အမှုမဲ့မှသည် လက်လွတ်စပယ်

အမှုမဲ့မှသည် လက်လွတ်စပယ်
February 17, 2017 Asian Fame

4:36 pm
အမှုမဲ့မှသည် လက်လွတ်စပယ်

Untitled-1(ဤစာမူ မစခင်မှာ ကြိုတင်ဝန်ခံစရာ တစ်ခုရှိပါသည်။ ကျွန်တော် လေးစားရသည့် စာရေးဆရာကြီးများထဲမှ ဆရာကြီး တစ်ဦးက ယခုဆောင်းပါးမျိုးကို လွန်ခဲ့ သည့် ၁၅ နှစ်ဝန်းကျင်က ရေးသားခဲ့ဖူးပါ သည်။ လူတွေ၏နာမည်တွေကို မမှတ်မိ တတ်သည့် ကျွန်တော်၏ မှတ်ဥာဏ်ကြောင့် အကြောင်းအရာတွေကို မှတ်မိနေသော် လည်း မည်သည့် ဆရာကြီးက ရေးသားခဲ့ သည်ကိုတော့ ဘယ်လို မှ ပြန်စဉ်းစား ၍ မရတော့ပါ။ ကျွန်တော် ယခု ဇောင်းပေး တင်ပြသွားမည့် အကြောင်းခြင်းရာက တော့ မတူညီသော ရှုထောင့်မှ ချဉ်းကပ် မှု တစ်ခုဖြစ်ပါသည်။ သို့သော် ထိုဆရာကြီး ၏ အယူအဆသုံးသပ်မှုများကတော့ ကျွန် တော်၏ ယခု ချဉ်းကပ်မှုအပေါ်တွင် လွှမ်း မိုးကောင်း လွှမ်းမိုးနေနိုင်ပါသဖြင့် ထို အယူအဆ သုံးသပ်မှုများကို ပြန်လည် ရေးသားမိနိုင်ပါသည်။ ကျွန်တော်အမှတ် မှားပြီး ကွဲလွဲသော စကားလုံးများကိုလည်း သုံးမိလိုက်နိုင်ပါသည်။ ထိုအတွက် ကာယ ကံရှင်ဆရာကြီး ကိုယ်တိုင်ဖြစ်စေ၊ ဆရာ ကြီးကို လေးစားသော တစ်စုံတစ်ယောက် စီတိုင်းကဖြစ်စေ ကျွန်တော့်အပေါ်တွင် နားလည်ခွင့်လွှတ်ပေးပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။)

ဒီတစ်လောအတွင်းမှာပဲ ဖြစ်သည်။ လူငယ်တစ်ဦး၏ အမှတ်တမဲ့ အလွဲပြော လိုက်သော အကြောင်းအရာတစ်ခုက ကျွန်တော်၏ အတိတ် ပုံရိပ်မှာ အထင်ကရ ရှိခဲ့သည့် အကြောင်းအရာတစ်ခု ဖြစ်နေ သည်။ ကိုယ့်ကို အကျိုးမယုတ်စေသော် လည်း ကိုယ့်စိတ် ခံစားမှုကြောင့် ထိုသို့ လက်လွတ်စပယ် မပြောသင့်၊ သူ့မှာလည်း သူ့အကြောင်းနှင့် သမိုင်းနှင့် ဆိုတာကို လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် ချက် ချင်းဆိုသလို ရေးတင်ဖြစ်လိုက်သည်။ အ သိမိတ်ဆွေတစ်ယောက်ကတော့  ဖျောင်း ဖျမှတ်ချက်ပေးပါသည်။ အခုခေတ် လူ ငယ်တွေ ဒါတွေ ဘယ်သိတော့မှာလည်း ဟူ၍။ ဟုတ်တော့လည်း ဟုတ်နိုင်ပါသည်။ အပြောင်းအလဲတွေ အလွန်မြန် အလွန် များလှသော ဤခေတ်ကာလမှာ ထောင် စုနှစ်ရဲ့ ဟိုဖက်ခြမ်းက အကြောင်းအရာ တွေက ပုံပြင်တွေ လိုလို ဖြစ်ကောင်း ဖြစ် နေနိုင် သည်ကိုး။ ဒါကို ကျွန်တော့်အနေနှင့် နားလည် လက်ခံပါသည်။ ပြီးတော့ ဤ ကိစ္စက ရေးကြီးခွင်ကျယ် အရေးပါလို့လား ဆိုတော့လည်း အဲ့ဒီလို မဟုတ်ပြန်ပါ။ အ ရေးမပါဘူးလားဆိုပြန်တော့လည်း ဟို အချိန်ဟိုကာလက အဲ့ဒီ ပရဝဏ် အသိုင်း အဝိုင်းနှင့် ပတ်သက် ရင်းနှီးခဲ့ ဖူးများအ တွက်တော့ အရေးမကြီးသော်လည်း အ ရေးပါခဲ့သော အရာတစ်ခု ဖြစ်နေပြန် သည်။

