လှိုင်သာယာ ရှမိန်မောနင်း အထည်ချုပ်အလုပ်သမားပြဿနာ မပြေလည်သေး

လှိုင်သာယာ ရှမိန်မောနင်း အထည်ချုပ်အလုပ်သမားပြဿနာ မပြေလည်သေး
February 17, 2017 Asian Fame

3:57 pm
လှိုင်သာယာ ရှမိန်မောနင်း အထည်ချုပ်အလုပ်သမားပြဿနာ မပြေလည်သေး

သီဟ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

အလုပ်သမား ခေါင်းဆောင်များကို အလုပ်ထုတ်သည့်ကိစ္စ နှင့် ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပွားနေသည့် ရှမိန်မောနင်း အထည်ချုပ်စက်ရုံ အလုပ်သမား ပြဿနာကို ရန်ကုန်တိုင်းခုံသမာဓိ သို့ တင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင် ဗန်းစက်မှုဇုန်အတွင်းရှိ ရှမိန် မောနင်း အထည်ချုပ်စက်ရုံမှ ကိုထက်ကိုကို၊ ကိုပြည့်ဖြိုးမောင်၊ မအေးစုကြည် နှင့် မစုမြတ် အောင် စသည့် အလုပ်သမား ခေါင်းဆောင်လေးဦးကို အလုပ် ထုတ်သည့်ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားမှု စတင်ဖြစ်ပွားခဲ့ပြီး ထိုပြဿနာကို လှိုင်သာယာမြို့ နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က ဖြေရှင်းပေးခဲ့သော်လည်း စက်ရုံ ပိုင်ရှင်နှင့် အလုပ်သမားများ ကြား မပြေလည်သည့်အတွက် ခုံသမာဓိအထိ တက်ခြင်းဖြစ် ကြောင်း လှိုင်သာယာမြို့နယ် အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ ကိုရဲ သူရက ပြောသည်။

”ကျွန်တော်တို့ထဲက အလုပ်ထုတ်ခံရတဲ့ ကိုထက်ကိုကို ကို အလုပ်ခန့်ဖို့ ဇန်နဝါရီ ၃၁ ရက်အထိ အပြင်မှာဆန္ဒပြတယ်။ မြို့နယ် ညှိနှိုင်းရေးရုံးမှာ ညှိနှိုင်း တာ အဆင်မပြေလို့ ကျွန်တော် တို့ နဖူးစည်းတပ်ပြီး အလုပ်လုပ် ရင်းနဲ့စက်ရုံထဲမှာ ဆန္ဒဆက်ပြ နေတာပါ”ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် အလုပ်ထုတ်ခံထားရသော အလုပ်သမားလေးဦးလုံးကို အလုပ်ပြန်ခန့်ပေးရန် တောင်းဆိုထားကြောင်းလည်း အလုပ်ထုတ်ခံထားရသော အ လုပ်သမားတစ်ဦးဖြစ်သူ ကိုထက် ကိုကိုက ပြောသည်။အဆိုပါ ပြဿနာကို ခုံ သမာဓိအဖွဲ့က လာမည့်တစ်ပတ်အတွင်း အဖြေပေးမည်ဟု မျှော်လင့်ထားကြောင်း အလုပ် သမားများက ပြောသည်။

အလုပ်သမားများ အလုပ် ပြန်ခန့်ရေးကိစ္စနှင့် ပတ်သက်၍ ရှမိန်မောနင်းစက်ရုံမှ မန်နေဂျာဖြစ်သူ မဝင်းသိင်္ဂီသန့်က ”ကျွန မတို့လည်း ခုံသမာဓိကဆုံးဖြတ် တာကိုကြည့်ပြီး အထက်ကိုတင် ပြရမှာ။ တကယ်လို့ သူဌေးက အလုပ် ပြန်မခန့်ဘူးဆိုရင်တော့ ခုံသမာဓိကောင်စီထိတက်မှာပါ”ဟု ပြောသည်။အဆိုပါ စက်ရုံသည် အလုပ်သမား ၃၈ဝ ဖြင့် လည်ပတ်လျက် ရှိပြီး စက်ရုံသက်တမ်း တစ်လျှောက် ပထမဆုံး ဆန္ဒပြ မှုဖြစ်သည်။စတင် ဆန္ဒထုတ်ဖော်စဉ်က အလုပ်သမား ၃ဝဝ ခန့်ပါဝင်ခဲ့ သော်လည်းယနေ့တွင် အလုပ်သမား ၇ဝ ခန့်သာ ဆက်လက် ဆန္ဒပြနေကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*