FMI ၏လုပ်ငန်းကို အဓိက မောင်းနှင်မည့်သူမှာ ရိုးမဘဏ်ဖြစ်လာနိုင်

FMI ၏လုပ်ငန်းကို အဓိက မောင်းနှင်မည့်သူမှာ ရိုးမဘဏ်ဖြစ်လာနိုင်
February 8, 2017 Asian Fame

3:21 pm
FMI ၏လုပ်ငန်းကို အဓိက မောင်းနှင်မည့်သူမှာ ရိုးမဘဏ်ဖြစ်လာနိုင်

HEZ

ရန်ကုန်၊ ဖေဖော်ဝါရီ၆

ရိုးမဘဏ်သည် လာမည့်နှစ် အနည်းငယ်အတွင်းFMI  ၏  လုပ် ငန်းတိုးတက်မှုကို အဓိက မောင်း နှင်သူဖြစ်လာဖွယ်ရှိကြောင်းFMI  ၏ အမှုဆောင်ဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က ရန်ကုန်စတော့အိတ်ချိန်းရှိ ပင်မ ခန်းမတွင် FMI   ၏ လက်ရှိဆောင် ရွက်လျက်ရှိသော လုပ်ငန်းများနှင့် အနာဂတ်တွင် ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက် ၍ ရှင်းလင်းရာတွင် ၄င်းကထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

FMI  မှ ရှယ်ယာအများစုပိုင် ဆိုင်သော ရိုးမဘဏ်သည် ပြီးခဲ့သော ၆ လတာကာလအတွင်း အသား တင်အတိုးရဝင်ငွေသည် ၆ဝရာခိုင် နှုန်းကျော်တိုးတက်ခဲ့ပြီး ဘဏ်သို့ အပ်နှံငွေနှင့် ချေးငွေထုတ်ပေးမှုမှာ လည်း များစွာတိုးတက်ခဲ့သောကြောင့် လာမည့်နှစ်များ အတွင်း ရိုးမဘဏ် သည်အဓိကမောင်းနှင်သူ ဖြစ်လာ နိုင်သည်ဟု ၄င်းကပြောသည်။

ထို့အပြင် ဘဏ္ဍာရေးဝန် ဆောင်မှုကဏ္ဍ၌FMI ၏ အခြား ရင်းနှီးမြှုပ်နှံမှုများမှာ တယ်လီနော နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသောWave Money   သည် မိုဘိုင်းဘဏ္ဍာ ရေးဝန်ဆောင်မှု လုပ်ငန်းအား လက်ခံရရှိခဲ့သော ပထမဆုံးကုမ္ပဏီ ဖြစ်ပြီး နိုင်ငံတစ်ဝန်း ၄င်း၏ ဆိုင်ခွဲ ပေါင်း ၅ဝဝဝ ကျော်အထိ ဖွင့်လှစ် ပြီးဖြစ်ကြောင်းလည်း သိရသည်။

FMI  ၏အနာဂတ်စီမံကိန်းများ နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာ တွင် ဦးသိမ်းဝေကခရီးသွားလုပ်ငန်း ကဏ္ဍသည် ကုမ္ပဏီအေ နဖြင့် ရှေ့ သို့ဆက်လက်ဆောင်ရွက်ရာတွင် အဓိကအာရုံစိုက်မှုတစ်ခု ဖြစ်လာ မည်ဟုပြောဆိုထားပြီး ခေတ်မီဇိမ်ခံ ဟိုတယ်များနှင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီများကဲ့သို့ အခြားခရီးသွား လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ သွားမည်ဟုလည်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာတစ်စု ကျပ်၂၆ဝဝဝ ဖြင့် စတင်ရောင်းချခဲ့သည့် FMI ရှယ် ယာသည် ရှယ်ယာတစ်စု ကျပ် ၁၄ဝဝဝ အထိကျဆင်းနေပြီး ခရီးသွား စီးပွားရေးလုပ်ငန်းကို ဆက်လက် တိုးချဲ့၍ ရှယ်ယာတချို့ထုတ်ရောင်း မည်ဟု သတင်းများထွက်ေ ပ်ါလာ နေကာ ရှယ်ယာဈေး အနည်းငယ် ပြန်လည်း ဦးမော့နိုင်ကြောင်း သုံး သပ်မှုများလည်း ရှိနေသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*