မြန်မာနိုင်ငံပိုင်နက်မှ လေယာဉ်ဖြတ်ကျော်ပျံသန်းခ ယခုဘဏ္ဍာနှစ်တွင် ဒေါ်လာသန်း ၆ဝ နီးပါး ရရှိထား

မြန်မာနိုင်ငံပိုင်နက်မှ လေယာဉ်ဖြတ်ကျော်ပျံသန်းခ ယခုဘဏ္ဍာနှစ်တွင် ဒေါ်လာသန်း ၆ဝ နီးပါး ရရှိထား
February 8, 2017 Asian Fame

2:29 pm
မြန်မာနိုင်ငံပိုင်နက်မှ လေယာဉ်ဖြတ်ကျော်ပျံသန်းခ ယခုဘဏ္ဍာနှစ်တွင် ဒေါ်လာသန်း ၆ဝ နီးပါး ရရှိထား

စိုင်းလမင်း
နေပြည်တော်၊ ဖေဖော်ဝါရီ ၇
မြန်မာနိုင်ငံပေါ်တွင် နေ့စဉ်ပျံ သန်းနေသော လေယာဉ်များထံမှ လေယာဉ် ဖြတ်ကျော်ပျံသန်းခမှာ လက်ရှိဘဏ္ဍာနှစ်တွင်  အမေရိ ကန် ဒေါ်လာသန်း ၆ဝ နီးပါး ကောက်ခံ ရရှိကြောင်း ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြော သည်။
အဆိုပါငွေမှာ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်အထိ ကောက် ခံရရှိငွေဖြစ်ပြီး ယခင်ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၈၃ ဒသမ ၂၃၃ သန်းကျော် ကောက်ခံရရှိခဲ့ကြောင်း ၄င်းက ပြောသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည် သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်း အဝေးတွင် ပွင့်ဖြူမဲဆန္ဒနယ်မှ ဦး ထွန်းထွန်း၏ မေးခွန်းဖြစ်သောနိုင် ငံတကာ လေကြောင်းလိုင်းများမှ အပြည်ပြည်ဆိုင်ရာ လေယာဉ်များ သည်

မြန်မာနိုင်ငံဝေဟင် လေပိုင် နက်များတွင် နေ့စဉ်ဖြတ်သန်းမောင်း နှင်လျက်ရှိရာ ထိုသို့ဖြတ်သန်းသွား လာလျက်ရှိသော လေယာဉ်များ အား မည်သည့်ဝန်ကြီးဌာနမှ အခွန် မည်မျှ စည်းကြပ်ကောက်ခံခဲ့ပါသ နည်း၊ ကောက်ခံရရှိသော အခွန် ဘဏ္ဍာများအား

မည်သည့်နေရာ များတွင် သုံးစွဲသည်ကို သိလိုခြင်း နှင့် ပတ်သက်ပြီး ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်ပြီး ¤င်းက ထိုသို့ လေယာဉ်ဖြတ်ကျော် ပျံသန်းဝန် ဆောင်ခ ကောက်ခံရရှိငွေများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာနမှ နိုင်ငံတော်သို့အပတ်စဉ် ပေးသွင်းလျက်ရှိပြီး နိုင်ငံတော်မှ အစီအမံဖြင့်သာ စနစ်တကျ ခွဲဝေ သုံးစွဲလျက်ရှိကြောင်း

ပြောသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ ပေါ်မှ ဖြတ်သန်းသွားသော လေ ယာဉ်များအတွက် လေယာဉ်ဖြတ် ကျော် ပျံသန်းဝန်ဆောင်ခများကို ၁၉၃၄ လေကြောင်း ဥပဒေအား အခြေခံပြီး ကောက်ခံခြင်းဖြစ်ကာ ၁၉၄၈ခုနှစ် ကတည်းက

စတင် ကောက်ခံခဲ့ခြင်းဖြစ်သည်ဟု ဒုဝန် ကြီးက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံပေါ်မှ တစ်နေ့လျှင် လေယာဉ်ခေါက်ရေ ၆ဝဝခန့် ဖြတ်ကျော်ပျံသန်းလျက် ရှိကြောင်း အထက်ပါဝန်ကြီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*