ကြားဖြတ် ရွေးကောက်ပွဲ ရလဒ်ကို အခြေခံကာ ၂ဝ၂ဝ တွင် တစည ပါတီ အင်ပြည့် အားပြည့် ဝင်ပြိုင်မည်

ကြားဖြတ် ရွေးကောက်ပွဲ ရလဒ်ကို အခြေခံကာ ၂ဝ၂ဝ တွင် တစည ပါတီ အင်ပြည့် အားပြည့် ဝင်ပြိုင်မည်
February 17, 2017 Asian Fame

4:38 pm
ကြားဖြတ် ရွေးကောက်ပွဲ ရလဒ်ကို အခြေခံကာ ၂ဝ၂ဝ တွင် တစည ပါတီ အင်ပြည့် အားပြည့် ဝင်ပြိုင်မည်

(ရန်ကုန် ဖေဖော်ဝါရီ ၁၃)

တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေး ပါတီ (တစည) အနေဖြင့် ၂ဝ၁၇ ကြားဖြတ် ရွေးကောက် ပွဲရလဒ် အပေါ် အခြေခံကာ ၂ဝ၂ဝ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်ပြည့်အား ပြည့် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

တစညပါတီသည် ၂ဝ၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် အတွက် ၂ နေ ရာနှင့် အမျိုးသားလွှတ်တော် အ တွက် ၁ နေရာ စုစုပေါင်း မဲဆန္ဒ နယ်မြေ ၃နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

”ပြည်သူတွေရဲ့ ပါတီပေါ်မှာ ထားတဲ့ သဘောထားကို သိနိုင် အောင်ဆိုပြီး ဒီ ၃ နေရာကို ဝင်ပြိုင် တာဖြစ်ပါတယ်။ ဒီအပေါ်မှာ အ ကဲခတ် ရမှာပေါ့”  ဟု တစညပါတီ တွဲဖက် အထွေထွေအတွင်းရေး မှူး ဦးထွန်းရီကပြောသည်။

တစညပါတီ အနေဖြင့် လာ မည့် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် အဆင်သင့် ဖြစ်စေရန် အတွက် ပါတီဌာနချုပ် အပါအဝင် တိုင်းနှင့် ပြည်နယ် အဆင့်၊ မြို့နယ်အဆင့် နှင့် ရပ်ကွက် ကျေးရွာ အဆင့်များ တွင် ပါတီကို အသစ် ပြန်လည် ဖွဲ့ စည်းမှုများ ပြုလုပ်နေကြောင်း ၄င်းက ပြောသည်။

”မြို့နယ် ၃၃ဝလုံးမှာ ပါတီ ကို ကျစ်လျစ် ခိုင်မာပြီးအားရှိ အောင် စီမံချက် ချပြီးလုပ်နေပါ တယ်”ဟု ဦးထွန်းရီက ပြောသည်။

တစညပါတီ သည် ၂ဝ၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင် မွန် ပြည်နယ် ချောင်းဆုံ မြို့နယ်၊ စစ်ကိုင်းတိုင်း မုံရွာမြို့နှင့် ပဲခူး တိုင်း ညောင်လေး ပင် မြို့နယ်တို့တွင် ဝင် ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ပါတီအနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရရေးမ သေချာသေးသည့် အတွက်  နေရာ စုံမှ ဝင်ရောက် မယှဉ်ပြိုင်ခြင်း ဖြစ် သည်ဟု ဦးထွန်းရီက ပြောသည်။

လက်ရှိတွင် တစညပါတီ အ နေဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲကာ လက ပါတီ၏ အခြေအနေများကို
ပြောင်းလဲရန် ကြိုးစားနေပြီး ပြောင်း လဲရန်အတွက် အချိန်ယူရန် လို သေးကြောင်း ¤င်းကပြောသည်။

၂ဝ၁၇ ကြားဖြတ် ရွေး ကောက်ပွဲတွင် လစ်လပ်မဲဆန္ဒ နယ် ၁၉ ခုရှိပြီး ပါတီ ၂၄ ခု၊ တစ် သီးပုဂ္ဂလ ကိုယ်စားလှယ် ၇ ဦး  ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

လင်းဟိန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*