၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ် အထိ ဆီးရီးယားတွင် လူ ၁၃ဝဝဝ ထက်မနည်း သေဒဏ် ကျခံခဲ့ရဟု အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အသင်း ဆို

၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ် အထိ ဆီးရီးယားတွင် လူ ၁၃ဝဝဝ ထက်မနည်း သေဒဏ် ကျခံခဲ့ရဟု အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အသင်း ဆို
February 8, 2017 Asian Fame

2:39 pm
၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ် အထိ ဆီးရီးယားတွင် လူ ၁၃ဝဝဝ ထက်မနည်း သေဒဏ် ကျခံခဲ့ရဟု အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အသင်း ဆို
 ဆက်ဒ်နာယာ အကျဉ်းထောင် အား ဝေဟင် မှ တွေ့ရပုံ

ဆက်ဒ်နာယာ အကျဉ်းထောင် အား ဝေဟင် မှ တွေ့ရပုံ

(ဘေရွတ်၊ ဖေဖော်ဝါရီ ၇)

၂ဝ၁၁ ခုနှစ်က ဆီးရီးယားနိုင် ငံတွင် ဖြစ်ပွားခဲ့သော လူထု အုံကြွမှု မှစတင်၍ ၂ဝ၁၅ ခုနှစ်အထိ ဒမစကပ်စ်မြို့ မြောက်ပိုင်းရှိ ဆက်ဒ် နာယာ အကျဉ်းထောင်ဝယ် ကြိုး ပေး သတ်ဖြတ်ခဲ့သူ စုစုပေါင်း ၁၃ဝဝဝ ထက်မနည်း ရှိနေပြီဖြစ် ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ် ငြိမ်းချမ်းသာခွင့် အသင်းက ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာ ဝယ် ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာသည် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ သတ်ဖြတ်ခဲ့မှု များကို စစ်တမ်း  ကောက်ယူရေးသား ပြုစုထားခြင်း ဖြစ်ပြီး၊ သမ္မတ အာဆတ်၏ လက် ထောက်များ အပါအဝင် ဆီးရီးယား အကြီးတန်း အာဏာပိုင်တို့ အမိန့် အရ ဆက်ဒ်နာယာ အကျဉ်းထောင် ဝယ် နေ့စဉ် လူ ၂ဝမှ ၅ဝ အထိ  ကြိုးပေး သတ်ဖြတ်ခဲ့ကြောင်း ရေး သားဖော်ပြထားသည်။

အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အသင်းသည် ၁၉၈ဝ ခုနှစ်များ နောက်ပိုင်းမှစတင်၍ ဆီး ရီးယား နိုင်ငံ၏ လူကို ညှဉ်းပန်းနှိပ် စက်မှု ၃၅ မျိုးကို မှတ်တမ်း တင်ထား ခဲ့ပြီး၊ ၂ဝ၁၁ ခုနှစ်မှစတင်၍ နှိပ် စက် ညှဉ်းပန်းမှုများ ပိုမိုများပြား လာကြောင်း ဘေရွတ်ရှိ အပြည် ပြည် ဆိုင်ရာ လူ့အခွင့်အရေး ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး လင်း မာလော့ဖ်က ဆိုသည်။

အခြား လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့အစည်း များကလည်း နှိပ်စက် ညှဉ်းပန်းမှုများ၊ စောင့်ရှောက်မှု ကင်းမဲ့မှု များကြောင့် လူ ၁၇ဝဝဝ ထက် မနည်း သေဆုံးခဲ့ရပြီး၊ ၂ဝ၁၁ ခုနှစ်မှ စတင်၍ တစ်လလျှင် လူ ၃ဝဝ ထက်မနည်း သေဆုံးမှုနှုန်း ရှိ ကြောင်း ဆိုကြသည်။

PN002
ref: Amnesty: As Many as 13,000 Hanged in Syria Prison Since 2011

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*