စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲမေးခွန်း ပေါက်ကြားပါက သက်ဆိုင်ရာတာဝန်ရှိသူများ တာဝန်ခံရမည်ဟု အခြေခံပညာဦးစီးဌာနဆို

စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲမေးခွန်း ပေါက်ကြားပါက သက်ဆိုင်ရာတာဝန်ရှိသူများ တာဝန်ခံရမည်ဟု အခြေခံပညာဦးစီးဌာနဆို
February 9, 2017 Asian Fame

11:52 am
စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲမေးခွန်း ပေါက်ကြားပါက သက်ဆိုင်ရာတာဝန်ရှိသူများ တာဝန်ခံရမည်ဟု အခြေခံပညာဦးစီးဌာနဆို

education

PN-051
နေပြည်တော်၊ ဖေဖော်ဝါရီ ၆

အခြေခံ ပညာကျောင်းများ၌ လာမည့်ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တွင် စတင် စစ်ဆေးမည့် ၄ တန်းနှင့် ၈ တန်းစာမေးပွဲများ၏ မေးခွန်း လွှာ  လုံခြုံမှုအပိုင်းကို သက်ဆိုင်ရာ တာ ဝန်ရှိသူများအနေဖြင့် တင်းတင်း ကျပ်ကျပ် ကိုင်တွယ်ရန် ပညာရေး ဝန်ကြီးဌာနဘက်က ညွှန် ကြားထား သည်။

ပြီးခဲ့သည့်နှစ်က မေးခွန်းလွှာများ ပေါက်ကြားခဲ့သည့်အတွက်  ပညာရေး ဝန်ကြီးဌာန၏ ကိုင်တွယ်မှုအပေါ် အများက ဝေဖန်ခဲ့ကြပြီး ပညာရေး ဝန်ကြီးကိုယ်တိုင် လွှတ်တော်၌ လွှတ် တော်ကိုယ်စားလှယ်တို့၏ မေးခွန်း ထုတ်မှုကို ခံခဲ့ရသည်။

မေးခွန်းလွှာထုပ်ကို ခြေရာလက် ရာမပျက် ဖွင့်ဖောက်ပြီး ဖြန့်ဝေခဲ့သည့် အထက်ပါဖြစ်စဉ်၏ အဓိကကျူးလွန် သူ ချောက်မြို့မှ ကျောင်း အုပ် ၃ ဦး နှင့်အခြား ကျောင်းအုပ်တစ်ဦးတို့ကို ပညာရေးဝန်ကြီးဌာနက အလုပ်မှ ထုတ်ပယ်လိုက်ကာ အမှုဖွင့် တရားစွဲဆိုခဲ့သည်။

   ”ဒီနှစ်တော့ ဒီဖြစ်ရပ် (မေးခွန်း ပေါက် ကြားမှု) မဖြစ်အောင် စီစဉ်ထားပါတယ်” ဟု ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာ နမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ယခုနှစ်၌ မေးခွန်းလွှာများ လုံခြုံစေရန်ပညာရေးဝန်ကြီးဌာနက  ဆောက်လုပ်ပေးထားသည့် မေးခွန်းတိုက်

ယခုနှစ်၌ မေးခွန်းလွှာများ လုံခြုံစေရန်ပညာရေးဝန်ကြီးဌာနက
ဆောက်လုပ်ပေးထားသည့် မေးခွန်းတိုက်

