အချိန်ရယ် အခါရယ်

အချိန်ရယ် အခါရယ်
February 9, 2017 Asian Fame

11:41 am
အချိန်ရယ် အခါရယ်

ybs p 4

အသက်ကြီးလာလို့လား မသိ၊ တက်ြ<ွကမှုတွေ လျော့နည်းလာ တယ်လို့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိသည်။ ဘာကြောင့်မှန်းတော့ မသိ၊ ဆေးပညာရှင်လည်း မဟုတ်၊ စိတ် ပညာရှင်လည်း မဟုတ်သော ကျွန် တော်အကြောင်းရင်းမှန်ကို မသိ။ သွားရာလှုပ်ရှားရာမှာရော စိတ်က တုံ့ပြန်မှုရော တက်ြ<ွကမှုတွေ လျော့လာသည်။တစ်ခါတစ်ရံလည်း စဉ်းစားမိသည်။ လွန်ခဲ့သော နှစ်ပေါင်း ခြောက်ဆယ်လောက်ကတည်းက စိတ်တုံ့ပြန်မှုတွေ လျှော့ချနိုင်ခဲ့လျှင် ကောင်းလေမလားဟု စဉ်းစားမိသည်။ အသက်ကငယ်သည်၊ အလုပ် က စစ်သားအလုပ်။ ထစ်ခနဲရှိ လျှင် ဟောဟောဒိုင်းဒိုင်း ပြောချ လိုက်မိသည်။

စစ်ဆင်ရေးမှာ ချက်ချင်းသုံး သပ်၊ ချက်ချင်းဆုံးဖြတ်တာ မှန် သော်လည်း လူမှုဆက်ဆံရေး နယ်ပယ်မှာတော့ တုံ့ပြန်မှု တက်ြ<ွက မြန်ဆန်တာ မသင့်လျော်ဟု ယခု အခါ သဘောပေါက်လာသည်။ အရာရာကို ကိုယ်နှင့်နှိုင်း မရိုင်းဟူသော စကားလက်ခံလာ သည်။ အထူးသဖြင့် တာဝန်အမျိုး မျိုး နှစ်ပေါင်း ငါးဆယ်ကျော် ထမ်းဆောင်လာပြီး စာရေးခြင်းအလုပ်တစ်ခုသာရှိသောအခါမှာ ပို၍ သတိထားလာရသည်။ ကြားသမျှ မြင်သမျှ ထင်သမျှ စာရွက်ပေါ်ချမရေးဘဲ အချိန်လေး ယူတတ်လာသည်။ ဟုတ်ပါသည်။ လောလောဆယ် ရန်ကုန်မြို့ နေ လူတန်းစားအားလုံး စိတ်အာရုံ မှာ လွှမ်းမိုးလာသည်က ရန်ကုန် ဘတ်စ်ကား စနစ်သစ်။ အသံတွေ မျိုးစုံကြားရသည့် YBS ကိစ္စ။ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်းသည်၊ ပြင်ဆင်မှု ကာလမှာလှုပ်ရှားသည်၊ ကြီးကြပ်သည်။ တကယ်တော့ ရန်ကုန်မြို့ တော် တိုးချဲ့ရေး၊ ကမ္ဘာ့အဆင့်မီလမ်းမကြီးများ ဖော်ဆောင်ရေး၊ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရေး စသည်စသည် စီမံကိန်းများသည် ယခင်ဝန်ကြီးချုပ် ဦးမြင့်ဆွေ လက်ထက်က စခဲ့သည်ဟု ကြားသိရသည်။ လုပ်ငန်းကဏ္ဍကြီး တစ်ခုချင်းအလိုက် ပြင်ဆင်မှုများ အချိန်ယူ ရေးဆွဲခဲ့သည်ဟု သိခဲ့ရသည်။ ခေတ်မီစီးပွားရေး မြို့တော်အဖြစ် ရန်ကုန်မြို့ကြီးကို ဖော် ဆောင်ရေးဆိုသည်မှာ နေ့ချင်းညချင်း ထလုပ်၍ မရကြောင်း လူတိုင်း သဘောပေါက်ကြပါသည်။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းကြီးထဲမှာ ရန်ကုန်မြို့တော် အဆင့်မြင့်တိုးတက်ရေးလည်း ပါသည်။

