3:31 pm
YL , PHA
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
နိုင်ငံတကာ အဖွဲ့အစည်းများမှ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာကျသည့် စုံ စမ်းစစ်ဆေးမှုများကို လက်ခံခြင်း မပြုရေးကို ခိုင်မာစွာ ရပ်တည်ရန် အစိုးရအား ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တိုက်တွန်း ပြောကြားလိုက်သည်။
ယခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် နေ့ရက်စွဲဖြင့် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထုတ်ပြန် ချက် တစ်စောင်ကိုထုတ်ပြန်လိုက် ခြင်းဖြစ်ပြီး ယင်းထုတ်ပြန်ချက်တွင် ယခုကဲ့သို့ တိုက်တွန်းထားခြင်း ဖြစ်သည်။ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ လ ၉ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော နယ် ခြားစောင့် ရဲကင်းစခန်း(၃)ခု အ ကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ် အပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားဥပဒေနှင့်အညီ နယ်မြေရှင်း လင်းရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် ပြည်တွင်း ကိစ္စရပ်တစ်ခုသာဖြစ်ကြောင်း၊ သို့သော်ကုလသမဂ္ဂ လူ့အခွင့်အ ရေးဆိုင်ရာမဟာမင်းကြီးရုံးမှ အ စီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကြီးမားသော လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ ရှိနေသည့်အတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရေး အပါအဝင် ပြင်းထန်သော အသုံး အနှုန်းများဖြင့် ပြစ်တင်ဝေဖန်ထား ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် အဆိုပါဖြစ်ရပ်များ နှင့်ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင်စွက်ဖက် ဖိအား ပေးလာခြင်းမှာ ဖြစ်စဉ်ဖြစ်ပွားခဲ့စဉ် အချိန်မှစ၍ ပြည်ပအကြမ်းဖက် အဖွဲ့အစည်းများ ကျောထောက် နောက်ခံပြု၍ အကြမ်းဖက်တိုက် ခိုက်မှုများမှာ ဘင်္ဂါလီအကြမ်းဖက် သမားများဖြစ်သည်ဟု အစိုးရအ နေဖြင့် ပြတ်ပြတ်သားသား ကြေညာခဲ့ခြင်းမရှိမှုကြောင့်ဟု ပြည်ခိုင်ဖြိုးပါတီက ဝေဖန်ထားသည်။
ဆက်လက်၍ ပြစ်မှုကျူးလွန်သူ အကြမ်းဖက်သမားများကို တရား ဥပဒေနှင့်အညီ စစ်ဆေးဖော်ထုတ် အပြစ်ပေးရမည်ဖြစ်ကြောင်း၊ အ ကြမ်းဖက်တိုက်ခိုက်သူများနှင့် အ ဖွဲ့အစည်းများကို အကြမ်းဖက် အ ဖွဲ့များအဖြစ် ပြတ်ပြတ်သားသား ကြေညာရန်လိုအပ်ကြောင်း၊ လူ့ အခွင့်အရေး ချိုးဖောက်သည်ဟူ သော စွပ်စွဲချက်များနှင့် ပတ်သက် ၍လည်း ပြည်တွင်း၌ စုံစမ်းစစ် ဆေးရေးအဖွဲ့အသီးသီးဖြင့် ဖွဲ့စည်း ဆောင်ရွက်နေပြီဖြစ်ရာ ပြည်ပ နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ပြည်တွင်းရေးကို ဝင် ရောက်စွက်ဖက်ရာကျသည့် စုံစမ်း စစ်ဆေးမှုများကို လက်ခံခြင်းမပြု ရန် အစိုးရသို့ ပြည်ခိုင်ဖြိုးပါတီက ထပ်မံ တိုက်တွန်းထားသည်။