Cyber လုံခြုံရေးကို မြန်မာနိုင်ငံ ဘယ်လောက် အလေးထားသလဲ

Cyber လုံခြုံရေးကို မြန်မာနိုင်ငံ ဘယ်လောက် အလေးထားသလဲ
February 9, 2017 Asian Fame

1:59 pm
Cyber လုံခြုံရေးကို မြန်မာနိုင်ငံ ဘယ်လောက် အလေးထားသလဲ

cybersecurityသတင်း အချက်အလက်နှင့် နည်း ပညာခေတ် ဟုဆိုသော ယနေ့ခေတ်တွင် မြန်မာနိုင်ငံသား များလည်း နည်းပညာ၏ အကျိုး ကျေးဇူး များကို ခံစား၍ အင်တာ နက်သုံးစွဲမှု များပြားလာနေသည်။ အင်တာ နက် စာမျက်နှာများမှ တစ်ဆင့် သတင်းအ ချက်အလက် များကိုမျှဝေကြသည်၊ ဖလှယ် ကြသည်။ Facebook၊ Twitter  စသည့် လူ မှုကွန်ရက် မီဒီယာများကို အသုံးပြုမှု များ ပြားလာသည်။

ထိုကဲ့သို့ သတင်း အချက်အလက်နှင့် မိုဘိုင်း နည်းပညာများကို အသုံးချလာသူ များထဲတွင် ပြည်သူလူထု အပြင် ပြည်သူ့ဝန် ထမ်းများ ဖြစ်ကြသော ရဲ၊ တပ်မတော်၊ ရုံးဝန်ထမ်း စသဖြင့် ပါဝင်ကြသည်။ Mobile  နည်းပညာသည် ယနေ့ မျက်မှောက်ခေတ် တွင် အသုံးပြုသည့် User များ၏ လိုအပ် ချက်များ အပေါ်မူတည်၍ ယခင်နှစ်များ ထက် နည်းပညာပိုင်း ဆိုင်ရာများ ပိုမို တိုး တက်လာခဲ့သည်ကို တွေ့ရှိရပါသည်။ ထို ကဲ့သို့ Mobile Phone များကို အသုံးပြုမှု များပြားလာသည် နှင့်အမျှ Cyber Crime  ဆိုင်ရာ လုပ်ဆောင်ချက် များလည်း ပိုမိုများ ပြားလာသည်။

ဥပမာအားဖြင့် မကြာသေးခင်က ဖြစ် ပွားခဲ့သော တရား လွှတ်တော် ရှေ့နေဦးကိုနီ သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခံရမှုတွင် တရားခံဖြစ်သူ ကြည်လင်း၏ လျှို့ဝှက် ထွက်ဆိုချက်များ အင်တာနက် လူမှုကွန် ရက်တွင် ပျံ့နှံ့ခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် Viber Application  ကို Hacking လုပ်၍ ရယူသွားသည်ဟု ဆိုသော်လည်း အိုင်တီ ပညာရှင် များကမှု မဖြစ်နိုင်ကြောင်း သုံး သပ်မှုများလည်း ရှိသည်။ သို့သော် အဆို ပါကိစ္စတွင် ထင်ထင်ရှားရှား ပေါ်လွင်နေ သည်မှာ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ကိုယ် ပိုင်ဆာဗာ မဟုတ်ဘဲ တစ်ဆင့်ခံ Mobile Application  များကိုသုံး၍ လုံခြုံရေး ဆိုင် ရာ စာရွက် စာတမ်းများ ပေးပို့လျက် ရှိနေ သည်ဆိုသည့် အချက်ပင် ဖြစ်သည်။ အ မှန်စင်စင်တွင် ထိုကဲ့သို့ ပေးပို့နေမှုများ သည် အလွန်လုံခြုံမှု ကင်းမဲ့သော အနေ အထားဖြစ်ပြီး လျှို့ဝှက်ချက် များ အများ အပြား ပေါက်ကြားစေနိုင်သည်။ အခန့်မ သင့်လျှင် နိုင်ငံတော်၏ လုံခြုံရေးကိုပင် ထိခိုက်စေနိုင်သည့် အနေအထား ရှိသည်။

