ခြေတုလိုအပ် သူများ အတွက် ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်းက ခြေတုများ တပ်ဆင်ပေးမည်

ခြေတုလိုအပ် သူများ အတွက် ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်းက ခြေတုများ တပ်ဆင်ပေးမည်
February 9, 2017 Asian Fame

2:02 pm
ခြေတုလိုအပ် သူများ အတွက် ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်းက ခြေတုများ တပ်ဆင်ပေးမည်

( ရန်ကုန် ဖေဖော်ဝါရီ ၁၀ )

ခြေအတု တပ်ဆင်လို သူများအတွက် ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်း ကဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့၌ အခမဲ့ တပ်ဆင် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။ လိုအပ်နေသူများ အတွက် ခြေတု ၃၀၀ ကျော်ကို ဇန်နဝါရီလ အတွင်း တပ်ဆင်ပေး ရန် ကြေညာ ထားခဲ့သော်လည်း အခက်အခဲ တချို့ရှိခဲ့၍ တပ်ဆင်ပေးမည့် ရက်ကို နောက်ဆုတ် ခဲ့ခြင်းဖြစ်သည် ။  “ခြေအတုတွေ က အိန္ဒိယ ကနေ မှာယူရတာပါ။ အဲဒီချိန်မှာ ခြေအတုတွေ ရောက်မလာလို့ ရက်နောက်ဆုတ်ခဲ့ရတာပါ “ဟု အဆိုပါ ဖောင်ဒေးရှင်းမှ အတွင်းရေးမှူး ဒေါ်ယဉ်ယဉ်ညွန့်က ပြောသည်။

ခြေတု တပ်ဆင်ခြင်းကို ရန်ကုန်မြို့ ဒဂုံမြို့သစ် တောင်ပိုင်း အမှတ် ၁၆ ရပ်ကွက်ရှိ ပိဋကတ်သုံးပုံ နိကာလ်စာသင်တိုက် တွင် ပြုလုပ် သွားမည်ဟု သိရသည်။  ဦးနုဒေါ်မြရီဖောင်ဒေးရှင်း အနေဖြင့် ခြေတုအခမဲ့ တပ်ဆင်ပေးခြင်းကို အန္ဒိယနိုင်ငံ မှ ခြေတု တပ်ဆင်ရေး အဖွဲ့ တစ်ခုဖြစ်သည့် BMVSS နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ခြေအတုများကို BMVSS မှ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရ သည်။  လူမျိုး ဘာသာမရွေး ခြေတု လိုအပ်နေသူ အားလုံးကို တပ်ဆင် ပေးသွားမည် ဖြစ်ပြီး ယခု တပ်ဆင်ပေးခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း ခြေတုတပ်ဆင်လိုသူများအနေဖြင့် အမည်၊ အသက်၊ တပ်လိုသည့် ခြေထောက် အစိတ်အပိုင်း (ဥပမာ ဒူးအထက်၊ ဒူးအောက်)၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ လိပ်စာတို့ကို ဒေါ်သန်းသန်းနု- ၀၉၄၂၁၀၂၈၁၀၅ ဦးဇင်မောင်လင်း- ၀၉၂၅၂၂၉၂၀၁၀၊ ဦးဘိုးမင်္ဂလာ- ၀၉၄၂၁၀၇၈၆၆၆၊ ဦးစိုးလွင်- ၀၉၃၁၅၄၆၈၀၈ ဒေါ်ယဉ်ယဉ်ညွန့်- ၀၉၇၉၈၁၅၇၉၆၂ တို့ထံ ဆက်သွယ်ပြီး စာရင်းပေး သွင်းနိုင်ကြောင်း ဖောင်ဒေးရှင်းမှ သိရသည်။  ထိုဖောင်ဒေးရှင်းကို ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီးဒေါ်သန်းသန်းနုက ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လူမှုရေး ၊ကျန်းမာရေး၊ ပညာရေး စသည့် နယ်ပယ် တို့ရှိ လိုအပ်ချက်များကို ကူညီ ထောက်ပံ့ပေးနေသော အဖွဲ့အစည်း တစ်ခု ဖြစ်သည် ။

လင်းဟိန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*