5:18 pm
(ဒက္ကာ၊ ဖေဖော်ဝါရီ ၁၄)
ဖေဖော်ဝါရီ ၉ ရက်နေ့က မြန်မာနိုင်ငံ သီလဝါ ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့သော မလေးရှားနိုင်ငံမှ ကူညီထောက်ပံ့ရေး သင်္ဘောသည် ယမန်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇား ရေပြင်ဝယ် ကျောက်ချ ရပ်နားနေပြီဖြစ်သည်။
ယင်းသင်္ဘောသည် ဘင်္ဂလား ဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီ ဒုက္ခသည် များအတွက် ကူညီ ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ် လှူဒါန်း မည် ဖြစ် သည်။
Nautical Aliya အမည်ရှိ အဆိုပါ ကူညီ ထောက်ပံ့ရေး သင်္ဘောဝယ် အစားအသောက်၊ ဆေးဝါး၊ အဝတ်အထည်၊ စောင် အစရှိသည့် ပစ္စည်းများ တန်ချိန် ၂၃ဝဝ ခန့် တင်ဆောင်ခဲ့ကာ၊ ရန်ကုန် သီလဝါ ဆိပ်ကမ်းတွင် တန်ချိန် ၅ဝဝ ခန့်ကို လှူဒါန်းခဲ့ ပြီးဖြစ်သည်။
အဆိုပါ ကူညီထောက်ပံ့ရေး သင်္ဘော ဖြစ်မြောက်ရေး အတွက် မလေးရှားနိုင်ငံမှ 1 Malaysia Putre Club နှင့် အစ္စလာမ်မစ် အဖွဲ့ အစည်းများ၊ မလေးရှားအတိုင်ပင် ခံကောင်စီ တို့နှင့်အတူ တူရကီ နိုင်ငံရှိ Turkiye Diyanet Vakfi ဖောင်ဒေးရှင်းတို့က ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ၊ သင်္ဘောပေါ်တွင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ စေတနာ့ ဝန်ထမ်း ၁၉၅ ဦးခန့် လိုက်ပါလာသည်။
ယင်းသင်္ဘောသည် ကော့စ်ဘ ဇားမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း ဆိပ်ကမ်းသို့ ဆက် လက် ထွက်ခွာမည်ဖြစ်သည်။
PN002
ref: Food Flotilla for Myanmar arrives in Bangladesh