ကံရာဇာကြီး ကံရာဇာငယ် ဇာတ်လမ်းမှစခဲ့သော မြန်မာလူ မျိုးတို့သည် တန်ဖိုးကြီးသော သင်ခန်းစာကို သမိုင်းမှရခဲ့သည်။ ရန်ကုန်မြို့တော်ကြီး တိုးချဲ့ ပြုပြင်ရေး စီမံကိန်းကို ယခင် ဦးမြင့်ဆွေ အစိုးရအဖွဲ့က အချိန် ယူ ရေးဆွဲ ပြင်ဆင်ခဲ့ရသည်မှာလည်း အကြောင်းကြောင်းတွေ ရှိမည် ထင်သည်။ စစ်အစိုးရထံမှ သမ္မတကြီး ဦး သိန်းစိန် အစိုးရလွှဲပြောင်းခဲ့သည်။ ဒီမိုကရေစီ ဖော်ဆောင်ရေးြေ<ွကး ကြော်ခဲ့သည်။ ယခင်က ခြေနှစ်ဖက် လက် နှစ်ဖက် တုပ်နှောင်ထားသော ကြိုး ပေါင်းများစွာကို ဖြေလျှော့သည် လည်းရှိ၊ ဖြုတ်ပေးသည်လည်း ရှိ၊ ချန်ထားသည်လည်း ရှိခဲ့သည်။

တကယ်တော့ ၁၉၈၈ ခုနှစ် နဝတ အစိုးရ တက်ချိန်မှ စ၍ ပြည်ပနိုင်ငံကြီးများ ဖိနှိပ်မှု ပိတ်ဆို့ မှုတွေ တင်းသထက် တင်းလာ သည်မှာ နှစ်ဆယ့်သုံးနှစ် ကြာခဲ့သည်။ ဦးသိန်းစိန် အစိုးရအတွက် ရုတ်တရက် ဘာမျှ မလုပ်နိုင်။ ၁၉၈၈ ခုနှစ်က လူငယ်လေး ဦးမြင့်ဆွေသည် နဝတ-နယက လက်ထက်မှာ အကြားအမြင်တွေ ရလာသည်။ အတွေ့အကြုံရလာသည်။ ဖတ်မှတ်လေ့လာမှုတွေ ရ လာသည်။ ၂ဝ၁၁ ခုနှစ် ရန်ကုန် တိုင်းအစိုးရအဖွဲ့ကို တာဝန်ယူရ သောအခါ ဒီမိုကရေစီခေတ်ဦးမှာ စတင် လျှောက်လှမ်းရသည်။ ခြေသွက်လက်သွက် မလှမ်းရဲခဲ့။ တစ်ခုတော့ ဦးမြင့်ဆွေ ကံကောင်းသည်။ နှစ်ပေါင်း ၂ဝ ကျော် လူကြီးအနား လက်တစ်ကမ်းမှာ နေခဲ့ရသောကြောင့် အုပ် ချုပ်စီမံမှု အတွေ့အကြုံစိမ်းသူမဟုတ်။ ကြားဖူးနားဝရှိသည်။

