အမေရိကန်ပြည်ထောင်စု အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ် တာဝန်မှနုတ်ထွက်

အမေရိကန်ပြည်ထောင်စု အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ် တာဝန်မှနုတ်ထွက်
February 17, 2017 Asian Fame

5:17 pm
အမေရိကန်ပြည်ထောင်စု အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ် တာဝန်မှနုတ်ထွက်

Trump's-national-security-adviser-quits(ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၄)

အမေရိကန် ပြည်ထောင်စု အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် မစ္စတာ မိုက်ကယ်ဖလင်း သည် တာဝန်မှ နုတ်ထွက်သွား ပြီဖြစ်သည်။

မိုက်ကယ် ဖလင်းနှင့် အမေရိ ကန်ပြည်ထောင်စု ဆိုင်ရာ ရုရှား သံအမတ်ကြီး တို့၏ စကားပြော ကြားမှုများနှင့် ပတ်သက်၍ သူ သည် ဒုတိယသမ္မတ မိုက်ပင့်စ် နှင့် အခြား အိမ်ဖြူတော် ထိပ်တန်း အရာရှိများကို ပြန်လည်ပြော ကြားရာတွင် အမှန်အတိုင်း မပြော ဘဲ လှည့်စား ပြောဆိုခဲ့ခြင်းမှာ ထင်ရှား ပေါ်ပေါက် လာသဖြင့် ယခုကဲ့သို့ ရာထူးမှ နုတ်ထွက်သွား ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်က ရုရှားနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှုကို ဖယ်ရှားပေးမည့် ကိစ္စကို သူတို့နှစ် ဦး ဖုန်းဖြင့် ဆွေးနွေး ကြခြင်းအား အထက်သို့ ပြန်လည် တင်ပြရာတွင် ပြည့်စုံစွာ မတင်ပြခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အမေရိကန် မီဒီယာအချို့က စောစောပိုင်း ကတည်းက တရား ရေးဌာနကို သတိပေးသည့် သတင်း ရေးသား ခဲ့သေးသည်။

သူ၏ နုတ်ထွက်စာတွင်မူ ”ရုရှား သံအမတ်ကြီးနှင့် ဖုန်းပြော ဆိုမှုများကို ဒုတိယသမ္မတ အဖြစ်ရွေးချယ် ခံထားရသူထံ တင်ပြရာ တွင် အမှုမဲ့ အမှတ်မဲ့ဖြင့် အပြည့် အစုံမတင်ပြမိခဲ့ပါ” ဟု ရေးသား ထားသည်။

မိုက်ကယ်ဖလင်း၏ တာဝန် နှင့်ရာထူးကို ဒုတိယ ဗိုလ်ချုပ်ကြီး ဂျိုးဆက် ကိသ် ကဲလော့ဂ်က အစားထိုး တာဝန်ယူ ဆောင်ရွက် ရန် အိမ်ဖြူတော်က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ယခုရာထူးမှ နုတ်ထွက်သွား သူ မစ္စတာ မိုက်ကယ်ဖလင်းမှာ လည်း အမေရိကန် ကြည်းတပ်မှ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သည်။

PN002
REF: Michael Flynn: Trump’s national security adviser quits

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*