အမေရိကန်အပါအဝင် နိုင်ငံ ၅ဝကျော်မှ မြန်မာသို့ တိုက်ရိုက်လေကြောင်း ပျံသန်းရန် စာချုပ်ချုပ်ဆိုထား

အမေရိကန်အပါအဝင် နိုင်ငံ ၅ဝကျော်မှ မြန်မာသို့ တိုက်ရိုက်လေကြောင်း ပျံသန်းရန် စာချုပ်ချုပ်ဆိုထား
February 17, 2017 Asian Fame

4:22 pm
အမေရိကန်အပါအဝင် နိုင်ငံ ၅ဝကျော်မှ မြန်မာသို့ တိုက်ရိုက်လေကြောင်း ပျံသန်းရန် စာချုပ်ချုပ်ဆိုထား

စိုင်းလမင်း
နေပြည်တော်၊ ဖေဖော်ဝါရီ ၁ဝ

အမေရိကန်နိုင်ငံ အပါ အဝင် နိုင်ငံပေါင်း ၅၂ နိုင်ငံမှ မြန်မာနိုင်ငံသို့ တိုက်ရိုက်လေ ကြောင်းလိုင်း ပျံသန်းခွင့်ရရှိရန် စာချုပ် ချုပ်ဆိုထားပြီး ဖြစ် ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။ အမေရိကန်၊ အင်္ဂလန်၊ ပြင် သစ်၊ ဂျာမနီ၊ စပိန်၊ ပေါ်တူဂီ အပါအဝင် နိုင်ငံ ၅၂ နိုင်ငံက နှစ်နိုင်ငံ လေကြောင်းဆက်သွယ် ပျံသန်းရန် သဘောတူစာချုပ်ချုပ်ဆိုထားခြင်းဖြစ်ပြီး ထိုသို့ ချုပ်ဆိုရာတွင် ဆိုက်ရောက်မည့် မြို့များပါ ထည့်သွင်းချုပ်ဆိုထား ကြောင်း ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖေဖော်ဝါရီ ဒုတိယပတ်တွင် ပြောသည်။

တိုက်ရိုက်လေကြောင်း ပျံ သန်းရန် စာချုပ် ချုပ်ဆိုထား သော်လည်း မည်သည့်အချိန်တွင် စတင်လုပ်ဆောင်မည်ကိုမူ စဉ်း စားနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။ ”ကိုယ့်နိုင်ငံက လေကြောင်းလိုင်းတွေကလည်း ပျံသန်းတဲ့အခါမှာ တွက်ခြေကိုက်မှု ရှိမရှိ လည်းထည့်တွက်ရတယ်။ ကိုယ့် နိုင်ငံကလေကြောင်းလိုင်းတွေက ဒေသတွင်းလောက်ပဲ ပျံသန်းနိုင် သေးတယ်”ဟု ၎င်းကပြောသည်။

ဥရောပနိုင်ငံများနှင့် တိုက် ရိုက်လေကြောင်း ပျံသန်းနိုင်ပါ က မြန်မာနိုင်ငံအတွက် အခွင့် အလမ်း ပိုပွင့်ကြောင်း၊ ခရီးသွားလုပ်ငန်းအတွက်ရော စီးပွားရေး လုပ်ငန်းများအတွက်ပါ များစွာ အကျိုးရှိနိုင်ကြောင်း ရန်ကုန် အခြေစိုက် ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက မှတ်ချက်ပြုသည်။ ”ဥရောပသွားမယ်ဆိုရင် စင်ကာပူတို့၊ ထိုင်းတို့ကို အရင် ဆင်းရတယ်။ ထိုင်းဆိုရင် နိုင်ငံ တကာလေကြောင်းလိုင်း အများ ကြီးကိုပေးဆင်းတာလေ။ ကိုယ့်နိုင်ငံမှာလည်း ဘယ်နေရာကို အဓိကထားပြီး လေကြောင်းလိုင်း များများပေးဆင်းမလဲ ဆိုတာ တော့ စဉ်းစားရမှာပေါ့။ ရန်ကုန် လိုနေရာမျိုးဆိုရင် နိုင်ငံတကာ လေကြောင်းလိုင်းတွေ များများ ပေးဆင်းသင့်တယ်” ဟု ၄င်းက ပြောသည်။ လက်ရှိအချိန်တွင် နိုင်ငံ တကာမှ မြန်မာနိုင်ငံသို့ လေယာဉ်ခေါက်ရေ တစ်နေ့လျှင် ၆ဝဝ ကျော် ပြေးဆွဲလျက်ရှိ ကြောင်း ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*