ဝင်ငွေခွန် ဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်ပေးရန် လွှတ်တော် ကိုယ်စားလှယ် တချို့ပြော

ဝင်ငွေခွန် ဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်ပေးရန် လွှတ်တော် ကိုယ်စားလှယ် တချို့ပြော
February 21, 2017 Asian Fame

6:28 pm
ဝင်ငွေခွန် ဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်ပေးရန် လွှတ်တော် ကိုယ်စားလှယ် တချို့ပြော

၂ဝ၁၇ ခုနှစ် အခွန်အကောက် ဥပဒေကြမ်းပုဒ်မ ၆ တွင် ပြည်သူများ ၏ ဝင်ငွေခွန်နှင့်ပက်သက်ပြီး ရေးဆွဲထားမှုသည် အခြေခံလက်လုပ်လက်စားများ၊ အခွန်ထမ်းဆောင်ရခြင်းသည် မသင့်တော်သောကိစ္စဖြစ်သောကြောင့် ပြင်ဆင်ပေးရန်အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တချို့က ပြောသည်။

” အခြေခံ လက်လုပ်လက်စားများက ကိုယ့်ရဲ့ မရှိလို့မနည်းကို ရှာဖွေစုဆောင်းထားပြီးတော့၊ မနည်းကြီး အိမ်တစ်လုံးရဖို့၊ နေလို့ရအောင် ခြံလေးရဖို့အတွက်ကို စုဆောင်းထားပြီးတော့ အိမ်ခြံမြေ ဝယ်ယူတဲ့နေရာမှာ ဝင်ငွေခွန်ပေးဆောင်ရမယ်ဆိုတဲ့ နေရာမှာ တစ်လမှ ငါးသောင်းတစ်သိန်းလောက်ကို စုပြီး မဖြစ်မနေ အိုးအိမ်လေးဝယ်ယူဖို့ရာ အခွန်ကိုထပ်မံပြီးတော့ စည်းကြပ်မယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၈မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိပြုံးက လွှတ်တော်အစည်းအဝေးတွင်ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ပြည် ထောင်စုလွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး၊ သတ္တမမြောက်နေ့ တွင် ၂ဝ၁၇ခုနှစ် အခွန်အကောက်ဥပဒေကြမ်းနှင့်ပက်သက်ပြီး ဆွေး နွေးရာတွင် ကိုယ်စားလှယ်များက တင်ပြခဲ့ကြခြင်းဖြစ်သည်။ ပြင်ဦးလွင်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်ခင်ကလည်း ” လစာရတဲ့သူတွေကျတော့ ၄၈ သိန်းအထိရပြီးတော့ စီးပွားရေးလုပ်တဲ့သူတွေ(သို့မဟုတ်) လက်လုပ် လက်စားလုပ်တဲ့သူတွေကျတော့ သိန်း၂ဝ ဆိုရင် ကောက်နေတာသည် ပြည်သူချင်းအတူတူ ရပိုင်ခွင့်မတူသလိုဖြစ်နေပါတယ်။ ဒီမိုကရေစီဆိုတာ ကျွန်တော်တို့က မည်သူမဆို ဥပဒေတစ်ခုက အတူတူဖြစ်ရမှာပါ” ဟုပြောသည်။

လစာမှနှစ်တစ်နှစ် အတွင်း ဝင်ငွေကျပ် ၄၈ သိန်းအထက်ရရှိသူဖြစ်လျှင် သို့မဟုတ် အသက်မွေးဝမ်းလမ်းကျောင်းလုပ်ငန်း၊ စီးပွား ရေးလုပ်ငန်းနှင့် အခြားရလမ်းများမှ ဝင်ငွေဖြစ်လျှင် မည်သူကိုမဆို စုစု ပေါင်းဝင်ငွေမှ ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များ ခုနှိမ်ပြီးနောက် ကျန်ဝင်ငွေအပေါ် ဝင်ငွေ အလွှာအလိုက် စည်းကြပ်ရမည့်ဝင် ငွေခွန်နှုန်းထားများကို လူတစ်ဦးချင်း ဝင်ငွေသည် တစ်ကျပ်မှ သိန်းနှစ် ဆယ်ရရှိလျှင် ဝရာခိုင်နှုန်းသို့ လည်း ကောင်း၊ သိန်းနှစ်ဆယ်မှ သိန်းငါး ဆယ်ရရှိလျှင် ၅ ရာခိုင်နှုန်းသို့ လည်း ကောင်း၊ သိန်းငါးဆယ်မှ သိန်းတစ်ရာရရှိလျှင် ဆယ်ရာခိုင်နှုန်းသို့ လည်းကောင်း၊ သိန်းတစ်ရာမှ သိန်း နှစ်ရာထိ ရရှိလျှင် ဆယ့်ငါးရာခိုင် နှုန်းသို့လည်းကောင်း၊ သိန်းနှစ်ရာမှ သိန်းသုံးရာထိရရှိလျှင် နှစ်ဆယ်ရာ ခိုင်နှုန်းသို့လည်းကောင်း၊ သိန်းသုံးရာ ကျော်ပါက နှစ်ဆယ့်ငါးရာခိုင်နှုန်း သို့လည်းကောင်း အသီးသီးကောက်ခံ သွားရန် ၂ဝဝ၇ ခုနှစ် အခွန်အ ကောက် ဥပဒေကြမ်းတွင် ပြဌာန်း ထားသည်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*