ကချင်တိုင်းရင်းသူ မော်ဒယ် Maria J Naw နှင့် တွေ့ဆုံခြင်း

ကချင်တိုင်းရင်းသူ မော်ဒယ် Maria J Naw နှင့် တွေ့ဆုံခြင်း
February 17, 2017 Asian Fame

3:39 pm
ကချင်တိုင်းရင်းသူ မော်ဒယ် Maria J Naw နှင့် တွေ့ဆုံခြင်း

MarinaJNawMiss Huawei Myanmar 2014 ဆုရရှိခဲ့ကာ မော်ဒယ် တစ်ဦး အဖြစ် အနုပညာ လမ်းကြောင်းပေါ် လျှောက်လှမ်းနေသူ Maria J Naw သည် သရုပ်ဆောင် လမ်းကြောင်း ပေါ်တွင်ပါ လျှောက်လှမ်းရန် စတင် ကြိုးစားနေပြီ ဖြစ်သည်။ ၄င်း၏စတိုင်နှင့် ဓာတ်ပုံများသည် လတ်တလောတွင် လူမှုကွန်ရက် ပရိသတ်များကြား ရေပန်းစား လျက်ရှိသဖြင့် ကချင်တိုင်းရင်းသူ Maria J Naw နှင့် တွေ့ဆုံကာ အနု ပညာ လှုပ်ရှားမှုများ၊ ပရဟိတ လှုပ်ရှားမှုများနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ အမြင်များကို တွေ့ဆုံ မေးမြန်းဖော်ပြလိုက်ပါသည်။

ညီမအနေ နဲ့ အနုပညာအလုပ် တွေ အရင်ကထက် ပိုလုပ်ဖြစ်လာ တာ တွေ့ရပါတယ်။ အိမ်ကခွင့်ပြု ပြီလား။

ဒီလမ်းကြောင်းလေးက နော လေးကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းဖြစ်တယ်။ ငယ်ငယ် ကတည်းကလည်း တစ်နေ့မော်ဒယ် တစ်ယောက် ဖြစ်ရမယ်။ ပြီးရင် အဆိုတော် တစ်ယောက်ဖြစ်ရမယ် လို့ ရည်မှန်းချက် ရှိထားပြီးသား ဖြစ်တယ်။ အဲဒီအတွက် ကိုယ့်ရည် မှန်းချက် ပြည့်အောင် နောလေး ဖြည်းဖြည်းနဲ့ လမ်းကြောင်းမှန် အောင်ကြိုးစားပြီး လျှောက်လှမ်း တယ်။ ပါးပါးနဲ့ မားမားက လည်း နောလေး ကို ယုံကြည်ပြီးတော့ ဆုတောင်းခြင်းဖြင့် သတိရကြပါ တယ်။ အခုလတ်တလော နော လေး အနုပညာလှုပ်ရှားမှုတွေ အရင်နှစ် ကထက် ပိုလုပ်ဖြစ်လာ တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နောလေး တည်ဆောက်ထားတဲ့ အနုပညာ နဲ့ပတ်သက်တဲ့ အရာတွေ ပရိသတ်ကို ချပြဖို့ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု ရှိလာပြီ။ မဂ္ဂဇင်းနဲ့ ဂျာနယ် ကာဗာတွေကို အများဆုံး ရိုက်ကူးပေး ဖြစ်တယ်။ သရုပ် ဆောင် အပိုင်းကတော့ ကိုယ်ခင်တဲ့ အနုပညာရှင်တွေရဲ့ MTV အတွက် တော့ ရိုက်ပေးဖြစ်တယ်။ နောက် တစ်ခုက ‘Miss Universe 2017’ အတွက် နယ်ကပွဲတွေ အတွက် Catwalk ထရိန်နာ လုပ်ပေးဖြစ်တယ်။ ဒီနှစ်တော့ နယ်ခြောက်နေ ရာ လောက် နောလေး လက်ခံထား တယ်။ လတ်တလောမှာ မိုးညှင်း နဲ့ မင်းဘူးတော့ ပြီးပြီ။

