ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး စနစ်အတွက် အီတလီဆော့ဖ်ဝဲ အသုံးပြုရန် အကြံပြုထား

ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး စနစ်အတွက် အီတလီဆော့ဖ်ဝဲ အသုံးပြုရန် အကြံပြုထား
February 17, 2017 Asian Fame

4:50 pm
ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး စနစ်အတွက် အီတလီဆော့ဖ်ဝဲ အသုံးပြုရန် အကြံပြုထား

(ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃)

ရန်ကုန်တိုင်း သယ်ယူပို့ဆောင် ရေးစနစ်ကို ပိုမို ကောင်းမွန်စေရန် အတွက် အီတလီ နိုင်ငံတွင် အသုံးပြု နေသော မိုဘိုင်းဆော့ဖ်ဝဲကို အသုံး ပြုရန် ရန်ကုန်တိုင်း အစိုးရ အဖွဲ့ထံ အကြံပြု တင်ပြထားကြောင်း သိရ သည်။

အီတလီနိုင်ငံ တူရင်ဒုတိယမြို့ တော်ဝန် ဦးဆောင်သော အဖွဲ့သည် ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ ရန်ကုန် တိုင်းသယ်ယူ ပို့ဆောင်ရေး ကြီးကြပ် မှုအာဏာပိုင် အဖွဲ့၊ စည်ပင်သာယာ ဌာနတို့ နှင့် ရန်ကုန်တွင် ၅ရက်တာ ကာလတွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံပွဲ တွင် အကြံပေးခဲ့ခြင်း ဖြစ်သည်။

”တူရင်မြို့မှာ သုံးတဲ့ Mobile App ကို ရန်ကုန်မှာ သုံးဖို့အတွက် အကြံပေး ထားပါတယ်။ အဲဒါကို သူတို့ လက်ခံမယ် ဆိုရင် တူရင်မှာ သုံးနေတဲ့ App ကို မြန်မာဗားရှင်း ပြောင်းပြီးလုပ်ပါမယ်။ အခုက အင်္ဂ လိပ်၊ အီတလီနဲ့ ပြင်သစ် ဘာသာ သုံးမျိုးနဲ့သုံးလို့ရပါတယ်” ဟု တူ ရင်မြို့ မြို့ပြသယ်ယူ ပို့ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌပါမောက္ခ Cristina Pronello  က ပြောသည်။

အဆိုပါ မိုဘိုင်းဆော့ဖ်ဝဲကို ခရီးသည်များ၏ မိုဘိုင်းဖုန်းများ တွင် ထည့်ပေးထားပါက ခရီးသည် များ တစ်နေရာမှ တစ်နေရာသို့ ဘတ်စ်ကား စီးရာတွင် ကြာချိန် စ သည့်သယ်ယူ ပို့ဆောင်ရေး ဆိုင်ရာ အချက်အလက်များကို သိရှိနိုင် မည်ဖြစ်ကြောင်း ၄င်းကပြောသည်။

”App ကို ဖုန်းထဲမှာထည့် ထားတဲ့သူတွေက GPS ဖွင့်ထားရင် သူတို့ဘယ်ကနေ ဘယ်ကိုသွား တယ်။ ဘယ်လောက် ကြာတယ်။ မှတ်တိုင်မှာ ဘယ်လောက်စောင့်ရ တယ် စတဲ့ အချက်အလက်တွေ အ ကုန်လုံးကို သိရမှာပါ။ ဒီအချက်တွေ ကိုအခြေခံပြီး ဘယ်နေရာ မှာကတော့ ဘယ်လို အခက်အခဲတွေ ရှိတယ်ဆို တာတွေကို သိနိုင်မယ်။ အဲဒီအ ချက်တွေကို သိမှလည်း တာဝန်ခံ တွေက ဖြေရှင်း ပေးလို့ရမယ်”ဟု Cristina Pronello က ပြောသည်။

အဆိုပါ မိုဘိုင်းဆော့ဖ်ဝဲတွင် Message  ပို့နိုင်သည့် Chat Box  တစ်ခုထားရှိကာ ယင်းဆော့ဖ်ဝဲကို အသုံးပြုသော ခရီးသည်များက ၄င်းတို့ ဘတ်စ်ကား စီးရာတွင် ကြုံ တွေ့ရသည့် အခက်အခဲ များကို စာပို့နိုင်မည် ဖြစ်သည်။

