ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီကြီးတွေ ဘာဆောင်ပုဒ်တွေနဲ့ မဲဆွယ်ကြမှာလဲ

ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီကြီးတွေ ဘာဆောင်ပုဒ်တွေနဲ့ မဲဆွယ်ကြမှာလဲ
February 8, 2017 Asian Fame

5:52 pm
ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီကြီးတွေ ဘာဆောင်ပုဒ်တွေနဲ့ မဲဆွယ်ကြမှာလဲ

2017 Election-2 copy

PN-051
ရန်ကုန်၊ ဖေဖော်ဝါရီ ၇

လစ်လပ်မဲဆန္ဒနယ် နယ်မြေ ၁၉ နေရာတွင် ကျင်းပမည့် ကြား ဖြတ် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ များက ရွေးကောက်ပွဲ အောင်နိုင် ရေးအတွက် ဆောင်ပုဒ်များနှင့် မဲ ဆွယ်စည်းရုံးမှုများ စတင်ပြုလုပ် နေကြပြီဖြစ်သည်။

2017 Election

လစ်လပ် မဲဆန္ဒနယ်မြေများ ဖြစ်သည့် ပြည်သူ့လွှတ်တော် ၉ နေရာအတွက် တစ်သီးပုဂ္ဂလလွှတ် တော်ကိုယ်စားလှယ်လောင်း ၆ ဦး အပါအဝင် နိုင်ငံရေးပါတီများမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၄၉ ဦး၊ အမျိုးသားလွှတ်တော် ၃ နေရာအတွက် တစ်သီးပုဂ္ဂလလွှတ်   တော်ကိုယ်စားလှယ်လောင်း ၁ ဦး အပါအဝင် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၅ ဦး၊ ပြည်နယ်လွှတ်တော် လစ် လပ် မဲဆန္ဒနယ် ၇ နေရာအတွက် နိုင်ငံရေးပါတီများမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

၂ဝ၁၅ မဲရှုံးပါတီများက ၂ဝ၂ဝ အထွေထွေ ရွေးကောက်ပွဲအတွက် ယခုပွဲကို အကြိုအားစမ်းပွဲ တစ်ခု ဟု ရှုမြင်ပြီး အင်တိုက်အားတိုက် လုပ်နေကြသည်။

ယင်းကြားဖြတ် ရွေးကောက် ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီက      ‘အမှန်တကယ် ပြောင်းလဲဖို့ ပြည် ခိုင်ဖြိုးကို မဲပေးစို့’ ဆောင်ပုဒ်နှင့် မဲဆွယ်နေပြီး၊ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း များက ‘ပြောင်းလဲမှုတွေ ဆက်လုပ် ဖို့ NLD  ကိုမဲပေးစို့၊ မြန်မာပြည် အနာဂတ်လှပဖို့ NLD  ကိုမဲပေးစို့’ အစရှိသည့် ဆောင်ပုဒ်များနှင့် မဲ ဆွယ်နေသည်ကို တွေ့နေရသည်။

ပြည်ခိုင်ဖြိုးပါတီက ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲကာလ က ပြည်သူတို့၏ ဘဝဖွံ့ဖြိုးတိုးတက် အောင် ဆက်လက်ကြိုးပမ်းဆောင် ရွက်မည်ဆိုသော ဆောင်ပုဒ်နှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

လာမည့် ၂ဝ၁၇ ကြားဖြတ် အတွက်မူ ¤င်းတို့က ပါတီမဲဆွယ် ဆောင်ပုဒ်ကို ပြောင်းလဲသွားသည်။

၂ဝ၁၅ အထွေထွေရွေးကောက် ပွဲကာလက  ပြောင်းလဲချိန်တန်ပြီ စာသားနှင့်မဲဆွယ်ခဲ့သော အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ကြား ဖြတ်အတွက် သီးသန့်ဆောင်ပုဒ် ချမပေးဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ကိုယ်စားပြုပြီး လှိုင်သာယာ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်နေရာကို ဝင်ပြိုင်မည့် ကိုယ်စား လှယ်လောင်း ဦးဝင်းမင်း က ”ပါတီက ချပေးတဲ့ ဆောင်ပုဒ် တော့ မဟုတ်ဘူးဗျ။ကိုယ်စားလှယ် လောင်းတွေ တိုင်ပင်ပြီး ဒီအတိုင်း ပေးဖြစ် ခဲ့ကြတာ” ဟု ပြောသည်။

မွန်ပြည်နယ် ချောင်းဆုံမဲဆန္ဒ နယ်မြေတွင် ဝင်ပြိုင်ကြမည့် မွန် အမျိုးသားပါတီက စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင် နိုင် ဖို့၊ ပြည်တွင်းစစ် ရပ်တန့်နိုင်ဖို့၊ တိုင်းရင်းသားများ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့ မွန်အမျိုးသား ပါတီကို မဲပေးစို့ခေါင်းစဉ်ဖြင့် ပြိုင် မည်ဟု ယင်းပါတီအကြီးအကဲက ပြောသည်။