ညီမ Miss Huawei Myanmar 2014  ဆုရတုန်းက ခန္ဓာကိုယ် ဒီ လောက် မပြေပြစ်သေးဘူးနော်။ ဆုရပြီး မော်ဒယ် သင်တန်းတွေ တက်ဖြစ်သေးလား။

နောလေး Miss Huawei Myanmar 2014  ရပြီးတော့ မော် ဒယ်သင်တန်း မတက်ဖြစ်ဘူး။ ကိုယ့်ဟာ ကိုယ်ပဲ ခန္ဓာကိုယ်ပိုင်း ကို လေ့ ကျင့် တယ်။ အဲဒီဆုရပြီး မဝတ်မှုံရွှေရည်၊ ကိုဆန်းထွဋ်၊ မမိစန္ဒီ တို့နဲ့ အတူ ကြော်ငြာတွေ ရိုက်ဖြစ်တယ်။ ကိုယ်က ဒီလမ်း ကြောင်း ပေါ်လျှောက်တော့ မယ် ဆို တော့ ခန္ဓာကိုယ်ကို အရင်ဆုံးထိန်း သိမ်းလိုက်တဲ့ သဘောပါ။

Sexy ဓာတ်ပုံတွေ ရိုက်ကူးတဲ့အခါ မှာရော ပရိသတ်တွေ ဝေဖန်မယ့် အပေါ် စိုးရိမ်စိတ်တွေ ဖြစ်မိသေးလား။

ရေကူးဝတ်စုံတွေ ၊ Sexy ကျကျ ပုံစံတွေရိုက်တာ ပရိသတ်တွေမုန်း သွားမလား တွေးပြီးတော့ မစိုးရိမ် ခဲ့ဘူး။ နောလေး ရိုက်ခဲ့တာတွေ က နိုင်ငံတကာ မော်ဒယ်လိုင်း လို ပုံစံပါ။ ဒီလိုကိုယ်လုံး ရအောင် ညီမ အချိန်ပေးပြီး ထိန်းသိမ်း တယ်။ ညီမလိုမျိုး ပုံတွေ ရိုက်ဖို့ တိုက်တွန်းတာ မဟုတ်ဘူး။ ညီမလိုမျိုး ခန္ဓာကိုယ်မျိုး အား ကျအောင်ပဲ ဖြစ်စေချင်တယ်။ နောက်တစ်ခုက ရေကူးဝတ်စုံ ဝတ်ပြီးရိုက်ရတဲ့ ဖီလင်ကို အရမ်း ကြိုက်တယ်။ နောလေးတို့မြန်မာ လည်း နိုင်ငံခြားလို မျက်စိပွင့် နား ပွင့်ဖြစ်လာပါပြီ။ ဖက်ရှင်ရှိုးတွေ လည်းကျင်းပ လာပြီ။ အားပေးလာ ကြပါပြီ။ ကိုယ်က မြန်မာနိုင်ငံက ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ယဉ် ကျေးမှုကြောင့် သူများနိုင်ငံ အတိုင်းအတာထိ လုပ်လို့ မရဘူးဆို တာနားလည်တယ်။ အဲဒီလို အခွင့်အရေး မရှိဘူး ဆိုတာလည်း နားလည်တယ်။ နောလေး Sexy  ကျကျပုံတွေ ကို ဖြစ်ကတတ်ဆန်း ရိုက်ပြီး အမြင်ရိုင်းစေတဲ့ ဟာမျိုး မလုပ်မိအောင် အထူးဂရုစိုက်တယ်။ နိုင်ငံတကာလို ဖက်ရှင်ကျကျ ဖြစ်အောင် ကြိုးစားတယ်။ နော လေးကို ဝေဖန်တာတွေ ဝေဖန်သင့် ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါ မြန်မာနိုင်ငံဖြစ်တဲ့ အတွက်ကြောင့် ပါ။ ဒါပေမယ့် ဆဲဆိုတာတော့ လုံးဝ သဘော မကျပါဘူး။ နောက်ပိုင်း ကျရင် ပိုပြီးတော့ အဆင်ပြေလာ မှာပါ။ အမြင်တွေ ပွင့်လင်းလာ မှာပါ။ ရေကူးကန်မှာ ရိုက်တဲ့ အတွက် ခန္ဓာကိုယ် အလှတွေပေါ် အောင် ရေကူးဝတ်စုံ ဝတ်ရတယ် ဆိုတာ လက်ခံ လာကြမှာပါ။ ခန္ဓာ ကိုယ်တွေကိုလည်း ထိန်းသိမ်းတတ် လာမယ်။

