သေနတ်ပစ် လုပ်ကြံမှုဖြစ်ပွားခဲ့သဖြင့် ရန်ကုန်လေဆိပ်နှင့် Public Area များတွင် လုံခြုံရေးတိုးမြှင့်

သေနတ်ပစ် လုပ်ကြံမှုဖြစ်ပွားခဲ့သဖြင့် ရန်ကုန်လေဆိပ်နှင့် Public Area များတွင် လုံခြုံရေးတိုးမြှင့်
February 8, 2017 Asian Fame

4:03 pm
သေနတ်ပစ် လုပ်ကြံမှုဖြစ်ပွားခဲ့သဖြင့် ရန်ကုန်လေဆိပ်နှင့် Public Area များတွင် လုံခြုံရေးတိုးမြှင့်

16508413_1329157020461593_2177427663635611841_n copy

စိုင်းလမင်း၊ ဖြိုးထက်အောင်
နေပြည်တော်၊ ဖေဖော်ဝါရီ ၇

ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး ရန်ကုန်လေဆိပ်ဝင်းအတွင်းသာမက အများပြည်သူသွားလာနိုင်သော ဧရိယာများ တွင် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိ ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောသည်။

”ကျွန်တော်တို့ အခု ပြည်ထဲရေးနဲ့ ပူး ပေါင်းပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေပါ တယ်။ နောက် လေဆိပ်က ပုဂ္ဂလိကကို ပေးထား လို့ လေဆိပ်အော်ပရေတာနဲ့ ပူး ပေါင်းပြီးတော့လည်း လေဆိပ်ထဲမှာလည်း လုံခြုံရေးတွေ တိုးမြှင့်ဆောင်ရွက်ပေးထား ပါတယ်” ဟု ၄င်းကပြောသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျင်းပ သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး၌ ၄င်းဖြေကြားမှု အပြီးပြန် အထွက်တွင် ဒုဝန်ကြီးက သတင်း မီဒီယာများကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဦးကိုနီလုပ်ကြံခံရမှုသည် လေဆိပ် ဝင်းထဲတွင်မဟုတ်ဘဲ အပြင်ဘက်တွင် လုပ်ကြံခံရခြင်းကြောင့် အများပြည်သူများ သွားလာနိုင်ေ သာ   (Public Area)  တွင်ပါ လုံခြုံရေး တိုးမြှင့်ချထားခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

”လေဆိပ်ပြင်ပ ကားဝင်ကားထွက်နိုင် တဲ့နေရာတွေအထိ လုံခြုံရေး တိုးမြှင့် ဆောင်ရွက်ထားပါတယ်၊ အများပြည်သူ ဝင်ထွက်သွား လာနိုင်တဲ့နေရာဆိုတော့ အခုဖြစ်တာက လေဆိပ်ထဲမှာတော့ မဟုတ် ဘူး။ ဒါကြောင့် လုံခြုံရေးကျိုးပေါက်တယ် လို့တော့ပြောလို့ မရဘူး”ဟု၎င်းကဆိုသည်။

ယခုအခါ အဆိုပါနေရာကို ၂၄ နာရီ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်ပြီး လက်နက်များ ထပ်မံတပ်ဆင်ပေး ထား သည့် အပြင် ဆက်သွယ်ရေးစက်များကို လည်း ထပ်မံဖြည့်တင်းပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး ဒုတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေကပြောသည်။

”ကားပါကင်ဧရိယာထဲမှာပါ ၂၄ နာရီ ရဲကင်းချထားလိုက်ပြီ။ လေဆိပ်မှာက လုံခြုံရေးရဲတပ်ဖွဲ့က အဆိုင်း ၃ ဆိုင်းရှိတယ်။ ၂ ဆိုင်း တာဝန်ကျတဲ့အချိန်မှာ တစ်ဆိုင်းကို အခု အခုကားပါကင်ဧရိယာနဲ့ မနီးမဝေးမှာ အဆောင်ဆောက်ပေးပြီးနေခိုင်းမယ်။ တစ်စုံ တစ်ခု အရေးအကြောင်းဆိုရင် အင်အား ဖြည့်လို့ရအောင်ပေါ့” ဟု၎င်းသူကဆိုသည်။

NLD  ပါတီ၏ ဗဟိုဥပဒေအထောက် အကူပြုအဖွဲ့ဝင်တရား လွှတ်တော်ရှေ့နေ ဦးကိုနီသည် ဇန်နဝါရီ ၂၉ ရက်တွင် အင်ဒို နီးရှားနိုင်ငံ မှ ပြန်လည်ရောက်ရှိလာစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သေနတ်သမားတစ်ဦး၏ အနီးကပ်ပစ်ခတ် လုပ်ကြံမှုကြောင့် သေ ဆုံးသွားခဲ့သည်။

ထို့နောက် သေနတ်သမားထွက်ပြေးစဉ် လေဆိပ်ရှိတက္ကစီယာဉ်မောင်းများက လိုက်လံဖမ်းဆီးရာ သေနတ်သမား၏ပစ် ခတ်မှုကြောင့် တက္ကစီယာဉ်မောင်း ကိုနေဝင်း လည်းသေဆုံးခဲ့ရသည်။ ထို့ကြောင့်လေဆိပ် လုံခြုံရေးနှင့်ပတ်သက်၍ လုံခြုံရေးတိုးမြှင့် သင့်ကြောင်းဝေ ဖန်မှုများလည်း ရှိခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*