မောင်တော ဘုန်းကြီး ကျောင်းဝင်း အတွင်းထဲမှ မူးယစ်ကိစ္စ အသေးစိတ် စုံစမ်းနေဆဲဟု ရဲတပ်ဖွဲ့ဆို

မောင်တော ဘုန်းကြီး ကျောင်းဝင်း အတွင်းထဲမှ မူးယစ်ကိစ္စ အသေးစိတ် စုံစမ်းနေဆဲဟု ရဲတပ်ဖွဲ့ဆို
February 8, 2017 Asian Fame

12:41 pm
မောင်တော ဘုန်းကြီး ကျောင်းဝင်း အတွင်းထဲမှ မူးယစ်ကိစ္စ အသေးစိတ် စုံစမ်းနေဆဲဟု ရဲတပ်ဖွဲ့ဆို

(ရန်ကုန်၊ ဖေဖော်ဝါရီ ၆ )

မောင်တောမြို့နယ် ရွှေဗဟို ဘုန်းတော်ကြီးကျောင်း အတွင်း WY  စိတ်ကြွ ဆေးပြားနှင့် လက် နက်များ ဖမ်းဆီး ရရှိမှုတွင် ဆက် စပ်တရားခံ များကို ဖော်ထုတ်နိုင် ရေးအတွက် မေယု စစ်ဆင်ရေး အဖွဲ့က လုပ်ဆောင်မည်ဟု ယင်း အဖွဲ့ထဲ ပါဝင်သူ အရာရှိတစ်ဦးက ဆိုသည်။

လက်ရှိတွင် ရွှေဗဟိုဘုန်းကြီး ကျောင်းမှ ဘုန်းကြီး တစ်ပါးနှင့် ကိုရင် နှစ်ပါးကို ဖမ်းဆီးရမိ  ထားပြီးဖြစ်ကာ ရွှေဗဟိုဘုန်းကြီး ကျောင်းသို့ မူးယစ်ဆေးများ လာရောက် ပို့ဆောင်သူအား ဖမ်းမိ ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

မူးယစ်ဆေးဝါး တားဆီးနှိမ် နင်းရေး ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့မှူး ရဲ မှူးချုပ် ကျော်ဝင်းက ”အသေးစိတ် စုံစမ်းစစ်ဆေးနေပါတယ်” ဟု ပြောသည်။

ရွှေဗဟိုဘုန်းတော်ကြီးကျောင်း အတွင်း ဖမ်းဆီးရမိမှုတွင် ဗုံးသီးနှင့် ကျည်မျိုးစုံလည်း ပါဝင်နေသည်။

ထိုသို့ သိမ်းဆီး ရမိခဲ့ခြင်းမှာ မောင်တောမြို့နယ် ဗောဓိကုန်းစစ် ဆေးရေး ဂိတ်၌ ရဲက သတင်းအရ ကားတစ်စီး အား စစ်ဆေးရင်း WY စိတ်ကြွဆေးပြားများကို ဖမ်းမိ ခဲ့မှု၏ နောက်ဆက်တွဲ ဖြစ်စဉ် ဖြစ်သည်။

ဒေသခံရဲက ဘုန်းကြီးကျောင်း ဝင်းထဲ  ဗုံးသီးနှင့် ကျည်ဆန်မျိုးစုံ ၁ဝဝ နီးပါးအား တွေ့ရှိခဲ့သည်ဟု ဆိုသည်။

”ဘုန်းကြီးတစ်ပါးနဲ့ ကိုရင် နှစ်ပါးကို ဖမ်းထားပါပြီ။ အလယ် သံကျော်နယ်မြေ ရဲစခန်းမှာ ဖမ်းထားပါတယ်” ဟု မောင်တော မြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်အေးလှိုင် ကပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးတင် ဆောင်လာသော ကားသည် မောင်တော မြို့နယ် အငူမော်ဘက် မှလာသော ကားဖြစ်ပြီး မောင်တော မြို့အဝင် ဗောဓိကုန်း စစ်ဆေးရေး ဂိတ်တွင် ဖမ်းမိခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ WY ဆေးပြားများအား ရွှေဗဟိုဘုန်းကြီး ကျောင်းတိုက်သို့ လာရောက်ပို့ ဆောင်သူ လင်းအောင်ရွှေ ဆိုသူ အား လည်း ဖမ်းဆီးနိုင်ရေး အတွက် စုံစမ်းဖော်ထုတ် လျက် ရှိကြောင်း သိရသည်။

ရွှေဗဟို ဘုန်းကြီးကျောင်းကို ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၈ ဒသမ ၄ သိန်းပြား၊ ၉၁ လက်ပစ်ဗုံး ၁ လုံး၊ ဖျူးစ် ၁ ခု၊ ၅ ဒသမ ၅၆ ကျည် ၅၅ တောင့်၊ ၇ ဒသမ ၆၂ ကျည် ၃၉ တောင့်တို့ ထပ်မံ သိမ်းဆည်း ရမိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း မူးယစ် ဆေးဝါးနှိမ်နင်း တိုက်ဖျက်ရေး အတွက် ရခိုင်ပြည်နယ်မှ ရဲတပ် ဖွဲ့ဝင်များ၊ နေပြည်တော်မှ ရဲတပ် ဖွဲ့ဝင်များဖြင့် မေယုအထူး စစ်ဆေး ရေးကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင် ဆောင်ရွက်နေကြောင်း သိရ သည်။

လင်းဟိန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*