များသောအားဖြင့်က  Miss  ရပြီး သရုပ်ဆောင်လုပ်ကြတယ်။ နောလေး က ဘာဖြစ်လို့ ငြင်းလိုက်တာလဲ။

ညီမ ရန်ကုန် ရောက်တာ၂နှစ် ကျော်ပဲ ရှိသေးတယ်။ ၂ဝ၁၄ မှာ ပြိုင်ပွဲ အတွက် မြစ်ကြီးနား မှာ ကျောင်းတက်နေရင်း ရန်ကုန်ကို တက်လာ တယ်။ အနုပညာမျိုးရိုး မရှိသလို အနုပညာ အသိုင်းအဝိုင်း လည်းမရှိဘူး။ ရန်ကုန်လာတုန်းက ခင်တဲ့သူ လည်း မရှိဘူး။ စွန့်စားပြီး လာတယ်။ ပြိုင်ပွဲ ဝင်ပြိုင်ပြီးမှ ဆုလေးရတော့ အနုပညာ အသိုင်း အဝိုင်းထဲက အပေါင်းအသင်း ရလာတယ်။ အဲဒီနောက် တဖြည်း ဖြည်း နဲ့ အနုပညာလမ်းကြောင်း ပေါ် စရောက်ခဲ့တယ်။ လူတိုင်းက နောလေးကို Miss ထက် မော်ဒယ် လိုင်းဘက်ဆို ပိုအဆင်ပြေ မယ်၊ နောလေး မျက်နှာက မာတဲ့အခါ ကျတော့ မြန်မာကိုယ်လုံး ပုံစံလည်း မဟုတ်ဘူးဆိုပြီးတော့ အကြံပေး တာကို လက်ခံပြီး Miss ရပြီးသရုပ် ဆောင်ဘက်ကို အရင်မလုပ်ဘဲ မော်ဒယ် လုပ်တယ်။ ၂ဝ၁၅ တုန်း က နောလေးကို ရုပ်ရှင်ဇာတ်ကား ၃ ခု ကမ်းလှမ်းလာတယ်။ အဲဒီ   တုန်းက ကိုယ့်မှာအနုပညာ အရည် အချင်းနဲ့ ပတ်သက်ပြီး လုပ်နိုင် တယ်ဆိုတဲ့ ယုံကြည်မှု မရှိသေးတဲ့ အတွက် နောလေး မရိုက်ဖြစ်ဘူး။

သရုပ်ဆောင် အတတ်ပညာ ပိုင်းမှာရော အခုကိုယ့်ကိုယ် ကိုယ်ယုံကြည်မှု ရှိလာပြီလား။

နောလေး မော်ဒယ်လောက မှာနာမည် တစ်လုံးနဲ့ အတည် တကျ ရပ်တည်နိုင်အောင် အရင် တည်ဆောက်ချင်တယ်။
ကိုယ်တိုင်လည်း အဆင်သင့် မဖြစ်သေးဘူးလို့ ခံယူထားတဲ့ အတွက် ဖြစ်ကတတ်ဆန်း ပြီးပြီး ရော မလုပ်ချင်တဲ့ အတွက် လွန်ခဲ့ တဲ့နှစ် ကတော့ ဇာတ်ကား ရိုက်ကူးမှု လက်မခံဖြစ်ဘူး။  ဒီနှစ်တော့ ကမ်းလှမ်း လာခဲ့ရင် ရိုက်တော့မှာ ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ လေ့ လာထားတဲ့ အရာတွေကို လုပ်နိုင်ပြီ လို့ယုံကြည်မှု ရှိပြီလေ။

ကချင်တိုင်းရင်းသူ တစ်ယောက် အနေနဲ့ ကချင်ပြည်နယ် ရဲ့ငြိမ်းချမ်း ရေးနဲ့ ပတ်သက်ပြီးတော့ နောလေး ဆန္ဒပြုချင်တာ မျိုးရှိလား။

