ပြည်ထောင်စုနေ့ ပွဲတော်ကို ကျိုက္ကဆံကွင်းမှာ ပြန်လည် ကျင်းပခွင့် ရဖို့ ဦးဆောင် ကြိုးပမ်းခဲ့တဲ့ ခိုင်နှင်းဝေ

ပြည်ထောင်စုနေ့ ပွဲတော်ကို ကျိုက္ကဆံကွင်းမှာ ပြန်လည် ကျင်းပခွင့် ရဖို့ ဦးဆောင် ကြိုးပမ်းခဲ့တဲ့ ခိုင်နှင်းဝေ
February 17, 2017 Asian Fame

5:11 pm
ပြည်ထောင်စုနေ့ ပွဲတော်ကို ကျိုက္ကဆံကွင်းမှာ ပြန်လည် ကျင်းပခွင့် ရဖို့ ဦးဆောင် ကြိုးပမ်းခဲ့တဲ့ ခိုင်နှင်းဝေ

KhineHninWai(ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃)

”နှစ် (၇ဝ) ပြည့် ပြည်ထောင်စုနေ့” အထိမ်းအမှတ် ပွဲတော်ကို ခိုင်နှင်းဝေ ပရဟိတအဖွဲ့က ဦးဆောင်၍ ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌  ၁ဝ ရက်ကြာ ကျင်းပ လျက်ရှိသည်ဟု သိရသည်။

”ပြည်ထောင်စုနေ့ အတွက် သီးသန့် ကျင်းပတာပါ။ ကျိုက္ကဆံကွင်းမှာ ပြန် ကျင်းပခွင့်ရအောင် ခြောက်လ ကြာအောင် ကြိုးစားခဲ့ရတယ်။ ပြီးတော့ တိုင်းရင်းသား တွေအားလုံးနဲ့ သက်ဆိုင်တဲ့ရိုးရာတွေ၊ အကတွေကို ထည့်သွင်းနိုင်အောင် သေ ချာ အစီအစဉ်ဆွဲပြီးမှ လုပ်ဆောင်ခဲ့တာ ပါ” ဟု ခိုင်နှင်းဝေက ပြောသည်။

ပြည်ထောင်စုနေ့ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီး လူမှု ရေးဝန်ကြီး ဦးနိုင်ငံလင်း၊ အားကစားနှင့် ကာယပညာသိပ္ပံ ညွှန်ကြားရေးမှူး ဦးစိုး အောင်၊ ပြည်နယ်နှင့် တိုင်းအစိုးရ အရာရှိ များနှင့် အနုပညာရှင်များ တက်ရောက် ဖွင့်လှစ်ခဲ့သည်။

”ဒီပွဲကိုကျင်းပတာ စပွန်ဆာ မရှိ သလို အလှူငွေ သီးသန့်မရှိတဲ့ အတွက် ကုန်ကျ စရိတ်တွေကို ဆိုင်ခန်းတွေကနေ ရတဲ့ငွေတွေ ကိုပဲ ပြန်သုံးတယ်။ အားကာ ကိုလည်း ကျပ်သိန်း ၃ဝ လှူဒါန်းထား တယ်။ ပရိသတ်တွေ နားလည်မှုလွဲမှာ စိုး လို့ပြောချင် တယ်။ ဒီပွဲက ပြည်ထောင်စု နေ့ကို သီးသန့် လုပ်တဲ့ပွဲဖြစ်တယ်။ ပရဟိ တပွဲ မဟုတ်တဲ့အတွက် ပွဲပြီးရင် ဘယ် နေရာမှာလှူတယ်၊ ဘယ်လောက် လှူတယ်၊ သတင်း မထုတ်ပြန်ရင် ပြောနေကြမှာစိုးလို့ ပါ” ဟုခိုင်နှင်းဝေ က ပြောသည်။

အဆိုပါပွဲကိုဖေဖော်ဝါရီလ ၁ဝ ရက် နေ့မှ ၁၉ ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ပြီး ရုပ်ရှင် အနုပညာရှင် များ၏ တေးသရုပ်ဖော်များ၊ စွမ်းဇာနည် သဘင် ဇာတ်အဖွဲ့မှ တင်ဆက်မှုများ၊ မိုးကြိုး ငှက်ငယ်လေးများ ပဒေသာကပွဲ၊ ဆပ် ကပ်စွမ်းရည်ပြပွဲ များလည်း ပါဝင်အား ဖြည့်သည်ဟု သိရသည်။

ထို့အပြင် ပြည်ထောင်စုနေ့ အထိမ်း အမှတ်အနေဖြင့် တိုင်းရင်းသား ရိုးရာ အကများ၊ တိုင်းရင်းသား ရိုးရာပြခန်းများ ကိုလည်း စည်ကား စွာ ခင်းကျင်းပြသထား သည်ဟု သိရသည်။

”အရေး အခင်းပြီး နောက်ပိုင်းမှာ ပြည်ထောင်စုနေ့ ပွဲတော်ကို ဒီကျိုက္ကဆံ ကွင်းမှာ ဒါပထမဦးဆုံး ပြန်လည် ကျင်းပ ခွင့်ရတာ။ ဒီလို ကျင်းပခွင့် ရအောင် အဘက်ဘက် ကနေ ခက်ခက်ခဲခဲနဲ့ ကြိုးစားခဲ့ရတယ်။ ခွင့်ပြုချက်ရပြီး ဒီမှာ လုပ်ရင် လူလာပါ့မလား စိုးရိမ်ခဲ့တယ်။ ထင်ထား တာထက် လူတွေအများကြီး လာရောက်ခဲ့တဲ့ အတွက် ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျတယ်” ဟု ခိုင်နှင်းဝေ က ပြောသည်။

ခိုင်နှင်းဝေ ပရဟိတ အဖွဲ့သည် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် မျက်စိ ဝေဒနာရှင်များကို အခမဲ့ကုသပေး သည့်အပြင် ဆေးရုံ တက်ရောက်ကုသ နေရသော ကလေးငယ်များအတွက်လည်း အပတ်စဉ် စနေနေ့တွင် အာဟာရများ လှူဒါန်းလျက် ရှိကြောင်း သိရသည်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*