မြန်မာသံရုံး၏ မှတ်ချက်ကြောင့် မလေးရှားသို့ အလုပ်သမားပို့ခွင့် ပိတ်ထားဦးမည်

မြန်မာသံရုံး၏ မှတ်ချက်ကြောင့် မလေးရှားသို့ အလုပ်သမားပို့ခွင့် ပိတ်ထားဦးမည်
February 17, 2017 Asian Fame

3:41 pm
မြန်မာသံရုံး၏ မှတ်ချက်ကြောင့် မလေးရှားသို့ အလုပ်သမားပို့ခွင့် ပိတ်ထားဦးမည်

ရဲလွင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

မလေးရှားသို့ မြန်မာလုပ်သား စေလွှတ်ခွင့်ပြုရန် မသင့်သေးကြောင်း မြန်မာသံရုံးက မှတ်ချက်ပြုသဖြင့် အလုပ်သမား ပို့ခွင့်ပိတ်ထားဦးမည်ဟု အလုပ်သမားနှင့် လဝကဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ အလုပ်သမားပို့ခွင့်ကို ယမန် နှစ် ဒီဇင်ဘာလ ၆ ရက်နေ့က တည်းက ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ပြန် လည် ခွင့်ပြုရန်သင့်၊ မသင့် မလေး ရှားနိုင်ငံရှိ မြန်မာသံရုံးသို့ အလုပ်သမားနှင့် လဝက ဝန်ကြီးဌာနက မှတ်ချက်တောင်းရာတွင် အထက်ပါအတိုင်း အကြောင်းပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ”အဲ့ဒါကြောင့် လောလောဆယ်ခွင့်ပြုဖို့ မရှိသေးပါဘူး” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီပြဿနာနှင့် ပတ်သက်၍ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်၏ ဦးဆောင်ဆန္ဒ ထုတ်ဖော်မှုများရှိခဲ့ပြီး မလေးရှား နိုင်ငံအတွင်း ဖြစ်ပွားသောပြဿနာများကြောင့် အလုပ်သမားပို့ခွင့်ကို ပိတ်ထားခဲ့ခြင်း ဖြစ်သည်။ အလုပ်သမား ပို့ခွင့် ပိတ်ထား သည့် ကာလသည် ၂ လကျော်ရှိခဲ့ ပြီဖြစ်ရာ အချိန် ကြာမြင့်စွာ ပိတ် ထားပါက နစ်နာမှု များစွာ ကြုံတွေ့ နိုင်ကြောင်း မလေးရှားသို့ အလုပ် သမားပို့နေသည့် အေဂျင်စီများက ပြောသည်။ထိုနှစ်လကျော်အတွင်း ပြည်ပ အလုပ်အကိုင် အေဂျင်စီများအနေဖြင့် မလေးရှားသို့ပို့ရန်လျာထားသည့် အလုပ်သမားများစွာ ရှိခဲ့ပြီး ယင်းတို့ကိုလည်း မပို့နိုင် တော့ကြောင်း အလုပ်သမားဝန်ကြီး ဌာနသို့ ပြန်လည် တင်ပြထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*