CMP အထည်ချုပ်လုပ်ငန်းများအားလုံး သွင်းကုန်လိုင်စင်လုပ်ငန်းများကို အင်တာနက်အပြည့်အဝ အသုံးပြုသည့် စနစ်ဖြင့် လုပ်ကိုင်နိုင်ပြီ

CMP အထည်ချုပ်လုပ်ငန်းများအားလုံး သွင်းကုန်လိုင်စင်လုပ်ငန်းများကို အင်တာနက်အပြည့်အဝ အသုံးပြုသည့် စနစ်ဖြင့် လုပ်ကိုင်နိုင်ပြီ
February 9, 2017 Asian Fame

3:08 pm
CMP အထည်ချုပ်လုပ်ငန်းများအားလုံး သွင်းကုန်လိုင်စင်လုပ်ငန်းများကို အင်တာနက်အပြည့်အဝ အသုံးပြုသည့် စနစ်ဖြင့် လုပ်ကိုင်နိုင်ပြီ

အောင်ပြည့်စုံ
ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ပြည်တွင်းတွင် လုပ်ကိုင်နေသည့် CMP   အထည်ချုပ်လုပ်ငန်းအား လုံးအနေဖြင့် သွင်းကုန်လိုင်စင်များကို ရုံးသို့ လာရောက်စရာမလို ဘဲ  အင်တာနက်အပြည့်အဝသုံးသည့် စနစ်ကိုသုံးကာ လိုင်စင်လျှောက်ထား နိုင်ပြီဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ လက် ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

ယခင်က အထည်ချုပ်ငန်းများအနေဖြင့်  သွင်းကုန်လိုင်စင် လျှောက် ထားရာတွင် မလိုအပ်ဘဲ အချိန်ကြန့်ကြာမှုများ၊   ငွေကြေးကုန်ကျမှု များ ရှိခဲ့ကြောင်း၊ ထိုသို့သော အကြောင်းအရာတို့ကို လက်ရှိတွင် လျှော့ချ နိုင်စေရန်အတွက် အွန်လိုင်းကိုအပြည့်အဝ အသုံးပြုလျှောက် ထားနိုင်မည့်fully online system  ကိုစတင်ကျင့်သုံးခြင်းဖြစ်သည်ဟု သူက ရှင်းပြ သည်။

အင်တာနက်လိုင်းရှိရုံဖြင့် မိမိတို့၏ရုံးခန်းအတွင်းမှနေ၍ ဆောင်ရွက် နိုင်မည့် ယင်းစနစ်ကို စတင်အသုံးပြုနေသည့် အထည်ချုပ်စက်ရုံ များ ရှိနေပြီဟု ဦးခင်မောင်လွင်က ဆိုသည်။

”လတ်တလောမှာ အထည်ချုပ်လုပ်ငန်း ၁ဝ ခုနဲ့ချိတ်ဆက် ဆောင် ရွက်ထားတယ်” ဟု သူက ပြောသည်။

တခြား CMP အထည်ချုပ်စက်ရုံများအနေဖြင့်လည်း စီးပွားကူး သန်းနှင့် လာရောက်ချိတ်ဆက်ရန်လိုကြောင်း လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ဆိုသည်။

လက်ရှိတွင် အထည်ချုပ်စက်ရုံလုပ်ငန်းသည် ပြည်တွင်းပို့ကုန်ကဏ္ဍအတွက် အရေးပါနေသည့် လုပ်ငန်းတစ်ဦးဖြစ်ပြီး၊ ပြည်ပဝင်ငွေများ ကို ရှာဖွေပေးနိုင်သည့် လုပ်ငန်းများထဲတွင် တစ်ခုအပါအဝင် ဖြစ်နေသည်။

ယင်းစနစ်အပေါ်ရွှေအလင်းရောင် CMP  အထည်ချုပ်စက်ရုံ မန်နေ ဂျာဦးမြင့်အောင်က ”ရုံးကိုသွားပြီး လိုင်စင်ပါမစ်ကိစ္စတွေ လုပ်စရာ မလို တော့တာကတော့ ကောင်းပါတယ်။ အဓိကပြဿနာတစ်ခုက အွန်လိုင်း စနစ်ဖြစ်နေတဲ့အတွက် နှစ်ဖက်ဆက်သွယ်တဲ့နေရာမှာ အင်တာနက် ကွန် နက်ရှင် နှေးကွေးနေတာတွေ၊ ကွန်နက်ရှင် မရတာတွေ ကြုံတွေ့နေရပါ တယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အင်တာနက်လိုင်းကောင်းရင် အ ဆင်ပြေမှာပါ။ အသုံးပြုရတဲ့ အနေအထားကလည်း မရှုပ်ထွေးပါဘူး” ဟု သူ့အမြင်ကို ပြောပြသည်။

 ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြည်တွင်း က CMP အထည်ချုပ်စက်ရုံများအနေဖြင့် သွင်းကုန်လိုင်စင်ကိစ္စေ တွကို ယင်းကဲ့သို့ အင်တာနက် အပြည့်အဝ အသုံးပြုသည့်စနစ်ဖြင့် ပြောင်းလဲ အသုံးပြုပါက အချိန်နှင့်ငွေကြေးအပြင် မလိုလားအပ်သည့် အကျင့်ပျက် လာဘ်စားမှုများကိုပါ ရှောင်ရှားနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

ယခုစတင် အသုံးပြုနေသည့် အဆိုပါစနစ်သည်လက်ရှိတွင် CMP အထည်ချုပ်လုပ်ငန်းများအတွက်သာ အကျုံးဝင်နေသော်လည်း ယခုနှစ် အတွင်းမှာပင်  တခြားလုပ်ငန်းများ၌ပါ ဆောင်ရွက် အသုံးပြုနိုင်အောင် စီစဉ်နေကြောင်း ¤င်းထံမှ ထပ်မံသိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*