ကျွန်တော် ကြီးပြင်းလာခဲ့သည့် ကာလ တစ်လျှောက်လုံးတွင် မှတ်မိသလောက် သင်္ကြန်သည် ဧပြီ ၁၃ ရက်နေ့တွင် ကျ ခဲ့သည်။ ငယ်စဉ်က တပေါင်းလအကြောင်း စာစီစာကုံးရေးပြီဆိုရင်ဖြင့် ပူပြင်းလှသော တပေါင်းနွေကာလတွင် ဖတ်ဆစ် တို့အား တော်လှန် ခဲ့ကြသည့် အကြောင်း အားရ ပါးရရေးကောင်းခဲ့သည်။ ၈ တန်း အောင် ပြီးချိန်တွင် ထင်သည်။ နှစ်တစ်ရာပြက္ခဒိန် စာအုပ်ကို ပထမဆုံး ကြည့်ဖူး ခဲ့သည်။ ထို အခါမှ ၁၉၄၇ မတ်လ ၂၇ ရက်သည် တန်ခူးလ အတွင်း ကျရောက်ခဲ့သည်ကို သိ လိုက်ရသည်။ ထိုအခါ စိတ်ထဲက မရိုးမရွ တွေဖြစ်ခဲ့ပြီး လတန်းခူး အကြောင်း မေးရင် ပြောင်းရေးမလား လို့တောင် စိတ်ကူးခဲ့ဖူး သည်။ လက်တွေ့တွင် အမှတ်လျှော့ ခံရမှာ ကြောက်သဖြင့် မရေးရဲဖြစ်ခဲ့သော်လည်း၊ စိတ်ထဲကတော့ ခုလုခုလုဖြစ်ခဲ့သည်။ ကျွန် တော် အထက်တွင် ပြောခဲ့သော ဆရာကြီး က ထိုအကြောင်းအရာ ကို အခြေပြုပြီး  ဆောင်းပါးတစ်စောင် ရေးသားခဲ့သည်။ အရေးလည်းမပါ အရေးလည်း မကြီးသည့် အတိမ်း အစောင်းလေးတွေကို ရေးကြီးခွင် ကျယ် မမှတ်သင့် မလုပ်သင့်ကြောင်းကို ထိုဆောင်းပါးအား ဖတ်အပြီးတွင် မှတ် သား နာယူစရာအဖြစ် အလင်းဥာဏ် ပွင့်ခဲ့ ရသည်။

လူတစ်ယောက် ခလုတ်တိုက်တဲ့အ ကြောင်းကို အမှုမဲ့ နားစွန်နားဖျား အကြား နှင့် ဖားပြုတ်ကိုက်သည်ဟု တစ်ဆင့် ပြန် ပြောတာမျိုး ကျပြန်တော့လည်း လက် လွတ်စပယ်နိုင်လွန်းလှ၏ဟု သတ်မှတ်ချင် ပါသည်။ မူလ အဖြစ်အပျက် အတိမ်အ နက်သည် အသွင်ပုံစံ အားဖြင့် လုံးဝကွဲလွဲ သွားပြီဖြစ်သည်။ ကျွန်တော် အစပိုင်းတွင် ပြောခဲ့သော အကြောင်းအရာကလည်း ထို သို့အလားသဏ္ဌာန် တူပေ သည်။ ဘာမှမ ဟုတ်ပါဘူးဟု ပေါ့ပေါ့လေး ပြောလိုက် သည်က ထိုအကြောင်းအရာ၏ မူလဇာစ် မြစ်ကို သိထားသူ၊ တန်ဖိုးထားသူ အတွက် တော့ ထိုးနှက်မှုတစ်ခု ဖြစ်သွားတတ် သည်။ ပုဂ္ဂလဆန္ဒနှင့် တန်ဖိုးထားမှုတွေက တစ်ဦးချင်းစီမှာ မျိုးစုံကွဲရှိနေနိုင်သည်ကို နားလည် သဘောပေါက် လက်ခံပေးဖို့က အတော်ပင် အရေးကြီးလှသည် မဟုတ်ပါ လား။

