မြန်မာ့ရိုးရာ ယဉ်ကျေးမှု ပန်းပုလက်ရာ များကို ကြည့်ရှု ခံစားနိုင်မည့် ပန်းပုပြပွဲကို ရန်ကုန်နှင့် ပဲခူးတွင် တစ်ပြိုင်နက်တည်း ပြုလုပ်သွားမည်

မြန်မာ့ရိုးရာ ယဉ်ကျေးမှု ပန်းပုလက်ရာ များကို ကြည့်ရှု ခံစားနိုင်မည့် ပန်းပုပြပွဲကို ရန်ကုန်နှင့် ပဲခူးတွင် တစ်ပြိုင်နက်တည်း ပြုလုပ်သွားမည်
February 17, 2017 Asian Fame

3:51 pm
မြန်မာ့ရိုးရာ ယဉ်ကျေးမှု ပန်းပုလက်ရာ များကို ကြည့်ရှု ခံစားနိုင်မည့် ပန်းပုပြပွဲကို ရန်ကုန်နှင့် ပဲခူးတွင် တစ်ပြိုင်နက်တည်း ပြုလုပ်သွားမည်

(ရန်ကုန်၊ ဖေဖော်ဝါရီ ၁ဝ)

မြန်မာ့ရိုးရာ ယဉ်ကျေးမှုပန်း ပုလက်ရာ များစွာကို တစ်ပြိုင်နက် တည်း ကြည့်ရှုနိုင်မည့် ပန်းပုလက် ရာများ ပြပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၈ ရက်အထိ ရန်ကုန်နှင့် ပဲခူးတို့တွင် တစ်ပြိုင်နက်တည်း ပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါပြပွဲတွင် ပြသထား မည့်ပန်းပုလက်ရာ များမှာ ဗဟို သမဝါယမ အသင်းနှင့် ကောင်း  မြန်မာအောင် ဖောင်ဒေးရှင်း (KMA) တို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်ပြီး ၄င်းတို့ ပြုလုပ်သည့် ဆဋ္ဌမ အကြိမ်မြောက် ပန်းပုပြိုင်ပွဲမှ ပန်းပုပြိုင်ပွဲ ဝင် လက်ရာများနှင့် အခြား ပန်းပု လက်ရာ များစွာ ပါဝင်မည် ဖြစ်သည်။

ပန်းပုပြပွဲ ပြုလုပ်မည့် နေရာမှာ ရန်ကုန်မြို့ရှိ ဆရာစံ ပလာဇာ နှင့်ပဲခူး ၁ဝ မိုင်ကုန်းရှိ ရွှေပြည် Resort တို့ဖြစ်သည်။

ဗဟိုသမဝါယမ အသင်းနှင့် KMA တို့ ပူးပေါင်းပြုလုပ်သည့် ဆဋ္ဌမ အကြိမ်မြောက် ပန်းပုပြိုင်ပွဲ တွင် ဝင်ရောင် ယှဉ်ပြိုင်သည့် ပန်း ပုလက် ရာပေါင်း ၁၇၈ ရုပ်ရှိသည်။ ယင်းပြိုင်ပွဲသည် ၂ဝဝ၅ ခုနှစ်အ တွင်းက နာဂစ် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးပြိုလဲခဲ့သည့် သစ်ပင်ကြီး များမှ သစ်သားများကို ပြန်လည် အသုံးပြု၍ ၂ဝဝ၉ ခုနှစ်မှစတင် ကာ ပန်းပုပြိုင်ပွဲ အဖြစ် စတင်ကျင်း ပခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ပြိုင်ပွဲအ တွက် ဆုချီးမြှင့်ခြင်းကို ဖေဖော်ဝါရီ ၁၅ ရက်၌ ဆရာစံ ပလာဇာတွင်ပင် ပြုလုပ်သွားမည်ဖြစ်သည်။

ထိုပြိုင်ပွဲ၏ ခေါင်းစဉ်များမှာ စိတ်ကြိုက် နှင့်မော်ဒန် ဟူ၍ နှစ်မျိုး ခွဲခြား သတ်မှတ် ပေးထားခြင်းဖြစ် ပြီး ဆုကြေးငွေများမှာ ပထမဆု ကျပ် သိန်းငါးဆယ်၊ ဒုတိယဆု အတွက် ကျပ်သိန်းသုံးဆယ်၊ တတိယဆု ကျပ်သိန်းနှစ်ဆယ်၊ နှစ်သိမ့်ဆုများ အတွက် ကျပ်ငါးသိန်း ဟူ၍ ချီးမြင့် ပေးသွားမည်ဖြစ် သည်။

”ကျွန်တော်တို့ အနေနဲ့ ကမ္ဘာ ပေါ်မှာ ဂုဏ်ယူဝင့်ကြွားစရာ မြန် မာပန်းပု လက်ရာတွေကို သမိုင်း မှတ်တိုင်တစ်ခု အဖြစ် ဖော်ထုတ်ပြီး ပြိုင်ပွဲတွေ၊ ဆုချီးမြှင့်ပွဲတွေ ကို ကျင်းပလာတာ အခုဆိုရင် ၆ ကြိမ် မြောက်ရှိလာပြီ။ ဖော်ထုတ်ဖို့လို အပ်နေသေးတဲ့ ယဉ်ကျေးမှု တစ် ခု ဖြစ်တာမို့ အခုလို ပွဲတွေကျင်းပပြီး ပညာရှင်တွေကို ထိုက်တန်စွာ ဆု တွေ ချီးမြှင့်တာဖြစ်ပါတယ်” ဟု ကောင်းမြန် မာအောင် ဖောင်ဒေး ရှင်းနာယက ဖြစ်သူ ဦးခင်မောင် အေးက ပြောသည်။

ယင်းပန်းပု ပြပွဲတွင် ဆရာစံ ပလာဇာရှိပန်းပု ဆိုင်ခန်းများနှင့်  မြန်မာ့ယဉ်ကျေးမှု အရောင်းဆိုင်များ မှလည်း ပါဝင်ပြသရောင်းချပေး သွားမည် ဖြစ်ကြောင်း သိရသည်။

အိမ်စည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*