၁၈ ရာစုအတွင်းက ဆောက်လုပ်ခဲ့သည့် သန်လျင်မြို့ရှိ ပေါ်တူဂီဘုရားကျောင်း အဆောက်အအုံကို သြစတြေးလျတက္ကသိုလ်တစ်ခုမှ လေ့လာမှုများပြုလုပ်နေ

၁၈ ရာစုအတွင်းက ဆောက်လုပ်ခဲ့သည့် သန်လျင်မြို့ရှိ ပေါ်တူဂီဘုရားကျောင်း အဆောက်အအုံကို သြစတြေးလျတက္ကသိုလ်တစ်ခုမှ လေ့လာမှုများပြုလုပ်နေ
February 9, 2017 Asian Fame

3:46 pm
၁၈ ရာစုအတွင်းက ဆောက်လုပ်ခဲ့သည့် သန်လျင်မြို့ရှိ ပေါ်တူဂီဘုရားကျောင်း အဆောက်အအုံကို သြစတြေးလျတက္ကသိုလ်တစ်ခုမှ လေ့လာမှုများပြုလုပ်နေ

Eainsi1 copy

အိမ်စည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၃

မြန်မာ-ပေါ်တူဂီဆက်ဆံရေး ကို ပြန်လည်လေ့လာရန်အတွက် ၁၈ ရာစုအတွင်းကဆောက်လုပ်ခဲ့ သည့် သန်လျင်မြို့ရှိ ပေါ်တူဂီ ဘုရားကျောင်းဟောင်း အဆောက် အအုံကို သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာနနှင့် သြစတြေးလျ နိုင်ငံ ကွင်းစလန်တက္ကသိုလ်တို့ ပူး ပေါင်း၍ သုတေသနပြုလုပ်လျက် ရှိကြောင်း သိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ရှေး ဟောင်းသုတေသနဌာနခွဲမှ တာ ဝန်ရှိသူများ ကြီးကြပ်ပြီး သြစတြေး လျနိုင်ငံ ကွင်းစလန်တက္ကသိုလ်မှ ပါမောက္ခသုံးဦးနှင့် ကျောင်းသား ကျောင်းသူများပါဝင်သည့် အဖွဲ့တို့မှ သုတေသနပြုလုပ်နေခြင်းဖြစ် သည်။

”သူတို့ကတော့ ကိုလိုနီခေတ် မတိုင်မီက ရန်ကုန်သမိုင်းကို သု တေသနပြုလုပ်ချင်တယ်။ ဒါ ကြောင့် ၁၈ ရာစုက ပေါ်တူဂီ ဘုရားေ ကျာင်းကို လေ့လာပြီးတော့ မြန်မာနဲ့ ပေါ်တူဂီလူမှုဆက်ဆံရေး ဘယ်လိုရှိတယ်ဆိုတာကို လေ့လာ ကြတယ်”ဟု ရှေးဟောင်းသုတေ သနဌာနခွဲ(ရန်ကုန်)မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ညိုညိုသန်း ကပြောသည်။

ယင်း ပေါ်တူဂီဘုရားကျောင်း ဟောင်းသည် သန်လျင်မြို့ မြို့ဟောင်း အလယ်ရပ်ကွက် ရေနံအရာရှိ အိမ်ရာဝင်းအတွင်း တည်ရှိခြင်း   ဖြစ်သည်။ အဆိုပါ အဆောက် အအုံသည် ၁၇၄၉ – ၁၇၅ဝ ခုနှစ် အတွင်းက အားမေးနီးယမ်းသူဌေး တစ်ဦးက ဆောက်လုပ်လှူဒါန်းခဲ့ သည့် အဆောက်အအုံဖြစ်ပြီး ၁၉ဝ၈ ခုနှစ်တွင်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တာဝန်ယူထိန်းသိမ်း ထားခြင်းဖြစ်ကြောင်း ရှေးဟောင်း သုတေသနဌာနမှ သိရသည်။

”အခု လေ့လာနေကြတာကဘုရားကျောင်းအနီးတဝိုက်မှာ ရှိတဲ့ ရှေးဟောင်းဆိုင်ရာ အထောက် အထားတွေ ဘာများရမလဲဆိုပြီး လေ့ လာကြတယ်။ နောက်ပြီးတော့ အဆောက်အအုံကို တိုင်းထွာကြ တယ်။ အဆောက်အအုံ ပတ်ဝန်း ကျင်ကနေ အောက်မှာ အခြား အဆော က်အအုံများ ရှိသေးလား၊  မြေအောက်မှာ ဘာရှိလဲဆိုပြီး Scan ဖတ်တဲ့စက်နဲ့ လေ့လာရေးလုပ်နေ တယ်” ဟု ၄င်းကဆိုသည်။

အဆိုပါ လေ့လာမှုများအား ၁၅ ရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး  လက်ရှိတွင် သုတေသနပြုလုပ် သည့်ရက် အနည်းငယ်သာရှိသေး သောေ ကြာင့် ထူးခြားမှုမရှိသေး ကြောင်းသိရသည်။ ယင်း သုတေ သနပြုလုပ်မှုများအတွက် ကုန်ကျ စရိတ်များကို ထိုတက္ကသိုလ်မှပင်ကုန်ကျခံခြ င်းဖြစ်ပြီး သုတေသန တွေ့ရှိမှုများမှရရှိသည့် အထောက် အထားများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ပြန် လည်အပ်နှံ သွားမည်ဖြစ်ကြောင်းသိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*