မှောင်ခို တင်သွင်းပို့ဆောင်နေမှုများကို တားဆီးရန် စစ်ဆေးရေးဂိတ်များ အစိုးရသစ် ဖွင့်ရန်စီစဉ်နေ

မှောင်ခို တင်သွင်းပို့ဆောင်နေမှုများကို တားဆီးရန် စစ်ဆေးရေးဂိတ်များ အစိုးရသစ် ဖွင့်ရန်စီစဉ်နေ
February 9, 2017 Asian Fame

2:37 pm
မှောင်ခို တင်သွင်းပို့ဆောင်နေမှုများကို တားဆီးရန် စစ်ဆေးရေးဂိတ်များ အစိုးရသစ် ဖွင့်ရန်စီစဉ်နေ

PN-051

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မှောင်ခို တင်သွင်းပို့ဆောင်နေ မှုများကို တားဆီးရန် စစ်ဆေးရေး ဂိတ်များထပ်မံဖွင့်လှစ်သွားရန် စီမံ ဘဏ္ဍာဝန်ကြီးဌာနကစီစဉ်နေ သည်။

၂ဝ၁၂ ခုနှစ်က ပိတ်ခဲ့သည့် သိန်းနီရေပူအမြဲတမ်း စစ်ဆေးရေး စခန်းကို အစိုးရသစ်က ၂ဝ၁၇ ခု နှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင်    ပြန်လည်ဖွင့်လှစ်ပြီး နောက်ပိုင်း ယင်းကဲ့သို့ စီစဉ်ခြင်းဖြစ်သည်။

စီမံဘဏ္ဍာဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင် က ”သုံးလေးခုလောက် ဖွင့်ဖို့ ရှိပါ တယ်။ စီစဉ်ဆွေးနွေးနေတုန်းပဲ ရှိပါသေးတယ်။ ခုပြန်ဖွင့်ထားတဲ့ သိန်းနီရေပူ အမြဲတမ်း စစ်ဆေးရေး စခန်းကိုလည်း စစ်ဆေးမှု ပိုမြန် အောင် စနစ်ကျအောင်လုပ်ရဦး မယ်လေ”ဟု ပြောသည်။

နေရာနှင့် ဖွင့်လှစ်သွားမည့် အချိန်တို့ကို ဆွေးနွေးနေဆဲဖြစ်၍ အတွင်းဝန်က ဖြေကြားနိုင်ခြင်းမရှိ သေးဟု ပြောသည်။

ပြန်လည်ဖွင့်လှစ်လိုက်သော ရှမ်းပြည်နယ်အတွင်းရှိ သိန်းနီရေ ပူအမြဲတမ်း စစ်ဆေးရေးဂိတ်သည် နေ့စဉ်နီးပါး မှောင်ခိုများကို ဖမ်း ဆီးရမိနေသည်။

ယင်းစခန်းကို အကောက်ခွန် ဦးစီးဌာနက တာဝန်ယူပြီး ရဲတပ် ဖွဲ့၊ သစ်တော၊ လဝက၊ နယ်စပ်ကုန် သွယ်ရေး စသည့်အဖွဲ့ပေါင်း ၁၁ ဖွဲ့၊ ဝန်ထမ်း ၈၂ ဦးက နေ့စဉ် တာ ဝန်ယူစစ်ဆေးနေသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*