ပင်လုံစာချုပ်ရဲ့ အနှစ်သာရတွေကို ဒီကနေ့ အခြေအနေမှာ ပြန်ပြီး အကောင်အထည် ဖော်ဖို့ အစိုးရမှာရော၊ တပ်မတော်မှာရော တာဝန်ရှိတဲ့ အချိန်ဖြစ်တယ်

ပင်လုံစာချုပ်ရဲ့ အနှစ်သာရတွေကို ဒီကနေ့ အခြေအနေမှာ ပြန်ပြီး အကောင်အထည် ဖော်ဖို့ အစိုးရမှာရော၊ တပ်မတော်မှာရော တာဝန်ရှိတဲ့ အချိန်ဖြစ်တယ်
February 17, 2017 Asian Fame

4:35 pm
ပင်လုံစာချုပ်ရဲ့ အနှစ်သာရတွေကို ဒီကနေ့ အခြေအနေမှာ ပြန်ပြီး အကောင်အထည် ဖော်ဖို့ အစိုးရမှာရော၊ တပ်မတော်မှာရော တာဝန်ရှိတဲ့ အချိန်ဖြစ်တယ်

pinloneနှစ်၇ဝ မြောက် ပြည်ထောင်စု နေ့ကိုပင် ရောက်ခဲ့ပြီဖြစ်သည်။  ပြည်ထောင်စု အတွက်ကား ဗိုလ်ချုပ် အောင်ဆန်းတို့ လက်ထက်မှသည် ၂၁ ရာစုပင်လုံ အဖြစ် ယနေ့အထိ တိုင် ကြိုးစား အကောင်အထည် ဖော်နေကြသည်ဆဲ လည်းဖြစ်သည်။ တောင်တန်းပြည်မ မခွဲခြားသည့် တိုင်းရင်းသား အားလုံးပါဝင်သော ပြည်ထောင်စု အတွက် ဆွေးနွေးပွဲ များဖြင့် အကောင်အထည် ဖော်ရန် ကြိုးစားမှု ရလဒ်များ အပြည့်အဝ ရရှိ တော့မည်လား.မည်သို့ ခရီးဆက် မည်နည်း စသည်တို့ကို စာပေအ သိုင်းအဝိုင်း အတွင်းမှ ဆရာ၊ ဆရာမ များက ဝိုင်းဝန်း အကြံပြုထားကြသည် များကို ဖော်ပြပေးလိုက်ပါသည်။

ဆရာမောင်မိုးသူ

ပြည်ထောင်စုနေ့ကို တစ်ခုသော နှစ်တစ်နှစ်မှာ ဒေါ်စုနဲ့ ဘဘနဲ့ ပင်လုံကို သွားခဲ့ဖူးပါတယ်။ အဲဒီ ပင်လုံက အပြန်မှာ တောင်ကြီးမှာ အဲဒီတုန်း ကပဲ ဒေါ်အောင်ဆန်း စုကြည်က ဦးထွန်းမြင့်လေး နဲ့တွေ့ တဲ့အခါ ဦးထွန်းမြင့်လေး က ဗိုလ် ချုပ်အောင်ဆန်း နဲ့တွဲပြီး လက်မှတ် ရေးထိုးထားတဲ့သူလေ။ အဲဒီတော့ သူကမေးပါတယ်။ ပင်လုံကို ဘယ် လို ဆက်လက် အကောင်အထည် ဖော်မှာလဲ ဆိုပြီးမေးတယ်။ အဲ့ဒါက တော့ ဗိုလ်ချုပ်အောင်ဆန်းတို့ ရှိတုန်းက ပင်လုံ ဖြစ်ပါတယ်။ အခု ၂၁ ရာစုပင်လုံ လုပ်ရမှာပေါ့ လို့ ဒေါ်အောင်ဆန်း စုကြည် က ပြောခဲ့ ဖူးပါတယ်။ အခုတော့ ၂၁ ရာစု ပင်လုံ ညီလာခံက ဖေဖော်ဝါရီမှာ ဒုတိယအကြိမ် လုပ်မယ်။ အဲဒါက အမှတ်တရပါ။ ပြည်ထောင်စုနေ့ ဆိုတာ အရေးအကြီးဆုံး ကိစ္စက ပြည်ထောင်စု ညီညွတ်ကြတာပါ။ ပြည်ထောင်စု ညီညွတ်ရေး ရမှ တိုင်းပြည်က ငြိမ်းချမ်းရေး ရမှာပါ။ တိုင်းပြည် ငြိမ်းချမ်းမှ လူမျိုးတွေ ဖွံ့ဖြိုးတိုးတက်မှာပါ။ အဲ့ဒီတော့  ပြည်ထောင်စုနေ့မှာ လူမျိုးစုအားလုံး ညီညီညွတ်ညွတ် ရှိကြပါစေ၊ ငြိမ်းငြိမ်း ချမ်းချမ်း ရှိကြပါစေ။ ငြိမ်းငြိမ်းချမ်း ချမ်းရှိမှ သည် တိုင်းပြည် တိုးတက် ဖွံ့ဖြိုးတဲ့ နိုင်ငံဖြစ်ပါစေလို့ ဘဘဆု တောင်းပါတယ်။

ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)

အခုသွားနေတာက ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံဆို ပြီး အဲဒီပန်းတိုင်ကို သွားနေကြ  တာပေါ့နော်။ ဒါပေမယ့် တိုင်းရင်း သားဆိုတဲ့ စကားလုံး အပေါ်မှာပဲ နားလည်မှု လွဲနေတာတွေ ရှိတယ်။ တိုင်းရင်းသား ဆိုတာ မြန်မာမှ အပ မြန်မာ မပါတဲ့ ကျန်တဲ့ မျိုးနွယ်စု တွေက တိုင်းရင်းသားတွေ ဆိုပြီး ယူဆနေတယ်။ တကယ်တော့ မြန်မာလည်း တိုင်းရင်းသား ပဲလေ။ မြန်မာနဲ့ တန်းတူညီတူ အခွင့်ခံစား ဖို့ပဲလိုတာလေ။ တစ်ခါတုန်းက  ပြည်ပနိုင်ငံမှာ အဲဒီလိုပဲ ပြည်ထောင် စုနေ့အခမ်းအနား တစ်ခုမှာ မျိုး နွယ် စု ခေါင်းဆောင်တွေ အကုန် တက်လာပြီး စင်ပေါ်မှာ တစ် ယောက် တစ်ခုပြောတော့ မြန်မာ တွေက လူမျိုးကြီးဝါဒနဲ့ တိုင်းရင်း သား အားလုံး အပေါ်မှာ ခွဲခြား ဆက်ဆံတယ်။ ဖိနှိပ်တယ်လို့ ပြော တဲ့အခါကျတော့ စာရေးဆရာ တစ်ယောက်ဆိုလည်း ကိုယ် တစ် ယောက် တည်း ပဲပါတော့ အဲဒီမှာ ပြောမိတယ်။ တိုင်းရင်းသား ဆိုတဲ့ အထဲမှာပဲ မြန်မာပါပါတယ်။ နောက်တစ်ခုက ခွဲခြား ဆက်ဆံခံရ တယ်ဆိုတာ ဗမာဆိုတဲ့ လူမျိုးကြီး ဝါဒကြောင့်လည်း မဟုတ်ပါဘူး။ ဗမာတွေမှာလည်း လူမျိုးကြီးဝါဒ မရှိပါဘူး။ စနစ် တစ်ခုကြောင့်ပါလို့။ အာဏာရှင်စနစ် တစ်ခု ဆက်တည် မြဲနေမယ် ဆိုရင် ဗမာအပါအဝင် အားလုံးသော တိုင်းရင်းသားတွေ က ဖိနှိပ်ခံ ရဦးမှာပါပဲလို့။ အဲဒီ တော့ ဗမာအပါအဝင် တိုင်းရင်း သားအားလုံး ညီညီညွတ်ညွတ် နဲ့ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တစ်ခုကို တည်ထောင်နိုင်ဖို့ အခု ကြိုးစားနေတဲ့ အစိုးရကို တစ်ဖက် တစ်လမ်းက ဝိုင်းဝန်း ကူညီပေး ကြပါလို့ပဲ မေတ္တာရပ်ခံချင်ပါတယ်။