မနှစ်တုန်းက ပုဂံရှိ ဖြတ်စ ရွှေဂူဘုရား ကို ရောက်ဖြစ်ခဲ့စဉ် စဉ်းစားမိတာတစ်ခု ရှိခဲ့ဖူးသည်။ စုက္ကတေးမင်း၏ လက်လွတ် စပယ် နှုတ် ထွက် စကားတစ်ခွန်းက အနော် ရထာကို ပြင်းထန်သော နာကျင်ထိခိုက် မှုများ ဖြစ်ပေါ်စေခဲ့သည်။ ထိုပြောဆိုမှု၏ နောက်ဆက်တွဲ အကျိုး ဆက် အဖြစ် စုက္က တေးမင်း ပြန်လည်ပေးဆပ်လိုက်ရသည် က နန်းစည်းစိမ်ချမ်းသာ ခန္ဓာအသက်အ ကုန်ပင်ဖြစ်သည်။ အဖြစ် အပျက် အ ကြောင်းခြင်းရာကို ပြည့်ပြည့်စုံစုံ သိထား သည့်တိုင်အောင်၊ အကြောင်းခြင်းရာခိုင် မာသည့် တိုင်အောင် လက်လွတ် စပယ် ပြောဆို လိုက်မိခြင်းက အဆုံးစွန်သော ဖြစ်ပျက်မှုအသစ်တွေကို  နောက်ဆက် တွဲအဖြစ် ဖြစ်ပေါ်နိုင်စေသည်ကိုလည်း ဆင်ခြင်မိ ပါသည်။ အမှုမဲ့ အမှတ်မှား ဂဃနဏ မသိသည်ကို ဘာမှမဖြစ်လောက် ပါဘူးဟုယူဆကာ လက်လွတ်စပယ် ပြော ဆိုလိုက်မိသည်က အခြားသူ အပေါ် ကြီး စွာသော ထိုးနှက်မှုအသွင် ဖြစ်ခဲ့ပါသော် ထိုအကျိုးဆက်က ရှင်း၍မရသည့် အရှုပ် ဖြစ်သွားနိုင်သည်မှာ ကျွန် တော့် ကိုယ်တွေ့ ပင်ဖြစ်သည်။

မနှစ်တုန်းက ဒီလိုအချိန်မှာပင် ဖြစ် သည်။ အထိမ်းအမှတ်ပွဲ တစ်ခုတွင် သိသ လောက်လေးနှင့် အကြောင်းအရာ တစ်ခု အပေါ် အပေါ် ယံလေးတွေး ကာ လက် လွတ်စပယ် ပြောထွက်သွားခဲ့သည်။ လူ တတ်ကြီးလုပ်မိသည့် အကျိုးဆက်က ကိုယ့်အသက်၏ တစ်ဝက် အောက် ငယ် သော လူငယ်လေးများကို ကျေနပ်အောင် မနည်းဖြေရှင်း တောင်းပန်ခဲ့ရသည်။ ကိုယ် အမှတ်မှားပြီး အမှုမဲ့ လက် လွတ် စပယ် ပြောမိလိုက်သည်က သူတို့ တန်ဖိုးထား သည်ကို စော်ကားမိသလို ဖြစ်သွားခဲ့ပါ သည်။ တော်တော်လေး စိတ် မကောင်းဖြစ် မိသလို အသိများ၊ သူစိမ်းများအကြားတွင် အရှက်လည်းရခဲ့သည်။ ကျွံသောစကားက ပြန်နုတ်၍ မရတော့သည်ကိုး။ ကိုယ့်အ တွက် အရေးမကြီးသဖြင့် အမှုမဲ့အမှတ်မဲ့ ထားသည့်အရာက သူတစ်ပါး တန်ဖိုး ထားသည့်အရာ ဖြစ်၍နေသည် မဟုတ် ပါလား။

ကိုယ့်ပုဂ္ဂလိကအတွက်၊ ကိုယ့်အဝန်း အဝိုင်းအတွက် အရေးမပါ၊ အရေးမကြီးဟု သတ်မှတ်ထားသည်များကို ဂရုမထား အ လေးမစိုက် အမှုမဲ့ အမှတ်မဲ့ ထား၍ ရ သည်။ သို့သော် အများသူငါ အားလုံးနှင့် ဆိုင်လာပြီဆိုလျှင်တော့ ထိုသို့ အမှုမဲ့ ထားထားသည့် အကြောင်းခြင်းရာနှင့် ပတ်သက်လာလျှင် လက်လွတ်စပယ် ပြော ဆိုခြင်းမျိုးကို လုံးဝမပြုလုပ်သင့်ပါ။ ကျွန် တော့်အတွက်တော့ စာတွေ့ရော ငါတွေ့ ရောပင် ဖြစ်သည်။ တော်တော်လေးလည်း မနည်းဆင် ခြင်နေရဦးမည် ဖြစ်သည်။ ထိ လွယ် ရှလွယ်သည်တွေ က လည်း အများအ ပြားပင် မဟုတ်ပါလား။

သိဏ်းစိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*