အကယ်၍သာ စစ်ဗိုလ်သက် တမ်းတစ်လျှောက် လူကြီးတွေနှင့် ဝေးရာမှာ Field Commander ဘဝနှင့် ကျင်လည်ခဲ့ရပါလျှင် နယ်အတွေ့အကြုံတွေ ရမည်။ လူကြီး တွေ စဉ်းစားပုံ စဉ်းစားနည်း၊ တွေးခေါ်ပုံတွေးခေါ်နည်းတို့ ကြားနာ မှတ်သားခွင့် ရမည်မဟုတ်။ ထိုသို့ ဖြတ်သန်းခဲ့ရသော ဘဝကို အခြေခံလျက် ရန်ကုန် တိုင်းကို တာဝန်ယူရသော အချိန်မှာ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ရန်ကုန်မြို့ကြီးကို ငါးနှစ်တာ သက်တမ်းမှာ ရုပ်လုံးပေါ်အောင် ကြိုး စားသော်လည်း ပုံစံလျာထားချက် အဆင့်သာရသည်၊ ပုံစံမပေါ်သေး။ ရန်ကုန် အစိုးရအဖွဲ့ ခေါင်းဆောင် အတွေ့အကြုံ ရယူစ ဦးမြင့်ဆွေအတွက် အရေးကြီးသော အခက်အခဲ အရိပ်မည်းကြီးတစ်ခု ရှိသေးသည်။ စစ်ဗိုလ်လူထွက် ဝန်ကြီးချုပ်မို့ စစ်အစိုးရ တစ်ဝက်လိုလို ထင်ကြမြင်ကြသော အရိပ်မည်းကြီးရှိသည်။ နှစ်ဆယ့်သုံးနှစ်ကြာ စစ် တပ်အုပ်ချုပ်မှုမှ ရွေးချယ်ခံအစိုးရ ဟု တက်လာသော်လည်း လူထု အမြင်က မရှင်းသေး။ ယခုတော့ ထိုသို့မဟုတ်ပြီ။ ပြည်သူတွေ ရွေးသောအစိုး ရ။ မဲပေးသူတို့ မဲ ၈ဝ ရာခိုင်နှုန်း ကျော်ရခဲ့သည်ဆိုသော အစိုးရ။ တိုင်းပြည် အတွက် ကောင်းတာ လုပ်မည်ဟု လူထုက ယုံကြသည်။ တိုင်းပြည်တည်ဆောက်ရေး ဘာလုပ်လုပ် အစိုးရနှင့် ပြည်သူ ကြည်ဖြူဖို့ အရေးကြီးသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင် စီမံသော ရန်ကုန်ဘတ်စ် ကား စနစ်သစ် အကောင်အထည် ဖော်ချိန်မှာ ခရီးသွားတို့ ဒုက္ခမျိုးစုံ ကြုံကြရသည်။ ယာဉ်လိုင်းတစ်ခုမှ တစ်ခုသို့ လွှဲပြောင်းချိတ်ဆက် စီးဖို့ အဆင်မပြေမှုတွေ တွေ့ကြသည်။ မြို့တော်ခန်းမရှေ့မှာ လူတွေ ပင်လယ်သို့ ဝေလျက် ကားစောင့် ကြရသော ဓာတ်ပုံတွေ မျိုးစုံတွေ့ ရသည်။ သခင်မြပန်းခြံမှာ အလုံဘက်အသွား အလုံဘက်မှအလာ ဒုက္ခတွေ့ကြရသည်ဟုဆိုသည်။ ကားအရေအတွက် လျှော့ချမှု၊ ခရီး လမ်းကြောင်း ချိတ်ဆက်စီးနင်းရေးခက်ခဲမှု၊ နေ့စဉ်အခြေအနေ ကြည့် ပြီး ဝန်ကြီးချုပ် ကိုယ်တိုင် ကြီးကြပ် ပြင်ဆင်နေသောသတင်းများကြား ရသည်။တစ်ခုတော့ရှိပါသည်။ ဦးမြင့် ဆွေ လက်ထက်က ယခုလို ခရီး သွားအစီအစဉ် အခက်အခဲတွေ ကြုံကြရလျှင် ‘ဒို့အရေး လှုပ်ရှားမှု တွေ’ ပေါ်လာမှာ သေချာသည်။ ထိုမှတစ်ဆင့် စုဝေးချီတက်မှုတွေ၊ ဆန္ဒပြမှုတွေ ဖြစ်လာနိုင်သည်ဟု တွေးရသည်။ မလိုလား အပ်သော ပြဿနာများအတွက် စိုးရိမ်ရ သည်။ယခုတော့ ထိုသို့မဟုတ်။ ယခင် မထသ လက်ထက်က မော်တော်ကား ၄ဝဝဝ ကျော်နှင့် ခရီးသည် နှစ်သိန်းခွဲ ပို့ဆောင် ပေးခဲ့သည်။ မပြေလည်မှုမျိုးစုံ အ သံစုံကြားရသည်။ ယခု မော်တော်ကားပေါင်း ၂၇ဝဝ လောက်ထိ လျှော့ချ ပြေး ဆွဲကြည့်သည်။ ခရီးလမ်းကြောင်း ပြင်ဆင်ခြင်း၊ စုပေါင်းစနစ် တီထွင် ခြင်းနှင့် ပြေလည်မည်ထင်ခဲ့သည့် အတိုင်း မဖြစ်။

