ကျူးများအရေအတွက် စာရင်းကောက်ယူမှု ရပ်ဆိုင်းထားမည်

ကျူးများအရေအတွက် စာရင်းကောက်ယူမှု ရပ်ဆိုင်းထားမည်
February 9, 2017 Asian Fame

11:26 am
ကျူးများအရေအတွက် စာရင်းကောက်ယူမှု ရပ်ဆိုင်းထားမည်

လင်းဟိန်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်စာရင်း ကောက်ယူမှုကို ရပ်ဆိုင်းထားမည်ဖြစ်ပြီး လာမည့် မေလ ၂ဝ ရက်နေ့တွင် ဆက် လက် ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

”ဒီအချိန်က ကလေးတွေ စာ မေးပွဲဖြေနေရတဲ့ အချိန်ဖြစ်တဲ့အ တွက် စာမေးပွဲဖြေနေတာတို့ မိသားစုလိုက် နယ်ကိုအလည်သွား နေ တာတို့ ရှိပါတယ်။ မိသားစု စုံစုံ လင်လင်မရှိတဲ့အချိန်ပေါ့။ ဒီ အချိန်မှာ စာရင်းကောက်လိုက်ရင် စာရင်းကောက်တဲ့အထဲမှာ မပါဘဲ ကျန်ခဲ့တဲ့ ကျူးကျော်မိသားစုတွေရှိမှာစိုးလို့အခုလို နားလိုက်တာပါ။ အားလုံး စုံစုံလင်လင် ဖြစ်တဲ့အခါမှ ဆက်ကောက်ပါမယ်” ဟု ကျူး ကျော်စာရင်း ကောက်ယူရေးအဖွဲ့မှ စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်နန္ဒာဝင်းက ပြောသည်။

လက်ရှိတွင်တောင်ဒဂုံ၊ မြောက် ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့၊ မြောက်ဥက္ကလာ၊ ရွှေပေါက်ကံ၊ ရွာသာကြီး၊ သာကေတတို့မှ ကျူး ကျော် များကို စာရင်းကောက်ယူ ပြီးဖြစ်ကာ စာရင်းကောက်ယူခြင်း လုပ်ငန်း ပြန်စပါက ရွှေပြည်သာ၊ လှိုင်သာယာနှင့် သန်လျင်တို့တွင် ဆက်လက်ကောက်ယူသွားမည် ဖြစ် သည်။ အဆိုပါကျူးကျော်စာရင်း ကောက်ယူမှုကို တိုင်းအစိုးရအဖွဲ့ နှင့် အစည်းအဝေးပြုလုပ်ကာ ပြီး ခဲ့သည့် ဇန်နဝါရီလ၂ဝ ရက်နေ့မှ စတင်ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒဂုံအရှေ့ပိုင်းတွင် စာရင်း ကောက်ယူရာ၌ ရပ်ကွက်တာဝန် ရှိသူများ၏ ပူးပေါင်းပါဝင်မှု အားနည်းခဲ့သောကြောင့် အခက် အခဲ အနည်းငယ်ကြုံတွေ့ခဲ့ရကြောင်း ဒေါ်နန္ဒာဝင်းက ပြောသည်။ ရပ် ကွက်အတွင်းရှိ ကျူးကျော်အိမ် ထောင်စုများကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့က စလစ်ကတ်များ ထုတ်ပေးကာ အိမ်ထောင်စုစာရင်းကောက်ယူ သည့်အဖွဲ့ကသက်သေခံကတ်ပြားများ ကို စိစစ်ထုတ်ပေးခြင်းဖြစ်သည်။

”ကျွန်တော်တို့ကရပ်ကွက်မှာ ရှိတဲ့ ကျူးကျော်တွေကို စလစ် ကတ်တွေထုတ်ပေးပါတယ်။ ကျူး ကျော်တွေက အဲဒီစလစ်ကတ်ပြား ကိုပြပြီး စာရင်းကောက်အဖွဲ့ကနေ သက်သေခံ ကတ်ထုတ်ကြတာပါ”ဟု မြောက်ဒဂုံမြို့နယ် အမှတ် ၄၈ ရပ်ကွက်မှ ရာအိမ်မှူးတစ်ဦးက ပြောပြ သည်။

ကျူးကျော်စာရင်း ကောက်ယူ မှုကို  Pilot Project  အနေဖြင့် ပထမဆုံး စမ်းသပ်ကောက်ယူခဲ့ သည့် ဒဂုံမြို့သစ်တောင်ပိုင်းတွင် လည်း နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများ၊ ကျူးကျော် အသစ်ထပ်မံတိုးပွားလာသည့် အခြေအနေများနှင့် ကြုံတွေ့ခဲ့ပြီး စာရင်းကောက်ယူမှုကို ရပ်ဆိုင်းခဲ့ ရသည်။

ရန်ကုန်တိုင်းအတွင်းမှ ကျူး ကျော်များအား စာရင်းကောက်ယူ ခြင်းလုပ်ငန်းကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ကဦးဆောင်ပြီး အဖွဲ့ဝင် ၄၂ ဦးစီပါဝင်သည့် စာရင်း ကောက်ယူရေးအဖွဲ့ ၈ ဖွဲ့က ၂ဝ၁၆  ခုနှစ် စက်တင်ဘာလမှ စတင် ကောက်ယူခဲ့ခြင်း ဖြစ်သည်။ နေ စရာ မရှိ၍ အမှန်တကယ်ကျူး ကျော်နေထိုင်သူများကို ¤င်းတို့၏ဘဝပြန်လည်ထူထောင်ရေးအတွက် ကူညီပေးမည်ဖြစ်ပြီး စီးပွားရေး အရ တရားမဝင် ကျူးကျော်သူ များကို ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်း ၂ဝ၁၆ ခုနှစ် မေ ၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး၌ပြုလုပ် သည့် ကျူးကျော်စာရင်းကောက်ယူ ရေးဆိုင်ရာ ရှင်းလင်းပွဲတွင်ပြော ကြားထားသည်။

ရန်ကုန်တိုင်း၌ ၂ဝ၁၆ ခုနှစ် မေလ ၂၅ ရက်နေ့အထိ ကျူးကျော် နေထိုင်သူအရေအတွက်မှာအရှေ့ ပိုင်းခရိုင်တွင် လူဦးရေ ၁၅ဝဝဝဝ   ကျော်၊ အနောက်ပိုင်းခရိုင်တွင် လူဦးရေ ၈ဝဝဝ ကျော်၊ တောင် ပိုင်းခရိုင်တွင် လူဦးရေ ၉ဝဝဝဝ ကျော်၊ မြောက်ပိုင်းခရိုင်တွင် ၁၇ဝဝဝဝ   ကျော်ရှိပြီး စုစုပေါင်း ကျူးကျော်ဦးရေ ၄၃ဝဝ၅ဝ ယောက် ရှိခဲ့ကြောင်း ရန်ကုန်တိုင်း အစိုးရ အဖွဲ့၏စာရင်းအရ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*