ကိုရီးယားနှင့် မြန်မာအလုပ်သမား ဝန်ကြီးဌာနပူးပေါင်းကာ စက်ရုံများတွင် လုပ်ငန်းခွင်ကျန်းမာရေး အသိပညာပေး

ကိုရီးယားနှင့် မြန်မာအလုပ်သမား ဝန်ကြီးဌာနပူးပေါင်းကာ စက်ရုံများတွင် လုပ်ငန်းခွင်ကျန်းမာရေး အသိပညာပေး
February 9, 2017 Asian Fame

11:01 am
ကိုရီးယားနှင့် မြန်မာအလုပ်သမား ဝန်ကြီးဌာနပူးပေါင်းကာ စက်ရုံများတွင် လုပ်ငန်းခွင်ကျန်းမာရေး အသိပညာပေး

ရဲလွင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံ အလုပ်ရုံများမှ လုပ်သားများကိုMobile Training Bus ဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်း ရှင်းရေး ကျန်းမာရေး အသိပညာ များ ဟောပြောလျက်ရှိကြောင်း တိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ အစီအစဉ်ကို ကိုရီး ယား လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး အေဂျင်စီနှင့် မြန်မာနိုင်ငံ အလုပ် သမားနှ င့်လဝက ဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံအလုပ်ရုံ ၁၆ ရုံမှ အလုပ် သမားများ ကို  Mobile Training Bus ဖြင့် အသိပညာပေးမှုများပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

”ဇန်နဝါရီ နောက်ဆုံးပတ် ကတည်းက လုပ်နေခဲ့တာပါ။ ခုထိ တော့ ၁၆ ရုံပြီးသွားပြီ။ ကျန်တဲ့ စက်ရုံ အလုပ်ရုံတွေကိုလည်း သွား   ရောက်ပြီး အသိပညာပေးမှုလုပ်ဦး မှာပါ”ဟု အလုပ်သမားနှင့် အလုပ် ရုံ စစ်ဆေးရေးဦးစီးဌာနမှ ရန်ကုန် တိုင်းဒေသကြီး စစ်ဆေးရေးမှူး ဦးကျော်ကျော်ထွန်းကပြောသည်။

ဟောပြော အသိပညာပေးမှု ကို ဖေဖော်ဝါရီ ၃ ရက်နေ့က  နောက်ဆုံး ပြုလုပ်ထားပြီး ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှု ဇုန် အတွင်းရှိ dyc  ဖိနပ်စက်ရုံ၊Farmaso အထည်ချုပ်စက်ရုံ၊Horney အထည်ချုပ်စက်ရုံ၊ တာရှင်း အထည်ချုပ်စက်ရုံများသို့ သွား ရောက်ကာ မနက် ၉ နာရီမှနေ့ လယ် ၁၂ နာရီအထိအသိပညာပေး ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း ဦးကျော်ကျော်ထွန်းက ပြောသည်။

လုပ်ငန်းခွင်ဘေး အန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေးကိစ္စများနှင့်ပတ်သက်၍ နည်းပညာ ဆိုင်ရာ သတင်းအချက်အလက်၊ အထောက်အကူပြုပစ္စည်းများ၊ စတစ်ကာနှင့်ပိုစတာများဖြန့်ဝေ ခြင်းတို့ကို ကိုရီးယားလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး အေဂျင်စီကဆောင် ရွက်ပေးခဲ့ပြီး ယမန်နှစ် ဒီဇင်ဘာ လ ၁၉ ရက်နေ့တွင် Mobile Training Bus ကို မြန်မာနိုင်ငံသို့ လှူဒါန်း ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိလုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်း မာရေးဆိုင်ရာစွမ်းရည်တိုးမြှင့်ရေး အတွက် အထောက်အပံ့ပေးရန်၊   နှစ် နိုင်ငံလုပ်ငန်းခွင်များရှိအလုပ်သမား များ၏ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးမြှင့် တင်ရန်ရည်ရွယ်လျက် ကိုရီးယား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် ကျန်းမာရေးအေဂျင်စီနှင့် အလုပ်သမားဝန်ကြီးဌာနတို့အကြား နားလည်မှု စာချွန်လွှာကို ၂ဝ၁၄ ခုနှစ်ကတည်းက လက်မှတ်ရေးထိုး ခဲ့ကြောင်းသိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*