သို့သော် ရန်ကုန်လူထုက ချစ် စရာကောင်းသည်။ ချိတ်ဆက် ခရီးစဉ်မှာ အဆင်မပြေခြင်း၊ ကား ပေါ်တက်လိုက်သည်နှင့် ငွေကျပ် ၂ဝဝ ပေးရသောကြောင့် ရုံးမှ အိမ် အရောက် ကားခတွေ သုံးလေးဆ ပိုကုန်ကျခြင်းတို့ကို အိမ်ရောက်မှ ရင်ဖွင့်ကြသည်။ မကျေနပ်သံများ က အိမ်တွေ အိမ်တွေ အခန်းတွေ အခန်းတွေထဲမှာ တိုးတိုးညင်သာ ပြန့်ကျဲသွားသည်၊ အစိုင်အခဲတွေ မဖြစ်ကြ။ မဝံ့မရဲ တီးတိုးတီးတိုး မကျေနပ်သံတွေက စုကာဝေးကာ ကျယ်လောင်လာခြင်း မရှိ။ ရန်ကုန်မြို့ လူထုချစ်ဖို့ကောင်းသည်။ စုကာ ဝေးကာ ‘ဒို့အရေး’ မလုပ်ကြ။ ၂ဝ၁၇ သည် ၂ဝ၁၅ မဟုတ်။ တာဝန်ယူစ အစိုးရသစ်လုပ်ငန်းအရှိန်မရသေးတာ ခွင့်လွှတ်သည်။ ကျွမ်းကျင်နိုင်နင်းစွာ တာဝန်ထမ်းဆောင်ဖို့ အချိန်လိုသေးတာ သဘောပေါက်ကြသည်။ လေ့လာရဦးမည်။

ဝန်ကြီးချုပ်ကြီးကလည်း မြို့ လူထုခွင့်လွှတ်မှုကို သဘောပေါက်ဟန်တူသည်။ တစ်နေ့တစ်မျိုး တိုး၍ တိုး၍ ဖြေရှင်းပေးနေသည်။ ဘတ်စ်ကားစီး ခရီးသည်များ၏ စိတ်ရှည်သည်းခံမှုနှင့် ဟန်ချက်ညီ လှသည်။ နေ့စဉ် လက်တွေ့ကြုံရသော အတွေ့အကြုံကို တစ်ရစ်ချင်း တစ် ရစ်ချင်းဖြေရှင်းပေးနေသည်။ သင့် တင့်သော အချိန်တော့ လိုမည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကြီး ကုသိုလ်ဟု ဆိုရမည်လားမသိ။ မြန်မာပြည်နိုင်ငံရေးအတွက်တော့ မပြောတတ်။ ရန်ကုန်မြို့ဘတ်စ်ကား စနစ်သစ်အတွက် အသက်ရှူ ချောင်စရာ ကြုံလာရသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့ ည မှောင်ရီပျိုးစမှာ ဦးကိုနီ သတင်း တွေ ထွက်ပေါ်လာသည်။ ရန်ကုန် သူ၊ ရန်ကုန်သားတို့ စိတ်ဝင်စားမှု နယ်ပယ်ရွေ့သွားသည်။ နိုင်ငံနှင့်အဝှမ်း ပြည်သူတို့ စိတ်ဝင်စားမှု သတင်းကအရေးကြီးသည်။

ကျွန်တော် ထင်ပါသည်။ လာမည့် တစ်ပတ်နှစ်ပတ်အတွင်းမှာ ရန်ကုန်မြို့ ဘတ်စ်ကား စနစ်သစ် ပြေလည်သွားပါလိမ့်မည်။ နိုင်နင်း စွာ စီမံဖြေရှင်းလိုက်မည့် ဝန်ကြီး ချုပ်ကြီး၏ အစီအမံနှင့် ဘတ်စ် ကားစီး ခရီးသည်တို့ ပြေလည်သွား ကြပါလိမ့်မည်။ ယခုလောလောဆယ် YBS မကျေနပ်သံများလည်း ဦးကိုနီသတင်း နားစွင့်သူတို့ကြားမှာ တိုးတိုးလေး ငုပ်လျှိုးနေရပါ လိမ့်မည်။ ဇန်နဝါရီ ၁၆ ရက်နေ့ YBS သတင်းပေါ်စက ကျွန်တော်ဘာမှ မရေးခဲ့။ လှုပ်ခတ်မှုတွေ လျော့စ ဖေဖော်ဝါရီ ၂ ရက်နေ့မှ ကျွန် တော် ဤစာကို ရေးပါသည်။ ဖေဖော်ဝါရီ ၁၆ ရက်ညနေမှ ကျွန်တော် စာတစ်ပုဒ် ရေးပါမည်။ အစဉ်ရွေ့လျားနေသော လေ တွေ ပြောင်းလဲမှု တွေ့ရပါမည်။ အသက်ကြီးလာလို့ စိတ်တုံ့ ပြန်မှု တက်ြ<ွကမှုတွေ လျော့လာ သည်ဟု ဆိုချင်ဆို။ လူငယ်တွေလို လက်မသွက်တာတော့ အမှန်။နာက်နှစ်ပတ်မှာ စောင့်ဖတ် ပါရန်။

မောင်ဆွေသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*