သိပ်ရှိတာပေါ့။ ကချင်ပြည် နယ်က အခုချိန်ထိ ငြိမ်းချမ်းရေး မရသေးဘူးလေ။ ညီမ စိတ်ထဲ ခံစားရတာ ကိုပြောရရင် မြန်မြန် ငြိမ်းချမ်းစေ ချင်ပြီ။ ပြည်သူတွေ လည်း သွားလာရတာ ခက်ခဲတယ်။ လုပ်ကိုင် စားသောက် ရတာလည်း ကျီးလန့်စာစား ဖြစ်နေတယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ ညည အိပ်ရတာလည်း ဘယ်အချိန် သေနတ်သံ ကြားရမလဲ စိုးရိမ် ထိတ်လန့်ရတယ်။ ကချင်ပြည် နယ် ဆိုတာ တွင်း ထွက် ပစ္စည်းတွေ အများကြီး ထွက်တဲ့ ဒေသဖြစ်တယ်၊ ဒါပေမယ့် ကချင်လူမျိုးတွေက ကျီး လန့်စာစားနေရတယ်။ နောလေး တို့က မြို့ပေါ် မှာနေလို့ ဒီဒုက္ခတွေ မခံစားရဘူး။ လူသား တစ်ယောက် အနေနဲ့ စာနာပြီးတော့ ငြိမ်းချမ်းတဲ့ ကချင်မြေ ဖြစ်ချင်ပြီ။ နောလေး ကိုယ်တိုင် ကလည်း စစ်ဘေးကို ခံစားဖူးတဲ့ ပြည်သူထဲက ပြည်သူ တစ်ယောက်ပါ။ နောလေးကိုယ် တိုင် ရန်ကုန်ကို မတက်လာခင် မှာ နောလေး အိမ်နဲ့စစ်တပ်က မျက်နှာ ချင်းဆိုင်ပဲ။ အဲဒီတော့ ကိုယ့်အိမ် ခေါင်မိုးပေါ်မှာ အမြောက်တွေ ရော၊ ကျည်ဆန်တွေရော ထုနေကြ တာ အထင်းသား မြင်ကြားနေရ တာ။ စစ်ဒဏ်ကို နောလေးတို့က ကောင်းကောင်း သိတယ်။ စစ်ဖြစ် တာ ဘယ်သူ့အတွက် မှ ကောင်း ကျိုး မရှိပါဘူး။ အားလုံး အတွက် ဆိုးကျိုးတွေပဲမို့ ငြိမ်းချမ်းတဲ့ ပြည်နယ် ဖြစ်စေချင်ပြီ။

ညီမအနေနဲ့ စစ်ရှောင်စခန်း ဘက် မှာ ပရဟိတတွေ အမြဲလုပ်ဖြစ် တယ်လို့ သိရတယ်။ အဲဒါလေး လည်း ပြောပြပေးပါဦး။

နောလေးရတဲ့ အနုပညာ ဝင်ငွေထဲက ဆယ်ဖို့တစ်ဖို့ကို ဖယ်ပြီး ပေးလှူတယ်။ လူမျိုး ဘာသာ နေရာမရွေး လှူတယ်။ နောလေး မားမား ကိုယ်တိုင်က လည်း ပရဟိတ နဲ့ပတ်သက်ပြီး တော့ သူကိုယ်တိုင် ဦးဆောင်ပြီး လုပ်တာရှိတယ်။ အခုလတ်တ လော ကချင် စစ်ဘေးရှောင် တစ်ခု မှာ မားမားက လူနာတွေကို သူ ကိုယ်ပိုင်ဆေးခန်း အထိုင်ဖွင့်ပြီး ကူညီပေးတယ်။

ကိုယ်တိုင်လည်း အဆင်သင့် မဖြစ်သေးဘူးလို့ ခံယူထားတဲ့ အတွက် ဖြစ်ကတတ်ဆန်း ပြီးပြီး ရော မလုပ်ချင်တဲ့အတွက် လွန်ခဲ့ တဲ့နှစ်ကတော့ ဇာတ်ကား ရိုက်ကူးမှု လက်မခံဖြစ်ဘူး။ ဒီနှစ်တော့ကမ်း လှမ်းလာခဲ့ရင် ရိုက်တော့မှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ လေ့လာ ထားတဲ့ အရာတွေကို လုပ်နိုင်ပြီလို့ ယုံကြည်မှုရှိပြီလေ။

