3:17 pm
PN – 232
ရန်ကုန်၊ ဖေဖော်ဝါရီ ၆
ရန်ကုန်မြို့ ကားဈေးကွက် အတွင်း ကားအရောင်းအဝယ် ဈေးတန်းများ မြင့်တက်လာမှုနှင့် အတူ ကားအဝယ်များလည်း နည်း ပါးသွား ကာ အရောင်းအဝယ် တန့် နေကြောင်း ကားပွဲစားတန်းများမှ စုံစမ်းသိရသည်။
နှစ်ဆန်းပိုင်း၏ ဒုတိယလ ပထမဆုံးပတ်တွင် သက်ဆိုင်ရာမှ ထုတ်ပြန်ခဲ့သည့် ကားတင်သွင်း ခြင်း၏ ဆိပ်ကမ်းအရောက်ဈေး နှုန်း (စီအိုင်အက်ဖ်) သတ်မှတ်ပေး မှုမှာ အဆင်ပြေသော်လည်း မော် ဒယ်ခုနှစ်သတ်မှတ်ချက်မှာ ၂ဝ၁၁ မှ ၂ဝ၁၄ အထိ အဆိုပါ အင်ဂျင် ပါဝါကားလေးများမှာလည်း စလစ် ကပ်ပြီး တင်သွင်းရသည် ဖြစ်သ ဖြင့် အင်ဂျင်ပါဝါ ကားအုပ်စုဝင် များမှာ ဆက်လက်၍ ဈေးမြင့် လာ နိုင်ကြောင်း ကားရောင်းဝယ်လုပ် ကိုင်သူများက သုံးသပ်သည်။
ယာဉ်ဟောင်း အပ်နှံစလစ် များ ယခင် ရက်သတ္တပတ်ကသိန်း ၁ဝဝ ဝန်းကျင်နှင့် ထပ်မံကျဆင်း နိုင်ခြေရှိသော်လည်း သက်ဆိုင်ရာ မှ ဧပြီ ၁ ရက်မှစ၍ စလစ်ကပ် ကားများ ဝင်ငွေခွန်ကောက်မည့် သတင်းတစ်ရပ် ထွက်ပေါ်လာ၍ ဧပြီ ၁ ရက်နေ့မတိုင်မီ ကျန်သည့် နှစ်လနီး ပါး ကာလအတွင်း စလစ် ကပ်ရန် အပြိုင်အဆိုင် ပြန်လည် တင်သွင်းလာကြသဖြင့် စလစ်ဈေး တန်းများလေး၊ ငါးသိန်းပြန် တက် လာကာ ယခုအခါ ကျပ်သိန်း ၁ဝ၄၊ ၁ဝ၅ သိန်းသို့ ပြန်လည် ရောက်လာကြောင်း သိရသည်။
ထို အခြေအနေ အရပ်ရပ် ကြောင့် ကားဈေးတန်းများ အ တက်ဘက်သို့ ဦးတည်နေသော် လည်း ကားဈေးကွက်တွင် အမှန် ရောင်း ချလိုသူများမှ ဈေးတန်းညှိနှိုင်းရောင်းချရမှုများ ရှိလာသဖြင့် ယခင်ကာလများကဲ့သို့ အရောင်း အဝယ် အကောင်းကြီး မဟုတ် သော်လည်း ကြိုက်ရောင်း၊ ကြိုက် ဝယ် ဈေးကွက် အနည်းငယ်ဖြစ် လာသည်ကို တွေ့ရှိရကြောင်း ကား ရောင်းဝယ်ရေး လုပ်ကိုင်သူ ကိုမိုး သွေးကပြော သည်။
ထုတ်ပြန်ကြေညာလိုက်သည့် CIF အသစ်အရ ၂ဝ၁၁ မှ ၂ဝ၁၅ မော်ဒယ်အထိ အင်ဂျင်ပါဝါ ၁၃၅ဝ စီစီအောက် ကားများအ တွက် အမေရိကန်ဒေါ်လာ (၅ဝဝဝ) သာ သတ်မှတ်ထားပြီး ၂ဝ၁၆ နှင့် ၂ဝ၁၇ မော်ဒယ်ကားများအတွက် အကောက်ခွန်ဦးစီးဌာနမှ ထုတ် ပြန်ထားသည့် တန်ဖိုးသတ်မှတ် ချက်များအတိုင်း ကြီးကြပ်ကောက် ခံသွားမည် ဖြစ်သည်။
လတ်တလော ကားဈေးကွက် အတွင်းမှာ အင်ဂျင်ပါဝါအသေး ကားများ အရောင်းအဝယ် ဖြစ် နေပြီး ပြည်ပမှ တင်သွင်းဝယ်ယူ ခြင်း ထက် ပြည်တွင်းမှ တစ်ပတ် ရစ်ကားများကိုသာ ပိုမိုလူကြိုက် များနေကြကြောင်း ကားဈေးကွက် အတွင်းမှ သိရသည်။