စနစ်တကျ ဖြစ်စေရန်နှင့် အမှားအယွင်း မရှိစေရန် ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနကိုယ်တိုင် အခြေခံပညာ စတုတ္ထ တန်းနှင့် အဋ္ဌမတန်းစာမေးပွဲဆိုင်ရာလုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲတစ်ရပ်ကို  နေပြည်တော် အမှတ် (၆) အခြေခံပညာ အထက်တန်း   ကျောင်း သီရိမင်္ဂလာခန်းမ၌ ဇန်နဝါရီလ ၂၆ ရက်နေ့မှ  ဇန်နဝါရီ ၂၇ ရက်အထိ ကျင်းပ ပေးခဲ့ကြောင်း၊ ယင်းဆွေးနွေးပွဲ၌ ပညာရေး ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက  အခြေခံ ပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲ ဆိုင်ရာလုပ်ငန်းများကို စာမေးပွဲ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ၊ တိတိကျကျ လိုက်နာ ဆောင်ရွက် ကြရမည်ဖြစ်ကြောင်းနှင့် အဆင့်အလိုက် တာ ဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ကြရမည် ဖြစ် ကြောင်း ပြောကြားခဲ့သည်ဟု အထက်ပါ အရာရှိက ပြောပြသည်။

   ”ဒီတော့ တစ်စုံတစ်ရာအမှားအယွင်းဖြစ် လာခဲ့လို့ရှိရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေ တာဝန် ခံရမှာပေါ့” ဟု သူက ဆက်ပြော သည်။

   ပြီးခဲ့သည့်နှစ်က ခရိုင်စစ် ၄ တန်းအ တွက် စာစစ်ဌာန ၈၁၄ဝ ခု၊ ၈ တန်းအတွက် စာစစ်ဌာန ၄၂၇၅ ခု စသဖြင့် ဖွင့်ခဲ့ရာ  စာ စစ်ဌာန အားဖြင့် စုစုပေါင်း ၁၂၄၁၅ ခုရှိခဲ့ ကြောင်း၊ ယခုနှစ်တွင် ထို့ထက် ပိုများလိမ့် မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိ ရသည်။

 ယခုနှစ်၌ မေးခွန်းလွှာများ လုံခြုံစေ ရန်ပညာရေး ဝန်ကြီးဌာနက ဆောက်လုပ်ပေးထားသည့် မေး ခွန်းတိုက်များတွင် မေးခွန်းများ ထည့်သွင်းထားခြင်း၊ မေးခွန်း တိုက်များမရှိသေးသည့် စာစစ် ဌာနတို့အတွက် မေးခွန်းလွှာတို့ ကို လုံခြုံသည့် ရဲစခန်းတွင် ထား စေခြင်း စသည်ဖြင့် သက်ဆိုင်ရာ မေးခွန်းကြီးကြပ်ရေးမှူးတို့က ဆောင်ရွက်သွားမည် ဖြစ်သည်။

   ယင်းအပြင် မေးခွန်းရိုက် နှိပ်မှု၊ မေးခွန်းတိုက်အတွင်းသို့ အဆင့်ဆင့်သယ်ဆောင်မှုနှင့် စာ ဖြေခန်းအတွင်းသို့ အဆင့်ဆင့် ပို့ဆောင်မှု စသည့် အပိုင်းတို့ကို လည်း တာဝန်ယူ၊ တာဝန်ခံမှုများ နှင့် အမှားအယွင်း မရှိစေရန် အ ဆင့်ဆင့် လုပ်ဆောင်မည်ဟု လည်း သိရသည်။

    ၂ဝ၁၆-၂ဝ၁၇ ပညာသင် နှစ်အတွက် ၄ တန်းနှင့် ၈ တန်း စာမေးပွဲများကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ စစ်ဆေး သွားမည်ဖြစ်ကာ၊ တက္က သိုလ်ဝင်တန်းစာမေးပွဲမှအပ ကျန်အတန်း များကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၈ ရက် နေ့အထိ စစ်ဆေးသွား မည်ဖြစ်သည်။

ထိုအတန်းများ၏ အောင်စာရင်းနှင့် ကျောင်းတွင်းစစ်အတန်းကူးပြောင်းမှု စာရင်းတို့ကို သင်္ကြန် နှစ်သစ်ကူးပိတ်ရက်၏ နောက်ဆုံးရက် ဧပြီလ ၂၃ ရက် နေ့တွင် ပညာရေးဝန်ကြီး ဌာနက ထုတ်ပြန်ပေးမည်ဟု သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*