”အစိုးရနဲ့ ဆိုင်တဲ့ဌာနတွေ အနေနဲ့ အ ချက်အလက်တွေ ပို့တဲ့အခါ သူတို့ရဲ့ ထိန်း ချုပ်မှုရှိတဲ့ ဆာဗာတွေကို သုံးပြီး ပို့သင့်ပါ တယ်။ ဒါကြောင့် နိုင်ငံတကာမှာ တောင် အဖွဲ့အစည်းတွေက သူတို့ကိုယ်ပိုင် အဖွဲ့အ စည်းတွေရဲ့ Email တွေကို သုံးပြီး ပို့ကြ တယ်။ အဲ့ဒီအပိုင်းမှာ အရမ်းလိုတယ်။ တစ်ယောက်နဲ့ တစ်ယောက်နဲ့ အချက်အ လက်မျှဝေတဲ့အခါ လွယ်ကူတဲ့ ပလက် ဖောင်းတွေကိုပဲ သုံးပြီး ပို့နေကြတော့ အ ချက်အလက် လုံခြုံမှုက စိုးရိမ်စရာပါ”ဟု Myanmar ICT for Development Organization (MIDO) မှ မထိုက်ထိုက် အောင်က ပြောသည်။
သတင်းအချက်အလက် လုံခြုံရေး ဆိုင်ရာကိစ္စများတွင် အရေးကြီးသော အ ချက်အလက်များပေါက်ကြားနိုင်ခြင်းသည်
နည်းပညာအရ ဖြစ်နိုင်သော်လည်း မြန် မာနိုင်ငံရှိ သတင်း အချက်အလက် ပေါက် ကြားမှုများ၏ အများစုမှာ လူလုပ်အမှား များကြောင့် ပေါက်ကြားခြင်းနှင့် မိမိတို့ သုံးစွဲနေသော Software  များအကြောင်း ကောင်းစွာ မသိရှိခြင်းကြောင့် ဖြစ်နိုင် ကြောင်း နည်းပညာကျွမ်းကျင်သူများက သုံးသပ်သည်။

”ဝန်ထမ်းတွေက ဆိုင်မှာ သွားပြီး အ ကောင့်ဖောက်တာတွေ ဘာတွေလည်း ရှိ တော့ ဒီအကောင့်တွေက ပွားလို့ရတဲ့ အခါ ကျတော့ သတင်း အချက်အလက်တွေ ဖ လှယ်ကြတဲ့အခါ ပွားထားတဲ့ Device ဆီ လည်းရောက်တာပေါ့။  Hack တဲ့ သဘော တော့ မဟုတ်ပါဘူး။ ဒါက ဆိုင်တွေက ကျင့်ဝတ် မရှိတာပါ။ facebook တို့ gmail တို့ဆိုတာလည်း အတူတူပဲ၊ ကွန်ပျူတာ မှာ ဝင်နေလို့ရတယ်၊ ဖုန်း တွေမှာ ဝင်နေလို့လည်း ရတယ်ဆို တော့ အဲဒါကို မူလ ပိုင်ရှင်က လည်း ပြီးပြီးရော ဆိုပြီး ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးကို နားမလည်တာတွေ လည်း ပါတယ်ပေါ့။ နည်းပညာ အားနည်း ချက်ကြောင့် မဟုတ် ဘဲ လူတွေရဲ့ အား နည်းချက် ကြောင့် ပေါ့နော်။ ဒါတွေ ကို ဌာနတွင်း ဆိုင်ရာ ပဲဖြစ် ဖြစ် Cyber Security ပဲ ဖြစ်ဖြစ်သင်တန်း လေးတွေ ပေးသင့်တယ် ထင်ပါတယ်”ဟု National Cyber Security & Forensics Solutions Co., Ltd ၏ ဒါရိုက်တာဖြစ်သူ ဦးထွန်း ပိုင်စိုး ကပြောသည်။

ယခုကဲ့သို့ သတင်း အချက်အလက် ခေတ်ကြီးထဲတွင် နိုင်ငံ တစ်နိုင်ငံ၊ အဖွဲ့အ စည်း တစ်ခု၏ လုံခြုံမှုသည် အဆိုပါ နိုင်ငံ နှင့် အဖွဲ့အစည်း၏ ကွန်ပျူတာ စနစ်များ မည်မျှ လုံခြုံသည် ဟူသော အချက်ပေါ် တွင် များစွာ မူတည်နေသည်။ ထို့ကြောင့် မိမိတို့ကိုယ်တိုင် မှားမိသော အမှားများ အပြင် ဆိုက်ဘာ တိုက်ခိုက်မှုများကို ခုခံ ကာကွယ်ရန် ကွန်ပျူတာ စနစ်ကို လုံခြုံစေ ရန် အထူး ဂရုစိုက်ရမည်ဖြစ်သည်။ ထိုသို့ ဖြစ်ရန် အတွက်မှာမူ ကွန်ပျူတာစနစ် တစ် ခုလုံးရှိ Hardware, Software, Netware များအပါအဝင် အဖွဲ့အစည်း၏ ဆက်သွယ် ရေးစနစ်၊ စီမံခန့်ခွဲ အုပ်ချုပ်ပုံ စသော အ လွှာများ အချိုးညီညီ ပူးပေါင်းလုပ်ဆောင် ရန် လိုအပ်မည်ဖြစ်သည်။ ”တို့အဖွဲ့က တော့  အားလုံး  Manual ပဲဟေ့” ဆိုသော နိုင်ငံနှင့် အဖွဲ့အစည်းအတွက်မူ မပြော တတ်ပေ။ နည်းပညာ သုံးမည် ဆိုပါက အ ထက်ပါ အချက်များ လိုအပ်ပေသည်။