ကချင်တိုင်းရင်းသူ တစ်ယောက် အနေနဲ့ ကချင်ပြည်နယ် ရဲ့ငြိမ်းချမ်း ရေးနဲ့ ပတ်သက်ပြီးတော့ နောလေး ဆန္ဒပြုချင်တာမျိုး ရှိလား။

သိပ်ရှိတာပေါ့။ ကချင်ပြည် နယ်က အခုချိန်ထိ ငြိမ်းချမ်းရေး မရသေးဘူးလေ။ ညီမ စိတ်ထဲ ခံစားရတာကို ပြောရရင် မြန်မြန် ငြိမ်းချမ်းစေ ချင်ပြီ။ ပြည်သူတွေ လည်း သွားလာရတာ ခက်ခဲတယ်။ လုပ်ကိုင် စားသောက်ရတာလည်း ကျီးလန့်စာစား ဖြစ်နေတယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ ညည အိပ်ရတာလည်း ဘယ်အချိန် သေနတ်သံ ကြားရမလဲ စိုးရိမ်ထိတ် လန့်ရတယ်။ ကချင်ပြည်နယ် ဆို တာ တွင်းထွက် ပစ္စည်းတွေ အများ ကြီးထွက်တဲ့ ဒေသဖြစ်တယ်၊ ဒါပေ မယ့် ကချင် လူမျိုးတွေက ကျီးလန့် စာစားနေရတယ်။ လူသား တစ် ယောက် အနေ နဲ့ စာနာပြီးတော့ ငြိမ်းချမ်းတဲ့ ကချင်မြေ ဖြစ်ချင်ပြီ။ နောလေး ကိုယ်တိုင်ကလည်း စစ် ဘေးကို ခံစားဖူး တဲ့ ပြည်သူထဲက ပြည်သူ တစ်ယောက်ပါ။ နောလေး ကိုယ်တိုင် ရန်ကုန်ကို မတက်လာ ခင်မှာ နောလေးအိမ် နဲ့ စစ်တပ်က မျက်နှာချင်း ဆိုင်ပဲ။ အဲဒီတော့ ကိုယ့်အိမ်ခေါင်မိုး ပေါ်မှာ အမြောက် တွေရော၊ ကျည်ဆန်တွေရော ထု နေကြတာ အထင်းသား မြင်ကြား နေရတာ။ စစ်ဒဏ်ကို နောလေး တို့က ကောင်းကောင်း သိတယ်။ စစ်ဖြစ်တာ ဘယ်သူ့ အတွက်မှ ကောင်းကျိုး မရှိပါဘူး။ အားလုံး အတွက် ဆိုးကျိုးတွေ ပဲမို့ ငြိမ်းချမ်း တဲ့ပြည်နယ် ဖြစ်စေချင်ပြီ။

ညီမအနေနဲ့ စစ်ရှောင်စခန်းဘက် မှာ ပရဟိတတွေ အမြဲလုပ်ဖြစ် တယ်လို့ သိရတယ်။ အဲဒါလေးလည်း ပြောပြပေးပါဦး။

 နောလေးရတဲ့ အနုပညာဝင် ငွေထဲက ဆယ်ဖို့တစ်ဖို့ကို ဖယ်ပြီး ပေးလှူတယ်။ လူမျိုးဘာသာနေရာ မရွေးလှူတယ်။ နောလေး မားမား ကိုယ်တိုင်ကလည်း ပရဟိတနဲ့ ပတ်သက်ပြီးတော့ သူကိုယ်တိုင်ဦး ဆောင်ပြီး လုပ်တာရှိတယ်။ အခု လတ်တလော ကချင်စစ်ဘေးရှောင် စခန်းတစ်ခုမှာ မားမားက လူနာ တွေကို သူကိုယ်ပိုင်ဆေးခန်းအထိုင် ဖွင့်ပြီး ကူညီပေးတယ်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*