ဘန်ကောက်ရှိ BRT ဘတ်စ်ကားများ ပြေးဆွဲမှု ဧပြီလကုန်တွင် ရပ်တော့မည်

ဘန်ကောက်ရှိ BRT ဘတ်စ်ကားများ ပြေးဆွဲမှု ဧပြီလကုန်တွင် ရပ်တော့မည်
February 8, 2017 Asian Fame

12:29 pm
ဘန်ကောက်ရှိ BRT ဘတ်စ်ကားများ ပြေးဆွဲမှု ဧပြီလကုန်တွင် ရပ်တော့မည်

BRT-to-stop-operations-at-end-April(ဘန်ကောက်၊ ဖေဖော်ဝါရီ ၇)

ဘန်ကောက်မြို့တွင် ပြေးဆွဲ လျက်ရှိသော BRT(Bus Rapid Transit)  ဘတ်စ်ကား များပြေးဆွဲမှု ကို ယခုလာမည့် ဧပြီလကုန်တွင် ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ဘန် ကောက် ဒုတိယမြို့တော်ဝန် ဒုတိယ ရဲချုပ်ကြီး အမ်နွိုင်နင်မာနိုက ပြော ကြားသည်။

ဘန်ကောက်မြို့ ခရီးသည် သယ်ယူ ပို့ဆောင်ရေး ကော်မတီ ဆွေးနွေးပွဲဝယ် BRT များအား ပိတ် သိမ်းရန် သဘော တူညီချက် ရရှိ ခဲ့ ခြင်းဖြစ်ကြောင်း  ဒုတိယမြို့တော် ဝန်က ပြောပါသည်။

အဆိုပါ BRT ဝန်ဆောင်မှု သည် ၇ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး၊ ပထမ ၆ နှစ်တာ ကာလတွင် နိုင်ငံ တော်မှ နှစ်စဉ် ဘတ်ငွေသန်း ၂ဝဝမျှ စိုက်ထုတ်ခဲ့ရပြီး ယခုအထိ ဆိုပါက စုစုပေါင်း နိုင်ငံတော် ဘဏ္ဍာကို ဘတ်ငွေ ၁ ဒသမ ၂ ဘီလျံမျှ ဝန် ထုပ်ဝန်ပိုးဖြစ်စေခဲ့သည်။

BRT ဝန်ဆောင်မှုသည် နေ့စဉ် ခရီးသည် နှစ်သောင်းခွဲမျှ ကို အဆင် ပြေ ချောမွေ့စွာ အလုပ်ဆင်း နိုင်စေ ခဲ့သည်။ သို့ရာတွင် ယခုကဲ့ သို့နိုင်ငံ ဘဏ္ဍာမှ အရှုံးပေါ်နေသောကြောင့် ပြေးဆွဲမှုကို ရပ်တန့်ရန် ဆုံးဖြတ် လိုက်ကြခြင်းဖြစ်ကြောင်း သိရသည်။

PN002
ref: BRT to stop operations at end-April

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*