ထို့အပြင် အစိုးရဌာန အဖွဲ့အစည်း များအနေဖြင့် ဝန်ထမ်းများကို ၄င်းတို့သုံး စွဲနေသော Software များ၊ Application  များနှင့် ပတ်သက်၍ ရှင်းလင်းစွာ သိရန်နှင့် လုံခြုံရေး ကျိုးပေါက်စေသော Software များ အသုံးပြုခြင်းကို ဌာနအကြီးအကဲ များ ကိုယ်တိုင်က နားလည်၍ ဆင်ခြင်သင့် ကြောင်း နည်းပညာ ကျွမ်းကျင်သူများက ထောက်ပြသည်။ ဥပမာ  Viber ဆိုပါက ဂျပန်နည်းပညာ ကုမ္ပဏီက ပိုင်ဆိုင်သော် လည်း Viber ၏ Data Center သည် အစ္စရေးနိုင်ငံ မှဖြစ်သောကြောင့် နိုင်ငံ ရေးဆိုင်ရာ အသုံးချမှုများ မရှိသည့်တိုင် ဂရုပြုသင့်သည်။ ၂ဝ၁ဝ ခုနှစ်ခန့်က စပြီး ကမ္ဘာတစ်လွှား အစိုးရ အေဂျင်စီများနှင့် Google အပါအဝင် နည်းပညာ ကော်ပိုရေး ရှင်းကြီးများ၏ ကွန်ပျူတာ စနစ်များ မကြာ ခဏ ဖောက်ထွင်း တိုက်ခိုက်ခံနေရသည်။ ထို့အပြင် မှတ်မိဦးမည် ဆိုပါက အမေရိ ကန် အမျိုးသား လုံခြုံရေး အေဂျင်စီ(NSA) အစီအစဉ် များကို ဖွင့်ချခဲ့သော အက်(ဒ်) ဝပ်စနိုးဒင်၏ အဆိုအရ နည်းပညာကော်ပို ရေးရှင်းကြီးများသည် အမေရိကန် အစိုးရ နှင့်ပူးပေါင်းမှု ရှိပြီး ကမ္ဘာတစ်လွားရှိ အစိုးရ များ၏ အချက်အလက်များ အပြင် အမေရိ ကန်ပြည်သူများ၏ အချက်အလက် များကို ရယူခဲ့သည်ဟု ဆိုသည်။ Viber နှင့် facebook တို့၏ Chat Box များမှ တစ်ဆင့်ရုံးစာ လေးလောက်ကို မျှဝေ သော အနေအထားသည် အရေးမကြီး နိုင်သော်လည်း နိုင်ငံတော် လုံခြုံရေး ဆိုင်ရာကိစ္စ များကို ကိုယ်ပိုင် ဆာဗာမထား ဘဲ အခြားဆာဗာ များကို မှီခိုနေရခြင်းသည် မဖြစ်သင့်ဟု ဝေဖန်မှု များလည်း ရှိသည်။

