အသတ်ခံရသည်ဟု ယူဆရသော မြန်မာအမျိုးသမီး တစ်ဦးနှင့် ကလေးငယ် နှစ်ဦး၏ ရုပ်အလောင်းများ မလေးရှားတွင် တွေ့ရှိ

အသတ်ခံရသည်ဟု ယူဆရသော မြန်မာအမျိုးသမီး တစ်ဦးနှင့် ကလေးငယ် နှစ်ဦး၏ ရုပ်အလောင်းများ မလေးရှားတွင် တွေ့ရှိ
February 17, 2017 Asian Fame

4:58 pm
အသတ်ခံရသည်ဟု ယူဆရသော မြန်မာအမျိုးသမီး တစ်ဦးနှင့် ကလေးငယ် နှစ်ဦး၏ ရုပ်အလောင်းများ မလေးရှားတွင် တွေ့ရှိ

(ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၃)

မြန်မာအမျိုးသမီး တစ်ဦးနှင့် ကလေးငယ်နှစ်ဦးတို့  အခန်းတွင်း ဝယ် သေဆုံးနေသည် ကို မလေး ရှားနိုင်ငံ အန်ပန်း ခရိုင်တွင်းရှိ အ ခန်း တစ်ခုဝယ် ယမန်နေ့ညက တွေ့ ရှိရကြောင်း သိရသည်။

အနှိပ်ခန်းတွင် အလုပ်လုပ်သူ မြန်မာအမျိုးသမီး တစ်ဦးနှင့် က လေးငယ်နှစ်ဦး တို့အား သူ့ခင်ပွန်း ဖြစ်သူ၏ နံဘေးတွင်ပင် သေ ဆုံး နေသည် ကို ယမန်နေ့ည ၁၂ နာရီ ခန့်က တွေ့ရှိရခြင်းဖြစ်ပြီး၊ ခင်ပွန်း ဖြစ်သူမှာလည်း သတိမေ့နေကြောင်း အန်ပန်းဂျာယာ ခရိုင် ရဲတပ်ဖွဲ့မှူး ထံ မှ သိရသည်။ ယင်းကို လူသတ်မှု အဖြစ် ရဲတပ်ဖွဲ့မှ သတ်မှတ်ထား သည်။

အသက် ၄၇ နှစ်အရွယ် အမျိုး သမီးနှင့် အသက် ၁ဝ နှစ်အရွယ် သူ၏ သမီးငယ်၊ အသက် ၃ နှစ်အ ရွယ် သူ၏ မြေးယောက်ျားလေး တို့ သေဆုံးခြင်း ဖြစ်သည်။

အိမ်ခန်းတွင်းမှ သွေးများစီး ကျနေကြောင်း သတင်း ပေးပို့ချက် အရ ရဲတပ်ဖွဲ့ဝင်တို့သည် ယင်း အိမ်၏ တံခါးကို ချိုးဖျက် ဝင်ရောက် ကြရာမှ ထိုသို့ တွေ့ရှိ ရခြင်းဖြစ် ကြောင်း ခရိုင် ရဲတပ်ဖွဲ့မှူးက ပြော ပါသည်။

သေဆုံးသူ အမျိုးသမီး၏ ခင် ပွန်းဖြစ်သူ အသက် ၄၇ နှစ်အ ရွယ်ရှိ အမျိုးသား မှာလည်း အလုပ် လက်မဲ့ တစ်ဦးဖြစ်ပြီး၊ လောလော ဆယ်တွင်မူ အန်ပန်း ဆေးရုံသို့ ပို့၍ ပြုစုကုသမှု ပေးထားကာ၊ စုံစမ်း ထောက်လှမ်းမှုတွင် အထောက်အ ကူရရှိရေး အတွက် ရက်သတ္တ တစ် ပတ်ခန့် ချုပ်ရက် ယူထားပြီး ဖြစ် သည်။

သေဆုံးသူ သုံးဦး၏ ရုပ်အ လောင်းများကိုလည်း အဆိုပါဆေး ရုံသို့ပင်ပို့ထားပြီး သေပြီး ခွဲစိတ် စစ်ဆေးမှု ပြုလုပ်နေကြောင်း သိရ သည်။

PN002
ref: Myanmar masseuse, two children found dead

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*