အစိုးရသစ် လက်ထက်အတွင်း နိုင်ငံခြားစာစစ်ဌာနမှနေ၍ စိတ်ကြိုက် မြန်မာစာဘာသာတွဲဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်သူတစ်ဦး ပေါ်ထွက်လာ

အစိုးရသစ် လက်ထက်အတွင်း နိုင်ငံခြားစာစစ်ဌာနမှနေ၍ စိတ်ကြိုက် မြန်မာစာဘာသာတွဲဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်သူတစ်ဦး ပေါ်ထွက်လာ
February 9, 2017 Asian Fame

12:14 pm
အစိုးရသစ် လက်ထက်အတွင်း နိုင်ငံခြားစာစစ်ဌာနမှနေ၍ စိတ်ကြိုက် မြန်မာစာဘာသာတွဲဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်သူတစ်ဦး ပေါ်ထွက်လာ
ပြီးခဲ့သည့် ၂ဝ၁၅ တက္ကသိုလ်ဝင် စာမေးပွဲအတွင်း နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အထက(၂၂) စာစစ်ဌာန၌ ခုံအမှတ် နဇတ-၁၁ဝ၁ ဖြင့် မောင်သန်းနိုင်  စိတ်ကြိုက်မြန်မာစာ ဖြေဆိုနေစဉ်

ပြီးခဲ့သည့် ၂ဝ၁၅ တက္ကသိုလ်ဝင် စာမေးပွဲအတွင်း နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အထက(၂၂) စာစစ်ဌာန၌ ခုံအမှတ် နဇတ-၁၁ဝ၁ ဖြင့် မောင်သန်းနိုင်
စိတ်ကြိုက်မြန်မာစာ ဖြေဆိုနေစဉ်

PN-051
ရန်ကုန်၊ ဖေဖော်ဝါရီ၆

ယခုနှစ် တက္ကသိုလ်ဝင်စာမေး ပွဲ အတွင်းနိုင်ငံခြားစာစစ်ဌာနမှ နေ၍ စိတ်ကြိုက်မြန်မာစာဘာ သာတွဲဖြင့် အခြေခံပညာ အထက် တန်း တက္ကသိုလ်ဝင် စာမေးပွဲ ဖြေ ဆိုရန် ကျောင်းသားတစ်ဦး စာရင်း လာတင်ထားသည်ဟု ပညာရေး ဝန်ကြီးဌာန စာစစ် ဦးစီးဌာနမှ အရာရှိ တစ်ဦးက ပြောသည်။

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆို ရန် နှစ်စဉ် သိန်းနှင့်ချီသည့် ကျောင်းသား၊ ကျောင်းသူတို့ စာရင်း လာတင်သည့်ထဲ လျှောက် ထားလာသူ ၅ဦးပင် မပြည့်သည့်  ယင်းစိတ်ကြိုက် မြန်မာစာဘာသာ တွဲကို နိုင်ငံခြား စာစစ်ဌာနမှနေ၍ ယခုနှစ်တွင် ပထမဦးဆုံးဖြေဆိုမည် ဖြစ် သည်။

စာရင်း လာတင်သူသည် စင် ကာပူစာစစ်ဌာန မှဖြစ်ပြီး၊ ယင်းကဲ့ သို့လာတင်သည့်အပေါ် စိတ် ကြိုက်မြန်မာစာ ချစ်မြတ်နိုးသူ တို့က ကြိုဆိုခဲ့ကြသည်။

ယခုနှစ်အတွက် စိတ်ကြိုက် မြန်မာစာဘာသာတွဲကို နိုင်ငံခြား စာစစ် ဌာနအပြင် ရန်ကုန်တိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသ ကြီးတို့မှ ကျောင်းသား ၂ ဦးလည်း ဝင်ဖြေမည် ဖြစ်ရာ ယခုနှစ်အတွက် စိတ်ကြိုက်မြန်မာစာ ဖြေဆိုမည့်သူ သည် ၃ ဦး ရှိသွားမည်ဖြစ် သည်။

ယခင်နှစ် ၂ဝ၁၅-၂ဝ၁၆ ခု နှစ် ပညာသင်နှစ် ကလည်း  စိတ် ကြိုက်မြန်မာစာ ဘာသာရပ်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေ ဆိုသူ သုံးဦးရှိခဲ့ပြီး နေပြည် တော်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့မှ ဖြစ် ကြောင်း စာစစ်ဦးစီးဌာနမှသိရ သည်။

   သို့သော်လည်း အောင်မြင် ခြင်း မရှိခဲ့ပေ။

စာစစ်ဦးစီးဌာနမှ အရာရှိ တစ်ဦးက ”အခုပြန်ဖြေမယ့် ရန်ကုန်နဲ့ တနင်္သာရီက ၂ဦးက မနှစ်က ဖြေခဲ့တဲ့သူတွေပါပဲ” ဟု ပြောသည်။

 ကုန်လွန်ခဲ့သည့် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲ၌ တနင်္သာရီတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းသဘာပတိ အဖွဲ့ဝင်တစ်ဦး အပါအဝင် စုစုပေါင်း ၃ ဦးတို့ စိတ်ကြိုက် မြန်မာစာဘာသာတွဲကို ဝင်ဖြေခဲ့သေးသည်။

၂ဝ၁၃-၂ဝ၁၄ ခုနှစ်ကလည်း ၂ ဦး ဝင်ဖြေခဲ့သေးကြာင်း စာစစ် ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။ စိတ်ကြိုက်မြန်မာစာကို လာ မည့် မတ်လ ၁၁ ရက်နေ့ စနေ နေ့တွင် စစ်ဆေးမည်ဟု ပညာရေး ဝန်ကြီးဌာန စာစစ်ဦးစီးဌာနက ကြေညာထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*