နည်းပညာ ကျွမ်းကျင်သူ တစ်ဦးဖြစ်သူ  ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးနေဘုန်းလတ် ကမူ ”တကယ် တမ်းတော့ အချက်အလက်တွေ ပို့ရင် သတ်မှတ်ထားတဲ့ လျို့ဝှက် လမ်းကြောင်းက နေ ပို့ရမယ်။ သူများ ဆာဗာက သွားပို့တယ် ဆိုတာ ဟုတ်ကို မဟုတ်တာ။ လျှို့ဝှက်ဆိုပြီး တော့ facebook သုံးနေတယ်၊ viber သုံး နေတယ် ဆိုကတည်းက အဲဒါ လျှို့ဝှက်မ ဟုတ်တော့ဘူး။ ခုလက်ရှိ အခြေအနေက တော့ နည်းပညာ အဆင့်အတန်းမြင့် တဲ့နေရာကို မသွားနိုင်သေးတဲ့ အ ခြေအနေမှာ သွားနေတယ် လို့ ထင်ပါ တယ်။ နိုင်ငံ တော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီ တိုင်လို့ရပါတယ် ဆိုတဲ့ Email လိပ်စာက Gmail ဖြစ်နေတယ်။ ဒါ တွေက မဖြစ်သင့်ပါဘူး။ မဖြစ် သင့်ဘူး ဆိုတာလည်း သိပြီးတော့ ပြင်သင့် တယ်လို့လည်း ထင်ပါတယ်။ ဒီထက်ပိုအ ဆင့်မြင့်တာကို သုံးဖို့က အစီအစဉ်လည်း ထားရှိရမယ်။ သတင်း အချက်အလက် လုံ ခြုံရေးအတွက် နည်းလမ်း မှားနေတာကို ဘယ်အချိန် ဘယ်ကာလ ကျရင် တော့ ရပ်ပစ်မယ် ဆိုတာမျိုးဆို ရင် ကောင်းပါတယ်။ ခုက တစ်နိုင်ငံ လုံးအတိုင်းအတာ နဲ့ ကိုဒီလိုဖြစ်နေတာ။ ဒစ်ဂျစ် တယ် လုံခြုံရေးမှာက Hacker  တွေ က တော်လွန်း လို့ဆိုတာ ထက် ကိုယ့်ရဲ့ ပေါ့ဆမှု ကြောင့် အခိုးခံရတာ က များပါတယ်။

နည်းပညာတစ် ခုကို သုံးမယ်ဆို ရင် ရဲဌာနက ပဲဖြစ်ဖြစ်၊ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ် တွေ၊ ဝန်ကြီး တွေပဲဖြစ်ဖြစ် နည်းပညာနဲ့ ပတ် သက်တဲ့ အကြောင်း အရာတွေကို  သေချာ နားလည် အောင် လေ့လာသင့်ပါတယ်။ ကိုယ်က အ ရေးကြီးတဲ့ တာဝန်တွေ ထမ်းဆောင် နေပြီး နည်းပညာ အကြောင်း ဒစ်ဂျစ်တယ် လုံခြုံရေး အကြောင်း သေချာမသိဘူး ဆိုရင် Hack ခံရတာတို့ ဘာတို့၊ အချက် အလက် တွေ ပေါက်ထွက်တာတွေ ဖြစ်နေမှာပဲ။ နည်းပညာ သုံးတဲ့ အခါမှာ မဖြစ်မနေသုံးရ မှာပဲ ဆိုတော့ အဲဒါကိုတော့ မဖြစ်မနေဖြည့် ဖို့ လိုတယ်”ဟု သုံးသပ်သည်။

အဖွဲ့အစည်း၊ ဌာနများ အတွင်းမှာ Cyber Security  နှင့်ပတ်သက်ပြီး လိုက်နာ ဆောင်ရွက်သင့်သည် များကိုလည်း အခါ အားလျော်စွာ ထုတ်ပြန်ပေးခြင်း၊ စစ်ဆေး ရေးအဖွဲ့များ ဖွဲ့၍ စစ်ဆေးခြင်း၊ တွေ့ရှိ ချက် များကို အစီရင်ခံခြင်း စသည့် လုပ်ငန်း စဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်မှ Cyber Crime များကို လျှော့ချနိုင် မည်ဖြစ်သည်။ ယနေ့ခေတ်တွင် ကွန်ပျူ တာနှင့် ကွန်ရက်စနစ် တို့ကို အသုံးပြု၍ Cyber Crime များ ပြုလုပ်နေကြသလို၊ Smart Phone  များကိုလည်း ကုမ္ပဏီ အသီး သီးမှ သူ့ထက်ငါ အပြိုင်အဆိုင် ထုတ်လုပ် နေကြပြီး ကမ္ဘာနှင့် အဝှမ်း လူတိုင်းနီးပါး Andriod OS  စနစ်သုံး Smart Phone၊ Apple မှ ထုတ်သော iDevices များ ၊ Microsoft မှ ထုတ်သော Windows  စနစ် အခြေပြု ဖုန်းများနှင့် ရင်းနှီးနေကြပြီး အသုံးပြုနေကြကာ မိမိတို့၏ အချက်အလက် များကို ထို Electronic Device များထဲတွင် သိမ်းဆည်း ထားကြသည်။ ကွန်ပျူတာမှ အချက်အလက် ပေါက်ကြားမှု ထက်ဖုန်း များမှ များပြားလာပြီး Cyber Crime ကဲ့သို့ ဖြစ်ရပ်များသည် ဖုန်းများမှ အခြေခံ၍ Mobile Base Social Engineering  (ဖုန်းအခြေပြု လူမှုအင်ဂျင် နီယာ) နည်းဖြင့် ဖြစ်ပွား လာသည်ကို နေ့ စဉ်တွေ့မြင်ကြ ရမည် ဖြစ်သည်။

