မင်္ဂလာဈေး အသစ် ပြန်မဆောက်ပေးပါက လစဉ် ဆန္ဒဖော်ထုတ်မည်

မင်္ဂလာဈေး အသစ် ပြန်မဆောက်ပေးပါက လစဉ် ဆန္ဒဖော်ထုတ်မည်
February 9, 2017 Asian Fame

11:30 am
မင်္ဂလာဈေး အသစ် ပြန်မဆောက်ပေးပါက လစဉ် ဆန္ဒဖော်ထုတ်မည်

mingalar(ရန်ကုန်- ဖေဖော်ဝါရီ ၉) 

မီးလောင် သွားခဲ့သည့် မင်္ဂလာဈေးကို အသစ်ပြန်လည် တည်ဆောက်ပေးခြင်း မရှိပါက ဆန္ဒ ထုတ်ဖော်ပွဲ၊ သတင်းစာရှင်းလင်းပွဲ များ လစဉ် ဆက်တိုက် ပြုလုပ် သွားမည်ဖြစ်ကြောင်း ဈေးသူဈေးသား များက ပြောသည်။ “ဈေးဘယ်တော့ ပြန်ဆောက်ပေးမလဲ ဘာမှ မသိ ရဘူး။ ဈေးနဲ့ ပက်သတ်တဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ ဝန်ကြီးချုပ် မြို့တော်ဝန် ကလည်း ရှင်းပြ တာမျိုးမရှိဘူး။ အဲတော့ ကျွန်မတို့ လစဉ်လတိုင်း ဆန္ဒပြပွဲတွေ သတင်းစာ ရှင်းလင်းပွဲတွေ လုပ်သွားမှာပါ”ဟု မင်္ဂလာဈေး မြေညီထပ် တွင်ရောင်းချ သူ ဒေါ်ခင်သန်းဌေး က ပြောသည်။  မင်္ဂလာဈေးမှ ဈေးသူဈေးသား များက ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်ရှိ မင်္ဂလာဈေးဓမ္မာရုံ၌ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ယင်းရှင်းလင်းပွဲတွင် ဒေါ်ခင်သန်းဌေးက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။  မီးလောင်ရာ တွင် ပါဝင်ခဲ့သော ဈေးသည် များကို ရန်ကုန်ုမြို့တော် စည်ပင် က ယာယီဈေးတွင် နေရာချပေးထား သော်လည်း အဆင် မပြေကြောင်း ဈေးသူဈေးသား များက ပြောကြသည်။ “ယာယီဈေး မှာရောင်းရတာ အဆင်မပြေလို့ ဆိုင်ခန်းငှား ရောင်းရတာတွေ ရှိပါ တယ်။ ဆိုင်ခန်းဈေး တွေ ကလည်း သိန်းလေးဆယ် ဝန်းကျင် ရှိပါတယ်”ဟု မင်္ဂလာဈေး စတုတ္ထထပ်မှ ဦးကျော်စိုးက ပြောသည်။  မင်္ဂလာဈေး သည် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် မီးလောင် ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်နှင့် တစ်လပြည့်ခဲ့ပြီ ဖြစ်သော်လည်း လက်ရှိ အချိန်ထိ ဈေးပြန်လည် တည်ဆောက်ခြင်း မရှိသေးပေ။  လက်ရှိတွင် မင်္ဂလာဈေးအား အဆင့်မြင့် မင်္ဂလာဈေး အဖြစ် ပြန်လည် တည်ဆောက်ရန် အတွက် ဗိသုကာ ဒီဇိုင်းပြိုင်ပွဲ ပြုလုပ်ပြီးဖြစ်ကာ တင်ဒါရွေးချယ်ခြင်း လုပ်ငန်းများကို လုပ်ဆောင် သွား မည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။  မင်္ဂလာဈေးမှ ဈေးသူဈေးသား များက ဈေးအမြန် ဆုံး ပြန်လည် တည်ဆောက်ပေးရေး အတွက် ယခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် မြို့တော်ခန်းမ ရှေ့၌ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။  မင်္ဂလာဈေး မီးလောင်ရာတွင် ဆိုင်ခန်းပေါင်း ၁၆၀၀ ကျော်ခန့် ဆုံးရှုံးခဲ့ကာ ဆုံးရှုံးမှု တန်ဖိုး ကျပ် ၃၆ ဘီလီယံခန့် ရှိကြောင်း အစိုးရ သတင်းထုတ်ပြန်ချက် အရ သိရသည်။

လင်းဟိန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*