက အကုသိုလ်များလို့၊ ကံနိမ့်လို့၊ အောက်တန်းကျလို့၊ ယုတ်မာညစ်ပတ်စုတ်ပဲ့လို့ ဘုရားရိုက်တဲ့ ရောဂါများလို့ ကျွန်တော်တို့ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းက အစဉ်အဆက် ခံယူကျင့်သုံးခဲ့တဲ့ လူမှုစံ (Social Norm) တစ်ခုအဖြစ် ခိုင်ခိုင်မာမာ ရှိခဲ့ပြီးဖြစ်နေလို့ပါပဲ။ ခု နောက်ပိုင်း ဒီလိုရောဂါမျိုးတွေကို ဖေးမကူညီ ကြည်ဖြူစာနာဖို့ ကျန်း မာရေးပညာပေး လုပ်ငန်းများက ထဲထဲဝင်ဝင်ပြောလာကြပေမယ့် လက်တွေ့မှာတော့ စာနာနိုင်ဖို့၊ ကြည်ဖြူနိုင်ဖို့၊ ကြင်နာနိုင်ဖို့က အတော်ခက်နေကြပါသေးတယ်။ ခေတ်အဆက်ဆက် အရိုးစွဲအောင်ကျင့်သုံးလာခဲ့တဲ့ ဓလေ့ထုံးစံကြီးကို ခုချက်ချင်းပြင်ဆိုလို့ကတော့ ဟောရင်းနဲ့သာ ပျံလွန်တော်မူမယ်၊ လိုက်နာဖို့ကတော့ မလွယ်ရေးချ မလွယ်။

Juan

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*