စက်ရုံအချို့ကို ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များကို အစိုးရ ဖိတ်ခေါ်

စက်ရုံအချို့ကို ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များကို အစိုးရ ဖိတ်ခေါ်
February 17, 2017 Asian Fame

3:35 pm
စက်ရုံအချို့ကို ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များကို အစိုးရ ဖိတ်ခေါ်

HEZ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ပလတ်စတစ်စက်ရုံ (ကျောက်ဆည်)နှင့် အမှတ် ၁၄ အကြီးစားစက်ရုံ (သာဂရ)တို့ကို ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း လက်အောက်ရှိ ပလတ်စတစ်စက်ရုံ (ကျောက်ဆည်)ကို ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းဆောင် ရွက်နိုင်ရန်အတွက် စိတ်ဝင်စားမှု အဆို ပြုလွှာ (EOI)ခေါ်ယူထားပြီး ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူး ပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန တင်ဒါခေါ်ယူရာတွင် ထည့်သွင်း ဖော်ပြထားသည်။

စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အကြီး စားစက်မှုလုပ်ငန်းလက်အောက်ရှိ အမှတ် ၁၄၊ အကြီးစားစက်ရုံ (သာဂရ)မှာ ဘက်စုံသုံးဒီဇယ်အင်ဂျင် အမျိုးမျိုး ထုတ်လုပ်ရန်အတွက် ပုဂ္ဂလိကနှင့် ပူး ပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံလုပ်ငန်းများကို ယခင် အစိုးရ လက်ထက်ကတည်းက စတင်ကာ ပုဂ္ဂလိ ကသို့ လွှဲပြောင်း၊ ပူးပေါင်းဆောင်ရွက် မှုများကို စီစဉ်ဆောင်ရွက်ခဲ့ပြီး ဝန်ကြီး ဌာန လက်အောက်ရှိ စက်ရုံပေါင်း ၁ဝ၃ ရုံအနက် ပုဂ္ဂလိကနှင့် စက်ရုံ ၅၉ ရုံကို ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော၂ဝ၁၆ ခုနှစ်အတွင်း အမှတ်၂၃ အကြီးစားစက်ရုံ (ညောင် ခြေထောက်)တွင် ထရန်စဖော်မာ ထုတ် လုပ်ရန်နှင့် အမှတ် ၂၆ အကြီးစား စက်ရုံ(သာဂရ)တွင် ဂျင်နရေတာများ ထုတ်လုပ်ရန်တို့အတွက် ပုဂ္ဂလိကသို့ စိတ်ဝင်စားမှု အဆိုပြုလွှာများ ခေါ်ယူ ထားပြီးဖြစ်ကြောင်း သိရသည်။ လက်ရှိအစိုးရ၏ ရက် ၁ဝဝ စီမံ ချက်ကာလအတွင်းကလည်း အရှုံးပြနေသော ကျောက်ဆည်ရှိ မှန်စက်ရုံ၊ ပုသိမ်ရှိ မှန်စက်ရုံနှင့် ကျောက်ဆည်ရှိ မီးခံအုတ်စက်ရုံ စသော စက်ရုံ ၃ ရုံကို ပုဂ္ဂလိကသို့ လွှဲ ပြောင်းပေးခဲ့ပြီး သထုံရှိ ကော့စတစ်ဆိုဒါ ဓာတုဗေဒ စက်ရုံကို ရပ်ဆိုင်းခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*