အင်တာနက်ခေတ် ကမ္ဘာကြီးတွင် အင်တာနက် အသုံးပြုသူများသည် သတင်း အချက်အလက် ခေတ်၏ ဆိုးကျိုး၊ ကောင်း ကျိုးများကို ခံစားကြရပေသည်။ အရာရာ သည် နိယာမ အရ ထိုသို့ ဒွန်တွဲ နေပေလိမ့် မည်။ တရုတ်စကားပုံ တစ်ခု၏ အဆိုအရ  ‘ပြတင်း တံခါးပေါက်များကို အိမ်မှာဖွင့် ထားပါက လေကောင်း လေသန့်များလည်း ရရှိမှာဖြစ်သလို အမှိုက်များ၊ ဖုန်များလည်း ဝင်လာမှာဖြစ်တယ်။ လေကောင်း လေသန့် မရချင်ပါက တံခါးကိုသာ ပိတ်ထား လိုက်ပြီး အမှောင်ချ နေလိုက်ပေါ့’ ဟူ၍ပင် ပြောရ မည်ဖြစ်သည်။

၂၁ ရာစု Information Warfare သည် ကွပ်ကဲမှုနှင့် ကြီးကြပ်မှု စစ်ဆင်ရေး (C2W)၊ ထောက်လှမ်းမှု အခြေပြု စစ်ဆင် ရေး(IBW)၊ အီလက်ထရောနစ် စစ်ဆင်ရေး (EW)၊ စိတ်ဓာတ် စစ်ဆင်ရေး (PSYW)၊ ဟက်ကာ စစ်ဆင်ရေး (Hacker Warfare)၊ စီးပွားရေး ဆိုင်ရာ သတင်း စစ်ဆင်ရေး (EIW) နှင့် Cyber Warfare ( ဆိုက်ဘာ စစ်ဆင်ရေး) စသဖြင့် ပုံစံ(၇) မျိုးဖြင့် အ ပြိုင်အဆိုင် နေရာယူ ထားကြသည်ကို တွေ့ရမည်ဖြစ်သည်။ သတင်းပြန်ကြား စီးဆင်းမှု သို့မဟုတ် သတင်း စစ်ဆင်မှုမှာ တိုးတက်လာပြီး အင်တာနက်ကို လူမှုကွန် ရက်များတွင် တွင်ကျယ်စွာ အသုံးပြုမှုနှင့် အတူ တိုးတက်လာသည်ကိုလည်း တွေ့ ရမည်ဖြစ်သည်။ Cyber Warfare (ဆိုက် ဘာစစ်ဆင်မှု) သည် ကွန်ပျူတာနှင့် ကွန် ရက် အတွင်းသို့ ဝင်ရောက် ထိုးဖောက်၍ မှားယွင်းသော အချက်အလက်များ ထည့် သွင်းခြင်း၊ သတင်း အချက်အလက်များ ခိုး ယူခြင်း၊ ရရှိသည့် သတင်း အချက်အလက် အပေါ် အကျိုးအမြတ် (Benefit) ရရှိအောင် ဆောင်ရွက်ခြင်း တို့ပင် ဖြစ်သည်။ မြန်မာ နိုင်ငံကဲ့သို့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု ရေစီးတွင် ရုတ်တရက် မျောပါရသော နိုင်ငံတစ်ခု အနေဖြင့် နည်းပညာ အသုံးချ မှုအပိုင်းတွင် များစွာ လိုအပ်ချက်များရှိနေ ဦးမည်မှာ သေချာသော်လည်း ယခုချိန်မှ စတင်၍ အထူး ဂရုစိုက်ပြင်ဆင် သင့်ပြီး မသိမှုများထဲတွင် ဆက်လက်မျောပါနေ ရန် မသင့်တော့ပေ။

မှူးအိမ်ဇော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*