”တစ်နေရာတည်း ဆိုပေမယ့် အားထည့်ပြိုင်မှာ”ဟု သူက ပြော သည်။

ထိုနေရာတွင်ဝင်ပြိုင်မည့်   မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကမူ ဆောင်ပုဒ်ပေးမထားဘဲ လူထု နှင့် တိုက်ရိုက်ထိတွေ့ကာ မဲဆွယ် မည်ဟု ဆိုသည်။

ချင်းပြည်နယ်အတွင်း လစ် လပ်မဲဆန္ဒနယ် တစ်နေရာတွင် နိုင်ငံရေးပါတီကြီးများနှင့်အတူ ဝင်ပြိုင်မည့် ချင်းအမျိုးသားဒီမိုက ရက်တစ် ပါတီက ‘မျှော်လင့်ချက် နှင့် နိုးထလော့’ ဆောင်ပုဒ်ကို ပေး ထားသလို၊ ကယားပြည်နယ်ထဲမှ လစ်လပ် မဲဆန္ဒနယ်တစ်နေရာ၌ ဝင်ပြိုင်မည့် လူမျိုးပေါင်းစုံ ဒီမို ကရေစီပါတီ (ကယားပြည်နယ်) ကလည်း ‘ကယားပြည်သူများနိုးထ လော့’ ဆောင်ပုဒ်နှင့် ဝင်ပြိုင်ရန် ပြင်ဆင်နေ ပြီဖြစ်သည်။

လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်)မှ ပါတီ ဥက္ကဋ္ဌ ဦးဖိုးရယ်က ”၂ဝ၁၅ ရွေး ကောက် ပွဲမှာ တစ်နေရာမှ မနိုင်တော့ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံ ကို ကယားပါတီအနေနဲ့ မတက်ရ ဘူး။ ဒါနစ်နာတယ်။ ဒါ့ကြောင့် ဒီ ဆောင်ပုဒ်ကို ပေးဖြစ်ခဲ့တာ” ဟု ရှင်းပြသည်။

တိုင်းရင်းသား အခြေပြုပါတီ များဖြစ်သည့် ‘ဝ’ လစ်ဘရယ် ဒီ မိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေး ပါတီမှ နှစ်ဦး၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ နှစ်ဦး၊ အာခါ အမျိုးသား ဖွံ့ဖြိုးတိုးတက် ရေးပါတီမှတစ်ဦး၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ တစ်ဦး၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ တစ်ဦး စသည်ဖြင့် ကြားဖြတ်ရွေး ကောက်ပွဲဝင်ကြမည်ဖြစ်ရာ ယင်း ပါတီများက တိုင်းရင်းသားများ အ ရေး၊ ဒေသအရေး စသည့်အ ကြောင်းအရာများနှင့် မဲဆွယ်မည် ဟု သိရသည်။

ပါတီဥက္ကဋ္ဌကိုယ်တိုင် ဝင်ပြိုင် မည့် ရခိုင်အမျိုးသားပါတီကမူ အမ်းပြည်သူ့လွှတ်တော်ကိုယ်စား လှယ်နေရာ အနိုင်ရရန် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရေး ဦးစားပေး အ ကြောင်းအရာနှင့် မဲဆွယ်နေပြီ ဖြစ်သည်။

ရှမ်းပြည်နယ်ထဲမှ လစ်လပ်မဲ ဆန္ဒနယ်မြေတို့တွင် ဝင်ပြိုင်ကြမည့် ရှမ်းအင်အားကြီးပါတီတစ်ခု ဖြစ် သည့် ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ် (SNLD) က ၂ဝ၁၇ ကြားဖြတ် မဲဆွယ်မှုဆောင် ပုဒ်ကို ၂ဝ၁၅ ရွေးကောက်ပွဲက ဆောင်ပုဒ်အတိုင်း မဲဆွယ်မည် ဟုဆိုသည်။ ယင်းပါတီ၏ ဗဟို အ လုပ်အမှုဆောင် ကော်မတီဝင် ဦးစိုင်းသီဟကျော်က ”တန်းတူအ ခွင့်အရေးရမှ ငြိမ်းချမ်းရေးရမယ်။

ငြိမ်းချမ်းရေးရမှ  ဒီမိုကရေစီရ မယ်” ဟု ပြောသည်။ ယင်းပါတီ သည် ၂ဝ၁၅ ရွေးကောက်ပွဲတွင် နေရာ၆ဝကျော်ဝင်ပြိုင်ခဲ့ရာ နေရာ ၄ဝ အနိုင်ရခဲ့သည့် ပါတီဖြစ်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုက ရက်တစ်ပါတီ (SNDP) က ထုတ် ထားသည့်ဆောင်ပုဒ်တို့ကို လက် ရှိအချိန်အထိ ကျယ်ကျယ်ပြန့်ပြန့် မတွေ့ရသေးပေ။

ကြားဖြတ် ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ဦးရေမှာ တစ်သီးပုဂ္ဂလ ၇ ဦးအပါအဝင် နိုင်ငံရေးပါတီ ၂၄ ပါတီမှ လွှတ် တော် ကိုယ်စားလှယ်လောင်း ၈၈ ဦး စုစုပေါင်း ၉၅ ဦးရှိကြောင်း သိ ရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*