ဆရာညီပုလေး

ကျွန်တော်က ဖက်ဒရယ်ကို လက်ခံတာဗျ။ အားလုံး ညီမျှစေ ချင်တာ၊ စိတ်ချမ်းသာစေချင်တာ။ ပြည်တွင်းစစ် ရပ်စဲစေချင်တာ။ အဲ့ဒီတော့ ဒီနှစ်က စပြီးရှေ့လျှောက် ကျွန်တော်တို့ တိုင်းပြည်မှာ အပစ် အခတ်မရှိဘဲ ငြိမ်းချမ်းတဲ့ ပြည် ထောင်စု ဖြစ်ပါစေလို့ ကျွန်တော် က ဆုတောင်းနေမှာပါ။

ဆရာနောင်ကျော်

ပြည်ထောင်စုနေ့ စပေါ်လာ ခဲ့တဲ့ပင်လုံ စာချုပ်ရဲ့ အနှစ်သာ ရတွေကို ဒီကနေ့ အခြေအနေမှာ ပြန်ပြီး အကောင်အထည်ဖော်ဖို့ အစိုးရ မှာရော၊ တပ်မတော်မှာရော တာဝန်ရှိတဲ့အချိန် ဖြစ်တယ်။ မပေါ် ပေါ်အောင်လည်း ဝိုင်းပြီး ဖော်ကြပါလို့ အကြံပြုချင်ပါတယ်။ ဒါမှ တိုင်းပြည် ငြိမ်းချမ်းမှာပါ။

ဆရာမ မသီတာ(စမ်းချောင်း)

ပြည်ထောင်စုနေ့ရဲ့ အနှစ် သာရကို တို့သမိုင်းစဉ် တစ်လျှောက် လုံးမှာ ပထမဦးဆုံးပေါ်ခဲ့တဲ့ ပြည်ထောင်စုနေ့တုန်းက လုပ်ခဲ့တဲ့ အနှစ်သာရ ကို နှစ်ပေါင်းများစွာ ကြာသည့် တိုင်အောင် လုံလုံ လောက်လောက် မဖော်နိုင်ဘူးဆို တာတော့ ဝမ်းနည်း စရာ တွေ့ ရတာ ပေါ့နော်။ အဲ့ဒီအနှစ်သာရ အတိုင်း တိုင်းရင်းသား အားလုံး တန်းတူညီ တူဖြစ်ပြီးတော့ ပြည်ထောင်စု ဆို တာ အစစ်ဖြစ် ဖို့ လို့အတွက် ဗဟို ကချည်းပဲ နေရာတိုင်းမှာ လိုက်ပြီး လွှမ်းမိုးတာ မဟုတ်ဘဲနဲ့ ဒေသ အသီးသီးမှာ တကယ့်ပြည်ထောင် စုဆိုတဲ့ ဖက်ဒရယ် ဖြစ်ဖို့လို့ အတွက်တော့ ဒီနေ့ဒီအချိန်က စပြီး သန္နိဋ္ဌာန်ချ ကြိုးစားဖို့တော့ လိုပြီပေါ့။ အရင်လိုပဲ ငါတို့လုပ်နေ တာတွေက ပြည်ထောင်စုပါပဲဆို ပြီး ထင်ယောင် ထင်မှား ဖြစ်နေ သေးတယ် ဆိုရင်တော့ တစ်သက် လုံး ပြည်ထောင်စု ဆိုတာနဲ့ ဝေးရ မှာပါ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*