Bed & Breakfast ဝန်ဆောင်မှုလုပ်ငန်းကို ဟိုတယ်/ခရီးမှ တရားဝင် ခွင့်ပြုထားခြင်းမရှိသေး

Bed & Breakfast ဝန်ဆောင်မှုလုပ်ငန်းကို ဟိုတယ်/ခရီးမှ တရားဝင် ခွင့်ပြုထားခြင်းမရှိသေး
February 8, 2017 Asian Fame

11:54 am
Bed & Breakfast ဝန်ဆောင်မှုလုပ်ငန်းကို ဟိုတယ်/ခရီးမှ တရားဝင် ခွင့်ပြုထားခြင်းမရှိသေး

မေဇင်ဝင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၃

မြန်မာနိုင်ငံတွင် Bed & Breakfast ဝန်ဆောင်မှုလုပ်ငန်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုထားခြင်း မရှိသေးသော်လည်း သက်ဆိုင်ရာပြည်နယ်အစိုးရ အစီအစဉ်ဖြင့် လုပ်ဆောင်နေကြခြင်းမျိုးရှိကြောင်း သိရသည်။

ဝေးလံသီခေါင်သည့် ဒေသများ၊ လူထုအခြေပြုခရီးသွားလုပ် ငန်းလုပ်ဆောင်သည့် ဒေသများတွင် တည်းခိုနေထိုင်ရေး အခက်အခဲမရှိအောင် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် Bed & Breakfast ဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်နေကြခြင်းသာဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့သော် ရန်ကုန်တိုင်းဒေသကြီးတွင် Bed & Breakfast ဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်ခြင်းများ ရှိလာသည့်အတွက် အဆိုပါလုပ်ငန်းကို တရားဝင်ခွင့်ပြု မပြုကိုသိလိုကြောင်း ခရီးသွားလုပ်ငန်းရှင်အချို့က ပြောသည်။ ”ဒါတွေနဲ့ ပတ်သက်ပြီး ဥပဒေလည်း ထွက်သေးတာ မဟုတ်ပါဘူး။ ဝန်ကြီးဌာနက ခွင့်ပြုမှလုပ်လို့ရမှာပါ” ဟု ဟိုတယ်/ခရီး မှ တာဝန်ရှိသူက ပြောသည်။

ရန်ကုန်တိုင်းတွင် Bed & Breakfast ဝန်ဆောင်မှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာကြသည်ကိုတွေ့ရပြီး ထိုသို့လုပ်ဆောင်မှုနှင့် ပတ်သက်၍ ဟိုတယ်/ခရီး ဝန်ကြီးဌာနသို့လည်း တင်ပြခဲ့ကြောင်း ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ”ရန်ကုန်မှာ Bed & Breakfast တွေ အများကြီးပဲ။ ဒါတွေက ဝန်ကြီးဌာနနဲ့ ကျွန်တော်တို့အသင်းနဲ့ ပေါင်းလုပ်ရမှာ။ ဝန်ကြီးဌာန အနေနဲ့ ဘယ်လို ညှိနှိုင်းပေးမလဲ မသိသေးဘူး” ဟု ၎င်းကပြောသည်။

ရန်ကုန်ုတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း နှစ်ထပ်ခုတင်များဖြင့် အဆောင်ဆန်ဆန်ဖွင့်ထားသည့် တည်းခိုခန်း၊ ဟို တယ်မှန်သမျှကို စာရင်းကောက်ယူနေကြောင်း၊ တိုင်းအစိုးရက ရှောင်တခင်စစ်ဆေးရာတွင် ထိုသို့သော နေရာများ၌ နိုင်ငံခြားသား များ တည်းခိုနေထိုင်နေသည်ကို တွေ့ရသည့်အတွက် ထိုတည်းခို ခန်းများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်သွားမည် ဖြစ်ကြောင်းတိုင်းအစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်း သဉ္ဇာမျိုးက ပြောကြားထားသည်။ လက်ရှိတွင် Bed & Breakfast ဝန်ဆောင်မှုလုပ်ငန်းကို ကရင် ပြည်နယ်သံတောင်ကြီးနှင့် ကယားပြည်နယ်တို့တွင်သာ တိုင်းအစိုးရ အစီအစဉ်ဖြင့် လုပ်ကိုင်နေကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*