”အီတလီမှာ ဆိုရင် ဘတ်စ် ကားတွေ လာမယ့်အချိန်ကို အစီ အစဉ်နဲ့ သတ်မှတ်ထားတယ်။ ၂ မိနစ် ကြာရင် လာမယ့် ကားက ၁၅ မိနစ်လောက် ကြာသွားတယ် ဆိုရင် ခရီးသည်တွေက အရမ်း စိတ်ဆိုး တာ။ ချက်ချင်း လှမ်းပြီး အကြောင်း ကြားကြတယ်။ အဲဒီ ကားမောင်းတဲ့ ကားသမား ဘဝက မလွယ်ဘူးသာ မှတ်”ဟု Cristina Pronello က ပြောပြသည်။

အဆိုပါ မိုဘိုင်းဆော့ဖ်ဝဲအား ရန်ကုန်တွင် အသုံးပြု မည်ဆိုပါက ဘတ်စ်ကား ယာဉ်လိုင်း အပြင် မီး ရထားအတွက်ပါ ထည့်သွင်း ရေးဆွဲ သွားမည်ဖြစ်ကြောင်း ၄င်းကဆက် ပြောသည်။

ထို့ပြင် ရေရှည် တည်တံ့သော ရန်ကုန်မြို့ပြ သယ်ယူ ပို့ဆောင်ရေး စနစ်တစ်ခု ဖြစ်လာစေရန် အတွက် သယ်ယူ ပို့ဆောင်ရေး ဆိုင်ရာ ပညာ ရှင်များ၊ မြို့နယ်များမှ ကိုယ်စား လှယ်များ၊ ဒေသခံများ ပါဝင်သည့် အဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းရမည် ဖြစ်ကြောင်း တူရင် ဒုတိယမြို့တော် ဝန် ဦးဆောင်သော အဖွဲ့က အကြံ ပြုခဲ့သည်။

အဆိုပါပညာရှင် အဖွဲ့က သယ် ယူပို့ဆောင်ရေးစနစ်ကို စောင့် ကြည့်ပြီးလေ့လာ သုံးသပ်ကာ အ ခက်အခဲ များကို ဆုံးဖြတ်ချက်ချ မှတ်နိုင်သော တာဝန်ခံ များထံသို့ တင်ပြနိုင်မည်ဖြစ်ကြောင်း Cristina Pronello  က ပြောသည်။

ဥရောပ သမဂ္ဂက ရန်ကုန်မြို့ ၏ သယ်ယူ ပို့ဆောင်ရေး နှင့်ပတ် သက်ပြီး ၂ဝ၁၅  ခုနှစ်က စတင်ကူညီ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်း စီမံကိန်းကို ဥရောပသမဂ္ဂ၊ တူရင် မြို့တော်၊ ITHACA၊ CESVI  တို့ က အဓိကကူညီပံ့ပိုးခြင်းဖြစ်သည်။

ရန်ကုန်မြို့ တာမွေနှင့် သင်္ဃန်းကျွန်း တို့တွင် ၂ဝ၁၃ ခုနှစ် မှ စတင်ပြီး ပိုင်းလော့ ပရောဂျက် အနေဖြင့် ကလေး များအားပညာ ပေးခြင်း၊ ပြည်သူ့ ကိုယ်စားလှယ် များ ပါဝင်သော ကော်မတီဖွဲ့ စည်း ခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ သော်လည်း တိုးတက်မှုရှိမလာ ကြောင်း CHESVI မှ Project Coordinator Mr. Friedor Jeske  က ပြောသည်။

”တနင်္လာနဲ့ သောကြာနေ့တိုင်း စံပြဈေးနဲ့ တာမွေဈေးမှာ တက္ကစီ တွေ အနေနဲ့ ဘတ်စ်ကား မှတ်တိုင် တွေမှာ မရပ်ရအောင် ကိုယ်စား လှယ် အဖွဲ့တွေနဲ့ ပညာပေးတာ တွေ လုပ်ပါတယ်။ ဒါပေမယ့် မတိုး တက်လာဘူး။ အခက်အခဲတွေ စိန် ခေါ်မှု တွေအများကြီး ရှိပါတယ်။ အမြဲတမ်း အကျင့်လိုဖြစ်နေတာကို ပြင်ဖို့ ဆိုတာက အရမ်းကို ခက်ခဲပါ တယ်” ဟု ၄င်းက ပြောသည်။

လင်းဟိန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*